Skip to main content

 

()-2KR-2012 စီမံကိန်းသည် တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိ၊ မရှိ စုဆောင်း ရရှိငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန် မျှတသော စီမံခန့်ခွဲအုပ်ချုပ်မှု ဖြစ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာတွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် စားနပ်ရိက္ခာ ဖူလုံရေးစီမံကိန်း 2KR-2012 ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း ၂၆--၂၀၁၉ ရက်စွဲဖြင့် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၇)လယ်ယာစခန်း လယ်ဝေးမြို့က ရေးဆွဲတင်ပြသည့် 2KR-2012 စီမံကိန်းမှ စုဆောင်းရရှိသော Counterpart fund အား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် စီမံချက်တွင် ဖော်ပြထားပါကြောင်း၊ စာရင်းများအရ ရန်အောင်မြင်ကျေးရွာသို့ ထွန်စက် ၃၃ စီး၊ စက်ကိရိယာ ၃၃ လက်နှင့် ရိတ်ခြွေစက် စီး ပေးထားကြောင်းနှင့် ရရှိသော စက်ငှါးရမ်းခများကို ဌာန၏ F.65 အကောင့်တွင် စုဆောင်းထားရှိသည်ကို သိရပါကြောင်း၊ စက်ငှါးရမ်းခ ဝင်ငွေ စုစုပေါင်းသည် ၂၈၆.၃၃၃၁၆၅ ကျပ်သန်း ဖြစ်ကြောင်း၊

မြေပြင် စုံစမ်းသိရှိမှုများအရ ရန်အောင်မြင်ကျေးရွာသို့ ထွန်စက်အသစ် တစ်စီးနှင့် ဖောကား အသစ် တစ်စီး အခြားကျေးရွာများသို့လည်း လက်တွန်းထွန်စက်များ ပေးထားသည်ကို သိရပါကြောင်း၊ အဆိုပါ စက်ယန္တရားများသည် စာရင်းတွက် ပါဝင်မှု မရှိပါကြောင်း၊ ဝင်ငွေ ရသုံးများ မည်သို့ ရှိသည်ကို မသိရပါကြောင်း၊ စက်ငှါးရမ်းခ ဝင်ငွေများသည် ၎င်းထက် ပိုမိုကြောင်း ရွာသူရွာသားများမှ ပြောဆိုကြပါကြောင်း၊ 2KR-2012 စီမံကိန်းဟု ဆိုသော်လည်း စုဆောင်းငွေ ရရှိမှုအခြေအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိသာ ဝင်ငွေရရှိမှုကို ဖော်ပြထား ပါကြောင်း၊ စီမံချက်တွင် ရန်အောင်မြင်ကျေးရွာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြု ဆောင်ရွက်လိုသည့် လုပ်ငန်းအစီအစဉ် ခြောက်ခုပါရှိပြီး ခန့်မှန်းကုန်ကျမည့် တန်ဖိုး၂၈၁.၀၀ ကျပ်သန်းဖြစ်ကြောင်း ရေရှည်လုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေ .၃၄ ကျပ်သန်း ကျန်ရှိမည်ဖြစ် သည်ကို ဖော်ပြထားပါကြောင်း၊

နိုင်ငံတော် လယ်ယာသုံး စက်ကိရိယာ အမြောက်အမြားကို ကျေးရွာတစ်ခုတည်းသို့ ပေးအပ် ထားခြင်း စက်ငှါးရမ်းခ ဝင်ငွေများအား နိုင်ငံတော်ဘဏ္ဍာငွေ အရအသုံးသို့ မထည့်သွင်းခြင်းနှင့် သီးခြားအကောင့်ဖြင့် စုဆောင်းခြင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် စာရင်းတွင် မပါသည့် ယာဉ်ယန္တရားများ စသည်တို့နှင့် စပ်လျဉ်းပြီး တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေး စည်းမျဉ်းများနှင့် ညီညွတ်မှု ရှိ၊မရှိ စစ်ဆေးရန် လိုအပ်ပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျေးရွာပေါင်း ၂၈ ရွာ ရှိပြီး စုဆောင်း ရရှိငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာတစ်ရွာတည်းကိုသာ ဆောင်ရွက် ပေးရန် မသင့်ကြောင်း ကျေးရွာအားလုံးကို ဆောင်ရွက်ပေးရန် သင့်ပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာ အကြီးအမှူးများ ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းနှင့် ကျေးရွာ ရွေးချယ်ခြင်း တို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါကြောင်း၊ ၎င်းကိစ္စကို ၁၆--၂၀၁၉ ရက်နေ့တွင် ဦးစီးဌာနမှ ကိုယ်စားလှယ် ပါဝင်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊

ဒက္ခိဏသီရိမြို့နယ်တွင် ဂျပန်နိုင်ငံ အထောက်အပံ့ဖြင့် စားနပ်ရိက္ခာ ဖူလုံရေးစီမံကိန်း 2KR-2012 ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှ စုဆောင်း ရရှိလာသော ငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအား အညီအမျှ အသုံးချ ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ၁၆--၂၀၁၉ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အကျိုးသက်ဆိုင် သူ အားလုံးပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် ၁၇ အပိုဒ်ခွဲ(က)တွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့ စားနပ်ရိက္ခာ ဖူလုံရေး စီမံကိန်း 2KR-2012 မှ ရရှိသည့် ငွေများအား ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ အတွက် တစ်အုပ်စုလျှင် ထွန်စက်တစ်စီးနှုန်းဖြင့် အညီအမျှရရှိရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တင်ပြဆောင်ရွက်သွားရန်ဟု ဆုံးဖြတ်ထားပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စုများအတွက် တစ်အုပ်စုလျှင် ထွန်စက်တစ်စီးနှုန်း အညီအမျှ ရရှိရေး သက်ဆိုင်ရာ ဦးစီးဌာနမှ လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အစည်းအဝေး မှတ်တမ်းနှင့်တကွ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ 2KR-2012 စီမံကိန်းသည် တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှု ရှိ၊မရှိ မရှိပါက မည်ကဲ့သို့ အရေးယူပါမည်နည်း၊ စုဆောင်းငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်မျှတသည့် စီမံခန့်ခွဲမှု ဖြစ်စေရေးနှင့် ကျေးရွာအုပ်စု များအတွက် တစ်အုပ်စုလျှင် ထွန်စက် တစ်စီးနှုန်း အညီအမျှ ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိလိုကြောင်းမေးမြန်းပါသည်။


        

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်ပါသည့် 2KR စီမံကိန်း၏ အနေအထားလေးကို ဦးစွာ ရှင်းလင်းတင်ပြ လိုပါကြောင်း၊ 2KR စီမံကိန်းကြီးသည် Kennedy Second Round စီမံကိန်းဖြစ်သည့် အမေရိကန်နိုင်ငံမှ အခြေပြုပြီး ၎င်း၏ Economic Model ကို ရယူပြီး ဂျပန်နိုင်ငံ အစိုးရသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိသည့် ဝင်ငွေနည်းတောင်သူလယ်သမားများ၏ စားနပ်ရိက္ခာ ဖူလုံရေး အတွက် ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်း ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းအရ မိမိတို့နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်သည် စီမံကိန်းအဖြစ် ရွေးချယ်ဆောင်ရွက်မည့် ရပ်ရွာများရှိ ဒေသခံတောင်သူလယ်သမားများ မိမိတို့၏လယ်ယာလုပ်ငန်းခွင်က သမားရိုးကျစိုက်ပျိုး ထုတ်လုပ်မှု မှ စီမံကိန်းအရပံ့ပိုးပေးမည့် စက်ကိရိယာများကို အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရန်နှင့် တိုးတက်လာသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အဆိုပါကျေးရွာ၏ ဝင်ငွေ တိုးတက်စုဆောင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ဆောင်ရွက်သော စီမံကိန်းဖြစ်ပါ ကြောင်း၊

မြန်မာနိုင်ငံတွင် ၎င်းစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) စီမံကိန်းဆိုင်ရာအချက်အလက်စာရင်းအင်းများကို ၂၀၁၂ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခြောက်လတာကာလအတွင်း အလားအလာရှိသော တိုင်းဒေသကြီး၊ ပြည်နယ်များကို ကွင်းဆင်းပြီးလိုအပ်သောစာရင်းအချက်အလက်များကို ရယူခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာအရ စီမံကိန်းဒေသများကို ရွေးချယ်ဆောင်ရွက်သည့် အခါ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော 2KR စီမံကိန်းအရ မိမိတို့နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ်တွင် ရန်အောင်မြင်ကျေးရွာ၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် အရှေ့ လက်ခုပ်ပင်ကျေးရွာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဟင်္သာတမြို့နယ်၊ ဓန္ဘီကျေးရွာတို့တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနား အလျင်လို ကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုမြို့နယ် သီးလုံးကျေးရွာ၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းကအုတ်တွင်းမြို့နယ်က ကြက်တက်ညောင်ပင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး မတ္တရာက မင်္ဂလာသီရိကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်း ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအစိုးရကို 2KR စီမံကိန်းအဖြစ် ဂျပန်နိုင်ငံအစိုးရကပေးသော အဆိုပါအခွင့်အရေးနည်း လယ်သမားများအတွက် စားနပ်ရိက္ခာဖူလုံရေးစီမံချက်အရ ယန်းသန်း ၂၃၀ အကူအညီပေးရေး ဆိုင်ရာစာချွန်လွှာ (Exchange Of Notes) ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းနောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဂျပန် နိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ကြား စီမံကိန်းနားလည်မှု အကူအညီ ပေးရေး သဘောတူစာချုပ် Grant Agreement ကို ၂၀၁၃ ခုနှစ်၊ မေ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါသဘောတူစာချုပ် Grant Agreement အရ စာချုပ်အသက်ဝင်မှုသည် လေးနှစ်အတွင်းထောက်ပံ့ထားသော စက်ကိရိယာ တန်ဖိုး၏ထက်ဝက်ကို စုဆောင်းငွေအဖြစ်ရရှိအောင် စီမံကိန်းဒေသခံများက ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စာချုပ်လက်မှတ်ရေးထိုးအသက်ဝင်သည်မှာ ၂၀၁၃ ခုနှစ်၊ မေ ၂၀ ရက် နေ့တွင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေးနှစ်တာကာလဖြစ်သော ၂၀၁၇ ခုနှစ်၊ မေ ၂၀ ရက်နေ့ အတွင်း လျာထား ရန်ပုံငွေစုဆောင်းရရှိရေးကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ 2KR စီမံကိန်းအကူအညီပေးရေး သဘောတူစာချုပ်အရ အထောက်အပံ့သည် Grant Agreement လက်မှတ်ရေးထိုးသော ၂၀၁၃ ခုနှစ်၊ မေ ၂၀ ရက်နေ့မှာသာ အသက်ဝင်ခဲ့ပါကြောင်း၊ စီမံကိန်း စက်ကိရိယာများရောက်ရှိသော ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ရက်နေ့နောက်ပိုင်းမှသာ လုပ်ငန်းများလုပ်ကိုင်ခဲ့သည့်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှသာ ဝင်ငွေရရှိပါကြောင်း၊

အထောက်အပံ့သဘောတူစာချုပ်တွင် (Grant Agreement) အောက်ရှိ ရန်ပုံငွေအားလုံးကို မြန်မာ့စီးပွားရေးဘဏ်တွင် Counterpart Fund ဖွင့်လှစ်ပြီး စုဆောင်းထားရှိရမည်ဟု ဖော်ပြပါရှိ ပါကြောင်း၊ ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်နှင့်အညီ မြန်မာ့စီးပွားရေး ဘဏ်၊ လယ်ဝေးတွင် Counterpart Fund ငွေစာရင်းအမှတ် F.65 ကိုဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါငွေစာရင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသကျေးရွာ၏ စီမံကိန်းအကောင် အထည်ဖော်မှုကော်မတီကသာ စီမံခန့်ခွဲဆောင်ရွက်ပါကြောင်း၊ စီမံကိန်းဒေသများက စုဆောင်း ရရှိသော Counterpart Fund များကို စီမံကိန်းပြီးဆုံးမှသာ စီမံကိန်းကျေးရွာ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်မျှတသော စီမံခန့်ခွဲအုပ်ချုပ်မှုဖြစ်စေရန်အတွက် အထောက်အပံ့စီမံကိန်း အကောင် အထည်ဖော်စဉ်ကချမှတ်ခဲ့သော ရည်ရွယ်ချက်၊ သဘောတူညီချက်များနှင့် မိမိတို့အတွက် အကျိုးဖြစ်ထွန်းမည့် အဆိုပြုလုပ်ငန်းစီမံချက်များကို ပြုစုရမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA မှတစ်ဆင့် ဂျပန်အစိုးရထံသဘောတူညီမှုကို ဆက်လက်ရယူအကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ Doner Country ၏သဘော တူညီချက်ရယူပြီးသည့်နောက်တွင် ပြည်ထောင်စုဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ထုတ်ယူသုံးစွဲရမည့် လုပ်ငန်းအစီအစဉ်ကို သတ်မှတ်ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် စီမံကိန်းကျေးရွာတောင်သူများ ကျေးရွာဖွံ့ဖြိုးရေးအတွက် အဆိုပြုတင်ပြချက်များကို မိမိတို့ ဝန်ကြီးဌာနအနေဖြင့် JICA ကို တင်ပြထားဆဲဖြစ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုအတွက် ထုတ်ယူသုံးစွဲခြင်းမရှိသေးသည့် အခြေအနေဖြစ်ပါကြောင်း၊ 2KR စီမံကိန်းနှင့်ပတ်သက်ပြီး Grant Agreement ပါအချက်များနှင့်အညီ တည်ဆဲဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စီမံဆောင်ရွက်ထားမှုရှိကြောင်း ရှင်းလင်းတင်ပြအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်ဖော်ပြပါရှိသော 2KR-2012 စီမံကိန်းအရ အကောင်အထည်ဖော်ဆောင်ရွက်သော ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ အုပ်စုအနေ အထားသည် စီမံကိန်းစက်ကိရိယာများအနေဖြင့် ထွန်စက် (Shibaura) ရှစ်စီးနှင့် ထွန်စက်(Cubota) ၂၅ စီး၊ ရိတ်သိမ်းခြွေလှေ့စက်လေးစီးနှင့် ထွန်ထယ်ကိရိယာ ၃၃ ခု တို့ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်ထိ စုဆောင်းပြီးရန်ပုံငွေသည် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားသလို ၂၈၆. သန်းကျော် ဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့်အထဲတွင် ဖောကားအပါအဝင် စက်ကိရိယာပစ္စည်း များ၏အနေအထားလေးကိုလည်း မေးမြန်းသွားပါကြောင်း၊ အဆိုပါအခြေအနေသည် မိမိတို့က မိမိတို့၏စီမံကိန်းအရ မိမိတင်ပြခဲ့သောစက်အစီးရေကိုပံ့ပိုးပြီး ယခုအခါ စက်ပစ္စည်းများသည် စီမံကိန်းကာလလွန်မြောက်သွားသော ပြန်လည်ပြုပြင်သည့် Maintenance လုပ်ငန်းများကို ဆောင်ရွက်ထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသော ၎င်းစက်များက တစ်စုံတစ်ရာသောအဖွဲ့အစည်း၊ တစ်စုံတစ်ရာသောပုဂ္ဂိုလ်က တစ်စုံတစ်ရာသောရည်ရွယ်ချက်ဖြင့် အဆိုပါကျေးရွာကိုပံ့ပိုးထားသော အခြေအနေဖြစ်ကောင်းဖြစ်နိုင်ကြောင်း မိမိသုံးသပ်ရရှိပါကြောင်း၊  2KR စီမံကိန်းကိုရှေ့ဆက်ပြီး ကျေးရွာသစ်များ ထပ်မံရွေးချယ်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိစီမံကိန်းဧရိယာနှင့် ဆက်စပ်မှုရှိပြီး ဤစီမံကိန်း၏ရည်ရွယ်ချက်ကို အထမြောက်အောင်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ (Potential) ရှိသည့်ကျေးရွာများ ကို သက်ဆိုင်ရာဒေသကသတ်မှတ်ချက်နှင့်အညီ အဆိုပြုရွေးချယ်ရမည်ဖြစ်ပါကြောင်း၊ အထောက် အပံ့အဖွဲ့အစည်းဖြစ်သော JICA ကိုပေးပို့အတည်ပြုချက်ရယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထောက်အပံ့ပေးသည့်အဖွဲ့အစည်း၏ အတည်ပြုချက်ရရှိပြီးပြီဆိုပါက အဆိုပါစီမံကိန်းကျေးရွာကို စက်ကိရိယာများပေးပို့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

ဦးသန့်ဇင်ထွန်း(ဒက္ခိဏသီရိမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဌာန၏စစ်ဆေးမှုများအရ စုဆောင်းရန်ပုံငွေများကို သဘောတူစာချုပ် Grant Agreement အပိုဒ် ၁၁ အပိုဒ်ခွဲ()အရ စီမံကိန်းဒေသအလိုက် Counterpart Fund ငွေစာရင်းတွင် အပ်နှံဆောင်ရွက် ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ --၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ကခ-/၂၇၄(၄၂၄၅/၂၀၁၄)ဖြင့် ခွင့်ပြုချက်အရ မြန်မာ့စီးပွားရေးဘဏ်(လယ်ဝေးမြို့)တွင် ငွေစာရင်းအမှတ်၊ F-၆၅ ကို ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း 2KR(2012) စီမံကိန်း၏ စက်ငှားရမ်းခရရှိငွေများနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှု၊ မသမာမှုများ၊ အလွဲသုံးစားမှုတစ်စုံတစ်ရာမရှိကြောင်း စီမံကိန်းကာလအတွင်း တာဝန် ထမ်းဆောင်ခဲ့သော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစီမံကိန်း ဒေသအဆင့်အတိုင်ပင်ခံ ကော်မတီဝင်တို့၏ ထွက်ဆိုချက်အရလည်းကောင်း၊ လစဉ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဝင်ငွေရရှိမှုပြန်တမ်းများအား စစ်ဆေးချက်အရလည်းကောင်း၊ ဘဏ်ရှင်းတမ်းများအရလည်းကောင်း စိစစ်တွေ့ရှိရကြောင်းဟုဖော်ပြထားပါကြောင်း၊

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၁၆--၂၀၁၄ ရက်စွဲပါ စာအမှတ်၊ /၉၀(က)()2KR(၁၃၄၉/၂၀၁၄)အရ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းရှင်ငွေစာရင်း(Current Account) ဖွင့်လှစ်ခွင့်ပြုရာမှ အပိုဒ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်မည့်အဆိုပါ Counterpart Fund အား နှစ်စဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကိုခံယူသင့် ပါသည်ဟု အပိုဒ် တွင် အဆိုပါစီမံကိန်းအား ဆောင်ရွက်ပြီးစီးပါက ၎င်းငွေစာရင်းအား ပြန်လည် ပိတ်သိမ်းရန်ဖြစ်ပါကြောင်းဟု ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ 2KR(2012)စီမံကိန်း၏ ရရှိဝင်ငွေ များနှင့်စပ်လျဉ်း၍ နှစ်စဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကို ခံယူခဲ့မှုရှိ/မရှိနှင့် မရှိပါက မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ Counterpart Fund နှင့် စပ်လျဉ်းပြီး JICA နှင့် အထောက်အပံ့ ဆိုင်ရာသဘောတူစာချုပ်အပိုဒ် ၁၁()အရ JICA ၏သဘောတူညီချက်ရယူပြီး ပြင်ပစာရင်းစစ် အဖွဲ့(External Audit)ဖြင့် စစ်ဆေးဆောင်ရွက်သွားရမည့်အခြေအနေဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။