Skip to main content

ဦးတိုးသောင်( မိုးမိတ် မဲဆန္ဒနယ်)ဇွန်လ ၂၇ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီး မိုးမိတ်သို့လာရောက်ရှိစဉ် အုပ်ချုပ်ရေးမှူးများ၊ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-နမ့်ခမ်း ပြည်ထောင်စု လမ်းမကြီးကို ပထမဦးစားပေး ဖောက်လုပ် မည်ဟု ပြောကြားခဲ့ ပါကြောင်း၊ထို့ကြောင့် ၎င်းလမ်းနှင့် ပတ်သက်၍ မည်သည့်အချိန်၊မည်သည့်ခုနှစ်တွင် ဖောက်လုပ်ပေးနိုင်မည်ကိုသိလို၍ မေးမြန်းခြင်း ဖြစ်ပါကြောင်း၊တိုင်းပြည်တစ်ပြည်၏ မြို့နယ်၊ ကျေးရွာတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ကျ ပါ ကြောင်း၊လမ်းပန်းဆက်သွယ်ရေးကောင်းမှ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးပြောသွားသည့် ဖောက်လုပ်မည့် မိုးမိတ်လမ်းသည် မိုးမိတ်ပြည်သူများနှင့် မန်တုံ ပြည်သူများ၏ ဘဝကို တိုးတက်ပြောင်းလဲစေ မည် ဖြစ်ပါကြောင်း၊ မိုးမိတ်မြို့နှင့် မန်တုံမြို့သည်  ၅၈ မိုင် ဝေးသည့်အတွက် ဖောက်လုပ်သင့်သည့် အနေအထားဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ဖောက်လုပ်ခြင်း အားဖြင့် နောင်ချို-ဂုတ်တွင်းတွင် ယာဉ်ကြောများ ပိတ်ဆို့နေသည် ကို  ဖြေရှင်းရာရောက်ပါကြောင်း ၊မန်တုံမြို့ရှိ ပလောင် တိုင်းရင်းသူတိုင်းရင်းသားများသည် လက်ဖက်လုပ်ငန်းနှင့် အသက်မွေးကြပါ ကြောင်း၊ ထို့အတူ မိုးမိတ် ပြည်သူများသည်လည်း တောင်သူလုပ်ငန်းနှင့်အသက်မွေးသည့် မြို့/ရွာများ ဖြစ်ပါကြောင်း၊ မိုးမိတ်မြို့မှ ထွက်ရှိသည့် မိုးမိတ်ဆန်၊ ပဲပုတ်တို့ကို မန္တလေး ပွဲရုံကိုတစ်ဆင့်မပို့ဘဲ နမ့်ခမ်း သ့ို တိုက်ရိုက်ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မန်တုံပြည်သူများနှင့် မိုးမိတ်ပြည်သူများ၏ဘဝ တိုးတက်မြင့်မားစေရန်အတွက် မည်သည့်ခုနှစ်တွင်အမြန်ဆုံး ဖောက်လုပ် ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-မုံးဝီး-နမ့်ခမ်းလမ်းမကြီးတွင် မန္တလေး-တွင်းငယ်လမ်းပိုင်း၊ တွင်းငယ် - မိုးမိတ်လမ်းပိုင်း၊ မန်တုံ-မိုးမိတ်လမ်းပိုင်း၊ မန်တုံ-မုံးဝီးလမ်း ပိုင်းနှင့် နမ့်ခမ်း-မုံးဝီးလမ်းပိုင်းတို့ပါဝင်ပြီး စုစုပေါင်း ၂၈၈ မိုင် ၁ ဖာလုံရှည်ပါကြောင်း၊ မန္တလေး-တွင်းငယ်လမ်းပိုင်းဟာ မန္တလေး-တကောင်း-ဗန်းမော်လမ်းမကြီးမှာပါဝင်ပြီး ၉၉ မိုင်    ၃ ဖာလုံရှည်ပြီး ၁၈ ပေအကျယ် ကတ္တရာလမ်း အဆင့်ဖြစ်ပါကြောင်း၊တွင်းငယ်-မိုးမိတ်အပိုင်းသည် မန္တလေး-တကောင်း-ဗန်းမော်လမ်းမကြီး၏ မိုင်တိုင်(၁၉/ဝ) မှစတင် ခွဲထွက်ပြီး လမ်းအရှည် ၄၆ မိုင်အနက် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၁၁ မိုင် ၆ ဖာလုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ၃၄ မိုင် ၂ ဖာလုံ ရှည်ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ၃၁-၃-၂၀၁၆ ရက်နေ့အထိ ကတ္တရာလမ်း ၁၈ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၂၇ မိုင် ၃ ဖာလုံဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရရှိရန်ပုံငွေ ကျပ် ၁၇၃၂. ၁၁၇ သန်းနှင့် ကတ္တရာလမ်းသစ်ခင်းခြင်း ၁၁ မိုင်၊ ပေ ၅၀ အောက်တံတား တည်ဆောက်ခြင်း ရှစ်စင်း၊ တံတားအဝင်အထွက်သုံးစင်းအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကုန်တွင် ကတ္တရာလမ်းအဆင့် ၂၉ မိုင် ၅ ဖာလုံ ရောက်ရှိမည် ဖြစ်ပါကြောင်း၊ သစ်သားတံတား စုစုပေါင်း ၁၈၃ စင်းရှိသည့်အနက် ၁၃၂ စင်းကို အမြဲတမ်း ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးသွားမည် ဖြစ်ပါကြောင်း၊

 ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းသစ်ခင်းခြင်း ၁၀ မိုင်၊ ပေ ၅၀ အရှည် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း သုံးစင်း၊ ပေ ၄၀ အကျယ် လမ်းတာပေါင်တင်ခြင်း ၂ ဖာလုံ၊ ချဉ်းကပ်လမ်းတည်ဆောက်ခြင်း ပေ ၁၀၀ စသည့် လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စု /ပြည်နယ် ရန်ပုံငွေကျပ် ၁၅၈၀ သန်း တင်ပြတောင်းခံထားရှိပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး့ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တွင်းငယ်မြို့မှနေပြီး မိုးမိတ်မြို့အထိ ခင်းရန်ကျန်ရှိသည့် ကျောက်လမ်း ၆ မိုင် ၃ ဖာလုံအား ကတ္တရာလမ်း အဆင့်ရောက်ရှိ နိုင်ရေး စီမံချက်ရေးဆွဲလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိုးမိတ်-မန်တုံလမ်းသည် မိုင်(ဝ/၀)မှ(၅၈/ဝ)အထိ ရှည်လျားပြီး မိုးမိတ်ခရိုင်နှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ ဆက်သွယ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး၃၁-၃-၂၀၁၆ ရက်နေ့တွင် ကတ္တရာလမ်း ၃ မိုင်၊ အမာခံ လမ်း ၂၄ မိုင် ၄ ဖာလုံ၊ မြေလမ်း ၃၀ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း၊  ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရရှိသည့်ရန်ပုံငွေကျပ် ၁၅၄ သန်းနှင့် ကတ္တရာ လမ်း ခင်းခြင်း ၆ ဖာလုံ၊ ရေပြွန်တည်ဆောက်ခြင်း ငါးစင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကုန်တွင် ကတ္တရာလမ်း ၃ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၂၃ မိုင် ၆ ဖာလုံနှင့် မြေလမ်း ၃၀ မိုင် ၄ ဖာလုံရောက်ရှိသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၁၂ ပေ အကျယ် ကတ္တရာလမ်းခင်းခြင်း ၄ ဖာလုံအား မန်တုံမြို့ အဝင်အပိုင်းတွင် ဆောင်ရွက်ရန် ပြည်နယ် ရန်ပုံငွေကျပ် ၈၅ သန်းလျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

မန်တုံ-မုံးဝီးလမ်းပိုင်းသည် မိုင်(ဝ/၀)မှ(၅၆/၆)အထိ ၅၆ မိုင် ၆ ဖာလုံ ရှည်လျားပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နမ့်ခမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ၃၁-၃-၂၀၁၆ ရက်နေ့တွင် ကတ္တရာလမ်း ၄ ဖာလုံ၊ မြေလမ်း ၅၆ မိုင် ၂ ဖာလုံ ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၁၂၆.၅ သန်းနှင့် ပေ ၃၀ အကျယ် မြေသားလမ်းချဲ့ခြင်း ၄ မိုင်၊ သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်း သုံးစင်းစသည့် လုပ်ငန်းမျာားကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းသစ်ခင်းခြင်း၂ မိုင်၊ မန်တုံမြို့တွင်းလမ်းအပိုင်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၄ ဖာလုံ၊ အမာခံလမ်းခင်းခြင်း ၂ မိုင် စသည့်လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်ရန်ပုံငွေကျပ် ၅၆၈ သန်းလျာ ထားတင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီးလုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း၊

မုံးဝီး-နမ့်ခမ်းလမ်းပိုင်းသည် နမ့်ခမ်း-မုံးဝီး-ပြင်လုံလမ်းပိုင်းတွင် ပါဝင်ပြီး ၂၈ မိုင် ရှည်လျားပါကြောင်း၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ၃၁-၃-၂၀၁၆ ရက်နေ့တွင် ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၁၄ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၂ မိုင် မြေလမ်း ၉ မိုင် ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၃၄၅.၉၈၅ သန်းနှင့် ကတ္တရာ လမ်းသစ်ခင်းခြင်း ၆ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် လမ်းတာပေါင်မြှင့်ခြင်း ၅ ဖာလုံ၊ လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာလမ်းရေပိတ်လွှာလောင်းခြင်း ၂ ဖာလုံ၊ ကျောက်လမ်းခင်းခြင်း ၁ ဖာလုံ၊ ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း ခြောက်စင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အကုန်တွင် ကတ္တရာလမ်းအဆင့် ၃ မိုင် ၂ ဖာလုံ၊ ကျောက်လမ်းအဆင့် ၁၃ မိုင် ၆ ဖာလုံ၊ အမာခံလမ်းအဆင့် ၂ မိုင်နှင့် မြေလမ်း ၉ မိုင်သို့ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းခြင်း ၃ မိုင် ၆ ဖာလုံ၊ ကျောက်လမ်းခင်းခြင်း ၂ မိုင်၊ကွန်ကရစ် ရေပြွန်တည်ဆောက်ခြင်း ခုနစ်စင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်ရန်ပုံငွေကျပ် ၈၄၁.၃၄သန်း လျာထား တင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိတဲ့အပေါ်မူတည်ပြီး လုပ်ငန်းများ ဆောင် ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊

မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-မုံးဝီး-နမ့်ခမ်းလမ်းတွင် ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံ ငွေ နှင့် လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မန္တလေး-တွင်းငယ်-မိုးမိတ် အပိုင်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကုန်တွင် ကတ္တရာလမ်းအဆင့် ၁၀၀ ရာခိုင်နှုန်းရှိ သွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိနေ သည့် မိုးမိတ်-မန်တုံ-မုံးဝီး-နမ့်ခမ်းလမ်းပိုင်းကို လက်ရှိအခြေအနေအရ မြို့များအနီးတဝိုက်တွင် လုံခြုံ ရေးကောင်းမွန်ပြီး ကျန်လမ်းပိုင်းများတွင် လုံခြုံရေးအခြေအနေအရ လမ်းပိုင်းတစ်လျှောက်လုံး လုပ်ငန်းဆောင်ရွက်ရန် မလွယ်ကူသည့်လမ်းအခြေအနေ ဖြစ်နေသည့်အတွက် နယ်မြေလုံခြုံရေး အခြေအနေအပေါ်မူတည်ပြီး ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်