Skip to main content

 

()-၁၉၇၀ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမ အသင်းများ ပိုင်ဆိုင်သည့်မြေနှင့် အခြားပိုင်ဆိုင်မှုများကို ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမအသင်းတချို့က စီမံခန့်ခွဲကာ အကျိုးအမြတ် ခံစားနေမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြန်လည်စစ်ဆေးပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများကို မူလပိုင်ဆိုင်သူများအတွက် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

သမဝါယမ အသင်းများ၏ပိုင်ဆိုင်မှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ပြန်လည်စစ်ဆေးစေပြီး မူလပိုင်ဆိုင်သူများအတွက် အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်စေရန်ဆိုသည့် အပိုင်း နှစ်ပိုင်းတွေ့ရမည်ဖြစ်ပါကြောင်း၊ ပထမတစ်ခုမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို စာရင်းပြန်လည် စစ်ဆေးစေလိုခြင်းဖြစ်ပြီး နောက်တစ်ခုမှာ မူလပိုင်ဆိုင်သည့်သူများအတွက် အကျိုးပြုလုပ်ငန်းကို တစ်ဆက်တစ်စပ်တည်း ဆက်လုပ်ရန်အသုံးပြုနိုင်ခြင်း ရှိ/မရှိဖြစ်ပါကြောင်း၊ သမဝါယမအကြောင်း ပြောမည်ဆိုလျှင် ပထမဦးစွာ သမဝါယမဦးစီးဌာန၏ ဖွဲ့စည်းပုံကိုပြောရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ နေပြည်တော်ကောင်စီတို့တွင် ၁၅ ရုံးရှိကြောင်း၊ မြို့နယ် သမဝါယမဦးစီးဌာနတွင် ၃၀၆ ရုံးရှိပါကြောင်း၊ ကျန်သည်မှာ သမဝါယမတက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ ဖြစ်ပါကြောင်း၊ သမဝါယမဦးစီးဌာနမှ လိုအပ်သည့်အမိန့်၊ ညွှန်ကြားချက်များကို သမဝါယမအသင်းအတွက် ထုတ်ပြန်မည့်တာဝန်ရှိပါကြောင်း၊ သမဝါယမ အသင်း အဆင့်ဆင့်၏ ဖွဲ့စည်းပုံတွင် ဗဟိုသမဝါယမအသင်း၊ အသင်းစုချုပ်၊ အသင်းစုအခြေခံ အသင်းဆို၍ ဖြစ်ပါကြောင်း၊ သမဝါယမအသင်း၏ အခြေခံမူမှာ အသင်းသည်အသင်း၏ စီးပွားရေး နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည့် အဖွဲ့အစည်းသာ ဖြစ်စေရန်ဆိုသည့် အချက် တစ်ချက် ပါပါကြောင်း၊ ဆိုလိုသည်မှာ သမဝါယမအသင်းများသည် မိမိအသင်း၏ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ရန်အတွက် ဖွဲ့စည်းထားသည့်အသင်းသာ ဖြစ်ပါကြောင်း၊ ၁၉၉၈ ခုနှစ်မတိုင်မီ ကဆိုလျှင် မိသားစုတိုင်းသည် သမဝါယမအသင်းသားများ ဖြစ်ခဲ့ကြပါကြောင်း၊ သမဝါယမအသင်း ၏ ပိုင်ဆိုင်မှုများကို ၎င်းအသင်းသားများကသာ အချိုးကျပိုင်ဆိုင်ကြခြင်းဖြစ်ပါကြောင်း၊ ၎င်းသည် ၁၉၈၈ ခုနှစ်မတိုင်မီ သမဝါယမ ဥပဒေအရဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်အလွန် သမဝါယမများပြန်ဖွဲ့ သည့်အခါတွင် မိမိဆန္ဒအလျောက်သာ အသင်းသားများ ပြန်ဖွဲ့ကြပါကြောင်း၊ သို့သော် ၁၉၈၈ ခုနှစ် မတိုင်မီက အသင်း၏ပိုင်ဆိုင်မှုများသည် ၁၉၈၈ ခုနှစ်အလွန် အသင်းသားကသာ ဥပဒေအရ စီမံခန့်ခွဲမှုကို ရရှိသွားကြခြင်းဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ ၁၉၈၈ ခုနှစ်တုန်းက သမဝါယမ အသင်းသားများသည် နောက်ထပ်မပါဝင်လျှင် ၎င်း၏ပိုင်ဆိုင်မှုများသည် လျစ်လျူရှုခံထားရခြင်း ဖြစ်သည်ကိုဆိုလိုခြင်းဖြစ်ပါကြောင်း၊ ယခုလို မိမိတို့က ပြည်သူလူထုကြားထဲတွင် မရှင်းလင်း၍ မေးလျှင် လွှတ်တော်တွင်အမြဲတမ်းဖြေသည်မှာ အရပ်ရပ်ဆိုင်ရာအဖွဲ့အစည်း၏ ဆုံးဖြတ်နိုင်ခွင့် သည် အပြီးသတ်ဖြစ်သည်ဟု အမြဲတမ်းဖြေကြားလေ့ရှိပါကြောင်း၊ ထို့အပြင် ပိုဆိုးသည်မှာ လိုအပ်လျှင် အသင်းပိုင်ပစ္စည်းများကို ထုခွဲရောင်းချနိုင်သည်ဟုဖော်ပြထားပါကြောင်း၊ ထို့ကြောင့် မိမိတို့က အသင်းပိုင်ပစ္စည်းများကို အမွေရသကဲ့သို့ စီမံခန့်ခွဲကြောင်း၊ ထုခွဲရောင်းချခြင်းများ ဖြစ်နေ ပါကြောင်း၊ ထို့ကြောင့် သမဝါယမစာရင်းများကို မိမိတို့ ပြန်လည်လေ့လာကြည့်လိုက်သည့်အခါတွင် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ်တွင် အကြောင်းကြားစာအရ စာရင်းစစ်ချုပ်ရုံးမှ နေပြီး ၆--၂၀၁၂ ရက်နေ့တွင် တိုင်းဒေသကြီးများတွင်ရှိသည့် စာရင်းစစ်ချုပ်ရုံးများကို သမဝါယမအသင်းများသည် စာရင်းစစ်ချုပ်ရုံး၏ အစစ်ဆေးခံအဖွဲ့အစည်းမှနေပြီး လုံးဝပယ်ဖျက်လိုက်ကြောင်းကို အကြောင်း ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့က စာရင်းများကိုပြန်လည်စစ်ဆေးရန် လိုအပ်သည်ဆိုသည်မှာ ထင်ရှားပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပြင်ဆင်ပြီးသည့် အခါတွင် ပုဒ်မ ၁၁ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်များမှာ နိုင်ငံတော်ပိုင်ပစ္စည်း၊သမဝါယမပိုင်ပစ္စည်းနှင့် အများပိုင်ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှုရှိ/မရှိ စစ်ဆေးခြင်းဆိုသည်မှာ ပြည်ထောင်စုစာရင်း စစ်ချုပ်၏တာဝန်တွင်ပါပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း တာဝန်ကျေ စေရန်၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို ဖော်ဆောင်ပေး နိုင်ရန်အတွက် ၁၉၇၀ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမအသင်းများ ပိုင်ဆိုင်သည့်မြေနှင့် အခြားပိုင်ဆိုင်မှုများကို ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမ အသင်းတချို့က စီမံခန့်ခွဲကာ အကျိုးအမြတ် ခံစားနေမှုများ ကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြန်လည်စစ်ဆေးပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများကို မူလပိုင်ဆိုင်သူများအတွက် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးလှကျော်

မွန်ပြည်နယ်၊ ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး()ဦးအတွတ် ၏ သမဝါယမကဏ္ဍနှင့်ဆိုင်သည့် မေးခွန်းတွင် အပိုင်းသုံးပိုင်း တွေ့ရပါကြောင်း၊ ၁၉၇၀ ပြည့်နှစ် သမဝါယဥပဒေအရပိုင်ဆိုင်ခဲ့သည့် မြေနှင့်အခြားပိုင်ဆိုင်မှုကိစ္စ၊ ၁၉၉၂ ဥပဒေအရ ယင်းအသင်း များက စီမံခန့်ခွဲမှုအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ပြန်လည် စစ်ဆေးစေချင်သည့် ၁၉၇၀ ပြည့်နှစ် အသင်းသားများပိုင်ဆိုင်မှုကို မူလပိုင်ဆိုင်သူများအတွက် ပြန်လည် အသုံးပြုနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆက်နွှယ်ပြီး ထပ်မံပေးပို့ထားသည့် ကျိုးကြောင်းကိစ္စရပ်များ ပါဝင်သည့်မေးခွန်း ဖြစ်ပါကြောင်း၊ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ခေတ်ကာလ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဆိုရှယ်လစ်စီးပွားရေးစနစ်အရ တိုင်းပြည်၏ Economic Structure မှာ ပြည်သူပိုင်၊ သမဝါယမပိုင် နှင့် ပုဂ္ဂလိကပိုင်ဆို၍ ပိုင်ဆိုင်မှု အခန်းကဏ္ဍသုံးရပ်ရှိခဲ့သည့် အလျောက် သမဝါယမကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ ဒုတိယမဏ္ဍိုင် ဆို၍ အောက်ခြေရပ်ရွာမှ အဆင့်ဆင့် ဗဟိုသမဝါယမအသင်းအထိ သမဝါယမအသင်းများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းနှင့်စပ်လျဉ်း၍ ၁၉၇၀ ပြည့်နှစ်တွင် သမဝါယမဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့တာဖြစ်ပါကြောင်း၊ ပြည်သူများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်း နိုင်ရန် ရပ်ကွက်၊ ကျေးရွာအဆင့်အထိ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အခြေ အနေဖြစ်ပါကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်မှပြောင်းလဲကျင့်သုံးလာသည့် ဈေးကွက်စီးပွားရေး စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ၁၉၇၀ ပြည့်နှစ်၊ သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေကို ပယ်ဖျက်ပြီး ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေကို ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အသစ်ပြဋ္ဌာန်းခဲ့သည့် ၁၉၉၂ ခုနှစ်၊ သမဝါယမ အသင်း ဥပဒေပုဒ်မ ၃၇ ပုဒ်မခွဲ(က)တွင် ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသမဝါယမ အသင်းဥပဒေအရ တည်ထောင်ခဲ့သည့် အသင်းများကို ၎င်းဥပဒေအရ မှတ်ပုံတင်ထား သောအသင်းများ ဖြစ်သကဲ့သို့မှတ်ယူရမည်ဖြစ်ကြောင်းနှင့် ပုဒ်မခွဲ()တွင် သတ်မှတ်ထားသည့် ကာလအတွင်း ဤဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်သည့် အတွက် ၁၉၇၀ ပြည့်နှစ်၊ သမဝါယအသင်းဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင် ထားသည့်အသင်းများကို ၁၉၉၂ ခုနှစ်၊ သမဝါယအသင်းဥပဒေနှင့်အညီ ပြုပြင်ဖွဲ့စည်းနိုင်ရန်အတွက် သမဝါယမအသင်းများကို အသင်းစည်းကမ်းအသစ်များနှင့်ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်းစဉ်ကို ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၁ ရက်နေ့ရက်စွဲနှင့် ညွှန်ကြားလွှာထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းညွှန်ကြားလွှာနှင့်အတူ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေပါ သမဝါယမအခြေခံမူများနှင့်အညီ မိမိဆန္ဒအလျောက် ပါဝင်လို သူများ နှင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊

ပြန်လည်ဖွဲ့စည်းသည့်အသင်းများ၏ပေးရန်တာဝန်များနှင့် ရရန်ပိုင်ခွင့်များကို ရှင်းလင်းပြီးဖြစ်ပေါ် လာသည့် အသားတင်ပိုလျှံငွေနှင့် ရင်းနှီးပစ္စည်းများကို သမဝါယမဖွံ့ဖြိုးရေး အရင်း မပျောက် မတည်ငွေ(Cooperative Development Revolving Fund)အဖြစ် စနစ်တကျ စာရင်းပြုစု ပြီးပြန်လည်ဖွဲ့စည်းသည့်အသင်းများကို လွှဲပြောင်းပေးခဲ့ပါကြောင်း၊ သမဝါယမအသင်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုစေခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမဝါယမအသင်း များဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုစေခဲ့သည့်ငွေနှင့်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်များ၊ အသင်းစုများနှင့် အခြေခံသမဝါယမအသင်းများကို အသင်းပိုင်အဖြစ် စာရင်းရေးသွင်းဆောင်ရွက်ရန် ၁၉--၂၀၁၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာ မှကြော်ငြာပြီး လွှဲပြောင်းပေးခဲ့ပါကြောင်း၊ လွှဲပြောင်းပေးခဲ့သည့်ငွေ၊ ပစ္စည်းတန်ဖိုး အနေဖြင့် ဗဟိုသမဝါယမ အသင်းထိန်းသိမ်းမှုကမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်း စုချုပ်များကို လွှဲပြောင်းပေးငွေသည် ကျပ် ၁၈.၆၈၄ ဘီလီယံဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ သမဝါယမအသင်းအဆင့်ဆင့် ၏လက်ဝယ်တွင် အသုံးပြုနေသည့်ငွေ၊ ကုန်ပစ္စည်း၊ ရင်းနှီးပစ္စည်း တန်ဖိုးငွေသည် ကျပ် ၃.၄၂၁ ဘီလီယံ ဖြစ်ပါကြောင်း၊ စုစုပေါင်းတန်ဖိုး ကျပ် ၅.၂၉ ဘီလီယံဖြစ်ကြောင်း တင်ပြအပ်ပါကြောင်း၊ ကျိုးကြောင်းဖော်ပြချက်နှင့် မေးမြန်းထား သည့်အချက်များထဲတွင် ၁၉၇၀ ပြည့်နှစ်၊ သမဝါယမအသင်းဥပဒေအရ သမဝါယမ အသင်းများ၏ ပိုင်ဆိုင်မှုများကို ယခု ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းထားသည့် အသင်းသားများ၏သဘောဆန္ဒအရ စီမံခန့်ခွဲခြင်း၊ အကျိုးအမြတ်ခွဲဝေရယူခံစားနေခြင်း အပေါ် ပြည်သူများမှ တရားမျှတမှု မရှိခံစားနေရခြင်းဆိုသည့် အချက်နှင့်စပ်လျဉ်းပြီး ဆက်လက် ရှင်းလင်းတင်ပြအပ်ပါကြောင်း၊

အထက်တွင်ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ၁၉၇၀ ပြည့်နှစ်၊ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သည့် အသင်းများကို ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေပုဒ်မ ၃ ပါ အခြေခံမူများနှင့် ၁၉၉၃ ခုနှစ်တွင် ညွှန်ကြားလွှာထုတ်ပြန်ပြီး ပြန်လည်ဖွဲ့စည်းရာတွင် ပြန်လည်ဖွဲ့စည်းသည့် အသင်း ၏ စည်းကမ်းဥပဒေအရ သတ်မှတ်ထားသည့် အစုငွေပြည့်အောင်ထည့်ဝင်ပြီး အသင်းသား အဖြစ် ဆက်လက်ပါဝင်လာသည့် အသင်းသားများရှိသကဲ့သို့ အသင်းသား အဖြစ်မပါဝင်လိုသည့် အသင်းသားများကိုလည်း အသင်းဟောင်းတွင် ၎င်းတို့ထည့်ထားသည့်အစုငွေ၊ အသင်းသား များရပိုင်ခွင့်ဖြစ်စေသည့် အစုငွေ၊ အမြတ်ငွေများကို ပြန်လည်ထုတ်ပေးစေခဲ့ပါကြောင်း၊ ထိုကြောင့် ပြန်လည်ဖွဲ့စည်းသည့် အသင်းတွင် ၎င်းတို့ဆန္ဒအရ အသင်းသား အဖြစ်ပါဝင်လာမှု မရှိတော့ သည့်အတွက် အကျိုးခံစားခွင့် မရရှိတော့ခြင်းဖြစ်ကြောင်း တွေ့ရပါကြောင်း၊

အသင်းများတွင် ပြန်လည်ဖွဲ့စည်းစဉ်ကမပါဝင်ဘဲ ကျန်နေသည့်အသင်းသား၊ အသင်းဝင်များ ကျယ်ပြန့်စွာပါဝင်နိုင်ရန်အတွက် ယခင်သမဝါယမဝန်ကြီးဌာန၏ ၁၇-၁၁-၂၀၀၈ ရက်စွဲပါ ညွှန်ကြားလွှာ(/၂၀၀၈)နှင့် ၁၀--၂၀၀၉ ရက်စွဲပါ ညွှန်ကြားလွှာ(/၂၀၀၉)တို့ကို ထုတ်ပြန်ခဲ့ပါ ကြောင်း၊ ၎င်းညွှန်ကြားလွှာများအရ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်၊ မြို့နယ်အဆင့်မှာ မြို့နယ်သမဝါယမအသင်းစု၊ ရပ်ကွက်/ ကျေးရွာ အဆင့်တွင် အခြေခံသမဝါယမအသင်းတို့ကို ပြန်လည်ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ၁၉၇၀ ပြည့်နှစ် သမဝါယမအသင်းဟောင်းများ၏ တင်ပြတောင်းဆိုချက်များကို ကိုယ်စားလှယ်များမှမေးမြန်းချက်များအပေါ် ၂၀၁၂ ခုနှစ်၊ သမဝါယမ အသင်းနည်းဥပဒေ ၇၀ နည်းဥပဒေခွဲ(က)အရ စီမံခန့်ခွဲခြင်းဖြစ်သည်ဟု ဖြေဆိုနေခြင်း နှင့် စပ်လျဉ်းပြီး မေးမြန်းချက် အပေါ်တွင် ရှင်းလင်းတင်ပြပါမည်ဖြစ်ကြောင်း၊

၁၉၇၀ ပြည့်နှစ်၊ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သည့်အသင်းများကို ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေနှင့် ပြန်လည်ဖွဲ့စည်းမှတ်ပုံတင်ခဲ့ပြီးဖြစ်သည့်အတွက် အသင်းများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိမည် ဖြစ်ပါကြောင်း၊ နည်းဥပဒေ ၇၀ နည်းဥပဒေခွဲ(က)သည် ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်း ဥပဒေပုဒ်မ၏ မည်သည့်ဥပဒေအပေါ်တွင် အခြေပြုရေးဆွဲရှာဖွေ မတွေ့ရှိခြင်း ဆိုသည့် အချက်နှင့်လည်း ပတ်သက်ပြီး မေးမြန်းထားမှုကို ရှင်းလင်းတင်ပြပါမည်ဖြစ်ကြောင်း၊ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ()တွင် အသင်းသား သို့မဟုတ် ကိုယ်စားလှယ်သည် လူတစ်ကိုယ် ဆန္ဒမဲတစ်မဲပေးနိုင်သည့် ညီမျှသည့်အခွင့်အရေးရရှိပြီး အသင်း၏လုပ်ငန်းအရပ်ရပ်ကို အများ၏ဆန္ဒဖြင့်သာ စီမံခန့်ခွဲရန်၊ ပုဒ်မခွဲ()တွင် အသင်းသားသည် အသင်းဝင်များနှင့် အကျိုးတူစီးပွားဘက်လုပ်ကိုင်သူများ၏ အကျိုးစီးပွားအတွက် အချင်းချင်း လုပ်အား၊ ပစ္စည်းတို့ကိုပူးပေါင်းပြီး အများ၏ဆန္ဒဖြင့် စီမံခန့်ခွဲ လုပ်ဆောင်သည့် အဖွဲ့အစည်း ဖြစ်စေရန်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်ကို အခြေခံပြီး နည်းဥပဒေ ၇၀ နည်းဥပဒေခွဲ(က)ကို ရေးဆွဲထားခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါကြောင်း၊

၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေ အခန်း() အသင်းဘဏ္ဍာရေး ပုဒ်မ ၂၀ တွင် အသင်းသည် မိမိပိုင်ဘဏ္ဍာငွေများကို အခြေခံသည့် အဖွဲ့အစည်းဖော်ပြထားသည့်အတွက် နည်းဥပဒေ ၇၀ နည်းဥပဒေခွဲ(က)သည် ၎င်းဥပဒေနှင့်ညီညွတ်မှုမရှိဟုမှတ်ယူနိုင်ခြင်း၊ ပုဒ်မ ၂၀ ၏ မတည်ငွေကို အနက်ဖွင့်ရာတွင် ငွေသားဖြစ်ပြီး မြေပါဝင်မှုမရှိခြင်းဆိုသည့် မေးမြန်းချက်လည်း ရှိပါကြောင်း၊ ၎င်းနှင့် ပတ်သက်ပြီး ဆက်လက်ရှင်းလင်းတင်ပြပါမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းဥပဒေ ပုဒ်မ ၂၀ သည်ဆိုလျှင် အသင်း၏ဘဏ္ဍာရေးအပိုင်းကိုသာ ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်း ဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ(က)တွင် အသင်းသည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်နှင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်ရှိပြီး ပုဒ်မခွဲ()တွင် ပစ္စည်းများ ပိုင်ဆိုင်ခွင့်ရှိခြင်းဆိုပြီး ပြဋ္ဌာန်းချက်များရှိသည့်အတွက် အသင်းပိုင်ရင်းနှီးပစ္စည်းများကို အသင်းက ပိုင်ဆိုင်ခွင့်ရှိပါကြောင်း၊ ပုဒ်မ ၃ ပါ သမဝါယမအသင်း၏အခြေခံမူအရ အသင်း၏ လုပ်ငန်းအရပ်ရပ်ကို အများ၏ဆန္ဒဖြင့်သာ စီမံခန့်ခွဲရမည်ဟုပါရှိသည့်အတွက် အသင်းပိုင်ပစ္စည်း များအပေါ်တွင် အရပ်ရပ် အစည်းအဝေး(GM ဟုခေါ်သည့် General Meeting)ဆုံးဖြတ်ချက်နှင့် စီမံခန့်ခွဲဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊

ဘီးလင်းမြို့နယ်တွင် တောင်စွန်း တွင်ရှိသည့် ၁၉၇၀ ပြည့်နှစ်၊ သမဝါယမအသင်းဥပဒေအရ ပိုင်ဆိုင်မှုအပေါ်တွင် ၂၀၁၂ ခုနှစ်၊ သမဝါယမ အသင်းဥပဒေအရ ဖြစ်လာသည့် အသင်းတစ်ခုမှ စီမံခန့်ခွဲခြင်းနှင့် ယခုမြေကို အဆောက်အဦ ဆောက်လုပ်ခြင်းအပေါ် အကျိုးအမြတ်ရယူမှု နှစ်ပေါင်းမည်မျှနှင့် စာချုပ်မှာပါဝင်သည် ဆိုသည့်အချက် နှင့် စပ်လျဉ်းပြီးကျိုးကြောင်းဖော်ပြချက် မေးမြန်းမှုတွင် တွေ့ရှိရပါကြောင်း၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ ခေတ်ရှေ့ဆောင် လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တွင် ယခင် တောင်စွန်း ကျေးရွာ သမဝါယမအသင်းကို ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေအရ ၁၉၉၄ ခုနှစ်တွင် ပြုပြင်ဖွဲ့စည်းခဲ့သည့် သမဝါယမ အသင်း ဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် ရင်းနှီးငွေနည်းပါးခြင်း၊ အသင်းမှငှားရမ်းထားသည့် ဆိုင်ခန်းများလည်း ယိုယွင်းပျက်စီးနေသည့်အတွက် အသင်းဥပဓိရုပ် ကောင်းမွန်ရန်၊ အသင်းအတွက်အကျိုး အမြတ်ရရှိရန်အတွက် အဆောက်အအုံသစ်ဆောက်လုပ်ရန် စီမံခဲ့သည်ကိုတွေ့ရပါကြောင်း၊၎င်း အဆောက်အအုံဆောက်လုပ်ခြင်းအတွက် တည်ဆဲသမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အသင်း၏အထူးအရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ၁--၂၀၁၈ ရက်နေ့တွင် ပြုလုပ်ပါကြောင်း၊ အစည်းအဝေးမှ အသင်းဆိုင်ခန်း၊ အဆောက်အအုံများ ဆောက်လုပ်ရန် အသင်းသားများက သဘောတူဆုံးဖြတ်ခဲ့တာတွေ့ရပါကြောင်း၊ အရပ်ရပ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ခေတ်ရှေ့ဆောင် လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ရွှေမီးသီးဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း နှင့်ညှိပြီး ဆိုင်ခန်း ၁၂ ခန်း ဆောက်လုပ်ရန် ၂၀--၂၀၁၈ ရက်နေ့တွင် သဘောတူစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၅--၂၀၁၈ ရက်နေ့ တောင်စွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တွင်လုပ်သည့်အစည်းအဝေးတွင်လည်း ဘီးလင်းမြို့နယ်၊ အမှတ်()မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းဦး မှ ခေတ်ရှေ့ဆောင်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းပိုင် အဆောက်အအုံကို သမဝါယမပုံရိပ်ကောင်းမွန် စေရန်နှင့်အဆောက်အအုံ သစ်ဆောက်လုပ်ရန်ဆိုလျှင် ပိုမိုသင့်လျော်သည်ဆိုသည့်အကြောင်း ဆွေးနွေးညှိနှိုင်းကြပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးအနေဖြင့်လည်း လက်ရှိဆိုင်ခန်းများ ဆက်လက်သုံးစွဲရန် မသင့်တော်သည့်အတွက် ထောက်ခံတင်ပြမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်သမဝါယမ ဦးစီးဌာနအနေဖြင့် အသင်းဆိုင်ခန်းများကို အဆင့်မြင့်ဆိုင်ခန်းများ ဖြစ်စေရန်အတွက် ပြန်လည် ဆောက်လုပ်စေချင်ကြောင်း ဆွေးနွေးပြောကြားညှိနှိုင်းခဲ့သည်မှာ ဆိုင်ခန်းများကို အဆင့်မြင့် ဆိုင်ခန်းဖြစ်အောင် ပြန်လည်ဆောက်လုပ်ခဲ့သည့်အခြေအနေဖြစ်ပါကြောင်း၊

အသင်းအနေဖြင့် အဆောက်အဦဆောက်လုပ်ရန် သဘောတူစာချုပ်အရ ဆိုင်ခန်းနှစ်ခန်း အကျိုးအမြတ်ခွဲဝေခြင်း သဘောတူညီမှုစာချုပ်အရ အသင်းနှစ်သင်းရမည့် တန်ဖိုးသင့်ပြီး စုစုပေါင်းဆိုင်ခန်း ၁၂ ခန်းအနက် ဆိုင်းခန်းနှစ်ခန်း ပေါင်း လေးခန်းကို အသင်းပိုင် အဖြစ်ရရှိပြီး ကုန်ကျစရိတ်ကျခံဆောက်လုပ်သည့် အသင်းမှနေ၍ ကုန်ကျငွေအပေါ်တွင် တန်ဖိုးသင့်ပြီး ဆိုင်ခန်းရှစ်ခန်းကို ရရှိခဲ့ကြပါကြောင်း၊ အသင်းပိုင်မြေပေါ်တွင်ရှိသည့် ဆိုင်ခန်းများမှ မြေငှားရမ်းခ များဖြင့် လစဉ်ရရှိနေမည်ဖြစ်သည့်အပြင် အသင်းပိုင် ဆိုင်ခန်းလေးခန်းမှ အသင်း၏ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သလို ပိုလျှံဆိုင်ခန်းများကိုလည်း လေလံစနစ်နှင့် ငှားရမ်းပြီး သမဝါယမ အသင်းသားများ၏ လူမှုစီးပွားအတွက် အထောက်အကူပြု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အသင်းပိုင်အဆောက်အအုံဆောက်လုပ်ခြင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့၏ ဆွေးနွေးအကြံပြုချက်များ၊ အသင်း၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်း ဖြစ်သည့် အထူးအရပ်ရပ်ဆိုင်ရာအစည်းအဝေးမှ အသင်းသားများ၏ သဘောတူ ဆုံးဖြတ်ချက်နှင့် အသင်းအချင်းချင်းပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သမဝါယမအသင်းများ၏ စီမံခန့်ခွဲမှု အပေါ်တွင်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ပေးရန် အတွက် မိမိတို့လည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးသည့်မေးခွန်းထဲတွင်ပါသည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ အပိုဒ် ၁၁ အပိုဒ်ခွဲ()အပိုဒ်ခွဲငယ်()တွင် နိုင်ငံတော်ပိုင်ပစ္စည်း၊ သမဝါယမပိုင် ပစ္စည်းနှင့် အများပိုင်ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှုရှိ/မရှိ စစ်ဆေးခြင်းလို့ ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် အတွက် သမဝါယမအသင်းများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါအတိုင်း လိုက်နာ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ သမဝါယမဦးစီးဌာန၏ညွှန်ကြားလွှာ(/၂၀၀၈) (/၂၀၀၉)တို့အရ အားလုံးပါဝင်အောင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး သမဝါယမအသင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ()ပါ အသင်းသည် အသင်းသား၊ အသင်းဝင်များ၏အကျိုးကို ဦးတည်ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ လူနေမှုအဆင့်အတန်းမြင့်မားရေးကို ရှေးရှုဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်နှင့်အညီ လူမှုရေး၊ စီးပွားရေးအကျိုးကို အသင်းများက လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ရန်အတွက် မိမိတို့ သမဝါယမ ဦးစီးဌာနက ထိန်းကျောင်းတည့်မတ်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးတင်ကိုကိုဦး()အတွတ်(ဘီးလင်းမဲန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီးဖြေသွားသည့်အဖြေတွင် မိမိတို့က ဥပဒေနှင့်အညီလုပ်သည်ကို အတိုင်းအတာတစ်ခုအထိ လက်ခံ၍ရပါကြောင်း၊ ဥပဒေဆိုသည့်ထဲတွင် တရားဥပဒေလား ဥပဒေလားဆိုသည်မှာ တစ်ပိုင်း ဖြစ်ပါကြောင်း၊ နောက်တစ်ခုမှာ ဝန်ကြီးဖြေသွားသည့်ထဲတွင် အသင်းသားများကို ပြန်လည် ထုတ်ပေးသည်ဟု ပြောသွားတာရှိပါကြောင်း၊ ယခုလို အသင်းသားများ ထုတ်ပေးသည်ဆိုသည်မှာ ညွှန်ကြားချက်အရ ထုတ်ပေးသည်မှာမှန်သော်လည်း အောက်တွင် အမှန်တကယ် ထုတ်ပေးလား၊ မထုတ်ပေးလား ဆိုသည်ကိုလည်း ပြန်လည်ဆန်းစစ်ပေးစေလိုပါကြောင်း၊ တကယ်လို့ ပြန်လည် ဆန်းစစ်မည်ဆိုလည်း မိမိတို့အနေဖြင့် ပူးပေါင်းပါဝင်ပေးမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုသည် နည်းဥပဒေ ၇၀ နည်းဥပဒေခွဲ(က)ကို အခြေခံမူ ပုဒ်မ ၃ ပုဒ်မခွဲ() မှ လုပ်ငန်းအရပ်ရပ်ဆိုသည်မှာ မြန်မာစကားအရဆိုလျှင် ပုဒ်မ ၃ ပုဒ်မခွဲ()တွင် လုပ်ငန်းအရပ်ရပ်ဟုပါ၍ နည်းဥပဒေ ၇၀ နည်းဥပဒေခွဲ(က)တွင် ကိစ္စအဝဝဟုပါပါကြောင်း၊ လုပ်ငန်းအရပ်ရပ်နှင့် ကိစ္စအဝဝသည် ထပ်တူညီသလား။ နောက်တစ်ခုမှာ အင်္ဂလိပ်စကားလုံးအနေဖြင့်လည်း လုပ်ငန်းအရပ်ရပ်ကို All Transaction ဟု သုံးပြီးသည့်အခါတွင် နည်းဥပဒေတွင် All Matter ဟုသုံးပါကြောင်း၊ မြန်မာစကားအရကြည့်မည်ဆိုလျှင် လုပ်ငန်းအရပ်ရပ်ဆိုသည်မှာ လုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စများဖြစ်၍ ကိစ္စအဝဝဆိုသည်မှာ အရာအားလုံးဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နည်းဥပဒေက ဥပဒေနှင့်ညီညွတ်ပါရဲ့လားဆိုသည်ကို ဆက်စပ်၍မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးလှကျော်

ဆက်စပ်မေးခွန်းတွင် ပထမတစ်ချက်ဖြစ်သည့် တကယ် အကျိုးခံစားခွင့်မရရှိသည့်ကိစ္စရပ်များ အကျိုးခံစားခွင့်ရအောင် မေးမြန်းတင်ပြသွားသကဲ့သို့ မိမိတို့လည်း ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း၊ လုပ်ငန်းအရပ်ရပ်နှင့် ကိစ္စအဝဝသည် စကားရပ်အပိုင်းဖြစ်ပါကြောင်း လုပ်ငန်း အရပ်ရပ် အပေါ်တွင် အားလုံးလွှမ်းခြုံ၍ ရည်ညွှန်းသည်မှာ ကိစ္စအရပ်ရပ်တို့ ရည်ညွှန်းသည့် သဘောဖြစ်ပါကြောင်း၊ ထိုနေရာတွင် တစ်ဆက်တစ်စပ်တည်းတင်ပြလိုသည်မှာ မိမိတို့ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်း ဥပဒေနှင့်ပတ်သက်၍ သမဝါယမအသင်းဥပဒေပါ အကြောင်းအခြင်းအရာ ကိစ္စရပ်များနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုမှာ အားလုံး လိုက်လျောညီထွေ ဖြစ်ပြီး အားနည်းချက်မရှိစေရန်အတွက် အားလုံးပြန်လည်သုံးသပ်ပြီး သမဝါယမအသင်းဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများမှနေပြီး ကမ္မကထ လုပ်ပြီးဆောင်ရွက်ခဲ့မှုရှိပါကြောင်း၊ ယခုဆိုလျှင် နှစ်ကြိမ်တိတိ မိမိတို့ ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ထိုနှစ်ကြိမ်တိတိ ညှိနှိုင်းဆောင်ရွက်ပြီးသည့်နောက်တွင် ဆက်လက်ပြီးမိမိတို့ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေတွင် လက်ရှိပြဋ္ဌာန်းထားသည့်အခြေအနေ၊ နောက် သမဝါယမအသင်းမှနေ၍ အပြည်ပြည်ဆိုင်ရာသမဝါယမအသင်းဟုခေါ်သည့် International Cooperative Alliances တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သည့် အပေါ်တွင် ၎င်း၏ Prosperity နှင့်လည်း အကျုံးဝင်ပတ်သက်မှုရှိပြီး မိမိတို့အားလုံး ထိန်းကျောင်းသွားနိုင်မည့် သမဝါယမ ဥပဒေတစ်ရပ်ဖြစ်ပေါ်ရေး အတွက်ကို မိမိတို့စီမံဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားပါသည်။