Skip to main content
စုစုပေါင်းမေးခွန်း (13) ခု
(က)-နိုင်ငံ့ဝန်ထမ်းများအပေါ် မြန်မာနိုင်ငံကူးလက်မှတ် လွတ်လပ်စွာ လျှောက်ထားရယူခြင်းနှင့်ခရီးသွားလာခြင်းကန့်သတ်ခဲ့ခြင်းများအားယခုအချိန်တွင်တရားဝင်ခွင့်ရက်ခံစားပြီးနိုင်ငံရပ်ခြားသို့သွားလာလည်ပတ်ခွင့်ကို ခွင့်ပြုပေးရန်အစီအစဉ်ရှိ/မရှိနှင့် ပ်လျဉ်းသည်‌့မေးခွန်း

နိုင်ငံတော်၏ အာဏာကြီးသုံးရပ်ကို အစဉ်မပြတ်လည်ပတ်စေရန် တည်ဆောက်ကာကွယ်ကြ ရသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံတော်နှင့်နိုင်ငံ‌ဝန်ထမ်းဟူသည် တစ်သားတည်း ခွဲခြား မရဘဲ အေးအတူပူအမျှဖြစ်နေကြပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်နေ သော နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်အင်အားမြင့်မားခြင်းသည် နိုင်ငံတွင် ရေမြင့်ကြာတင့်ကဲ့သို့ ဝန်ထမ်းအား စိတ်ဓာတ်ခွန်အားနှင့် အကျင့်စာရိတ္တနိမ့်ပါးလျှင် နိုင်

(ခ)-၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၆) နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည်‌့ ဥပဒေအရ တာဝန်ပေးအပ်ထားသည်‌့ နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေး ပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သိလိုခြင်းနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

 

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၆) နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည်‌့ ဥပဒေအရ တာဝန်ပေးအပ်ထားသည်‌့ နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ပွင့်လင်းမြင်သာစွာ သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့ မေးခွန်း

(က)-ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသနှင်‌့ မငြိမ်းချမ်းသောဒေသများသို့ ဆေးပင်စင် ယူခါနီးဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအား စေလွှတ်ခြင်း မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင်‌့ မငြိမ်းချမ်းသောဒေသများသို့ ဝန်ထမ်းများစေလွှတ်သည့်အခါ ဆေးပင်စင်ယူခါနီးဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအား စေလွှတ်ခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဌာနပြစ်ချက်ဖြင့်ဝန်ထမ်းများ စေလွှတ်ခြင်းတို့မှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေခြင်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်

(က)-နိုင်ငံ့ဝန်ထမ်း ယန္တရားအတွင်း ကြိုးနီစနစ်လျှော့ချရေးနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံဆောင်ရွက် နေကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မိမိတို့နိုင်ငံတွင် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်တစ်ခုရှိပါကြောင်း၊ တစ်ပါတီစနစ်၊ ပါတီစုံစနစ်ဖြင့် နိုင်ငံကိုအုပ်ချုပ်သည့် သမ္မတများ၊ ဒုတိယသမ္မတများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ နိုင်ငံ့ခေါင်းဆောင်များက တိုင်းပြည်အတွက် အကောင်းဆုံးစဉ်းစားသုံးသပ်ပြီး ပေါ်လစီများ၊ မူဝါဒများ၊ လမ်းစဉ်များ ချမှတ်

တာဝန်မကျေ၊စာရိတ္တပျက်သည်ဟုအရေးယူ အပြစ်ပေးခံရသောဝန်ထမ်းများကိုဝေးလံခက် ခဲသောဒေသသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း ဟူသော ပြစ်ဒဏ်ကိုပယ်ဖျက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများအား အရေးယူအပြစ်ပေးရာ၌ (၁) ဝေးလံဒေသသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း၊ (၂) ရာထူးတစ်ဆင့်လျှော့ခြင်း၊ (၃) လစာငွေ ပြတ်တောက်ခြင်း၊ (၄) နှစ်တိုးရပ်ဆိုင်းခြင်း စသဖြင့် ယနေ့အထိ ကျင့်သုံးနေသည်မှာ ဌာနလုပ်ထုံးလုပ်နည်းသဖွယ်ဖြစ်လာပါသည်။ အချို့ဝန်ထမ်းများအနေဖြင့်လည်း ပြည်မမှ စိတ်စေတနာကောင်းဖြင့် ဝေးလံသော နယ်စပ်ဒေသများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများလည်း ရှိပါကြောင်း၊  အပြစ်ပေးခံရ၍ ပြောင်းရွှေ့လာရသူ ဝန်ထမ်းများအနေဖြင့် စိတ်ဆင်းရဲပြီး ဘဝပျက်သည်အထိ သောက်စားတတ် လာခြင်း၊ ဒေသနေပြည်သူများ မုန်းလာ၍ “အထက်သို့ တိုင်ကြားပြီး ပြန်ပြောင်းရမယ်” ဟူသော စိတ်အတ