Skip to main content

ဦးခွန်မောင်သောင်း (ပင်လောင်း) အထက်ပေါင်းလောင်းရေလှောင်တမံ တည်ဆောက်သည့်အခါ ကျေးရွာပေါင်း ၂၂ ရွာသည် ရေဝပ်ဧရိယာအောက်သို့ ရောက်သွားပြီှး ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင်လည်း မိမိအနေဖြင့် မေးမြန်း ခဲ့ပါကြောင်း၊ တာဝန်ရှိ ဝန်ကြီးဌာနအနေဖြင့်လည်း မူလအခြေအနေထက် ပို၍သာလွန် ကောင်းမွန်သော အစီအစဉ်ဖြင့် ဆောင်ရွက်ပေးပါမည်ဟု ကတိပေးခဲ့ပါကြောင်း၊

ပေါင်းလောင်းရေလှောင်တမံတည်ဆောက်ခြင်းသည် ကျေးရွာပေါင်း ၂၂ ရွာ ရေမြုပ်ခဲ့သည့်အတွက် စိုက်ပျိုးမြေများ၊ စေတီများ၊ဘုရားများ၊ ကျောင်းကန်များ၊စာသင်ကျောင်းများ၊ စာသင်ခန်းများ ပြောင်းရွှေ့ခဲ့ရ ပါကြောင်း၊တလှိုင်းမှ ရွာသစ်အခြေခံအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ကို အစိုးရ၊ အလှူရှင်၊ ကျေးရွာသမအသင်းပိုင်မြေများကို ရောင်းချ၍ မတည်ပြီး တည်ဆောက် ထားပါကြောင်း၊ ကျောင်း အတွက် ကျောင်းပိုင်ဧရိယာနှင့် ပုံစံ(၁၀၅)ကို ပုံစံတကျ တည်ရှိပြီး တိုးချဲ့ရန်အတွက်လည်း ရေကန်အသင့်ကြာအသင့်ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ တလှိုင်းမှ ရွာသစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား မည်သည့်အချိန်တွင် အထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ တလှိုင်းမှရွာသစ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ မိမိတို့တွင်ရှိသော စာရင်းအမည်မှန်မှာ တလိုင်းမရွာသစ် အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ)ဖြစ် ပါကြောင်း၊ တလိုင်းမရွာသစ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သည် လက်ရှိအားဖြင့် စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူ ၁၂၅ ဦးရှိပါကြောင်း၊ အဆိုပါ ကျောင်းသည် လက်ရှိအနေအထား၌ အထက်တန်းကျောင်း(ခွဲ)ဖြစ်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် အထက်တန်းအဆင့်ပညာရပ်များကို သင်ယူနိုင်သော အခြေအနေတွင် ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံ ပညာအထက်တန်းကျောင်းအဆင့်သို့ ဖွဲ့စည်းပုံ တိုးမြှင့်စံချိန်ရယူရန်အတွက် အထက်တန်းအဆင့်သင် ကျောင်းသူကျောင်းသား ၂၀၀ ဦးနှင့် အထက်ရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ တလိုင်းမရွာသစ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဆင့် Sanction တိုးမြှင့်ပေးနိုင်ရန်မှာ သတ်မှတ်မူဘောင်နှင့် ကိုက်ညီမှုရှိရန် လိုအပ်သော်လည်း သတ်မှတ်မူဘောင်များဖြေလျှော့၍ အဆင့်တိုးမြှင့်နိုင်သည့် အခြေအနေ ရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း