Skip to main content


မြန်မာနိုင်ငံအတွင်း ကျူးကျော်များအဖြစ် သတ်မှတ်ခံရသော နိုင်ငံသားမိသားစုများအား အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါက ကျူးကျော်အဖြစ် သတ်မှတ်ခံရသော မြန်မာ နိုင်ငံသား မိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ထားသည် ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံတွင် ကျေးလက်တောရွာများမှလည်းကောင်း၊ မြို့ကြီးပြကြီးများမှလည်းကောင်း၊ စားဝတ် နေရေးအတွက် အလုပ်အကိုင်အဆင်မပြေခြင်း၊ မိမိဘဝအတွက် အဆင်ပြေသည့် ရေကြည်ရာ မြက်နုရာအရပ်သို့ သွားရောက်အလုပ်လုပ်ကိုင်နေရသူများ မြောက်မြားစွာရှိပါကြောင်း၊ ထိုသို့ သွား ရောက်လုပ်ကိုင်သူများကို နိုင်ငံရပ်ခြား (သို့မဟုတ်) ပြည်တွင်းတွင် သွားရောကအလုပ်လုပ်ကိုင်သူ များကို ရွှေ့ပြောင်းအလုပ်သမားများဟု ခေါ်ဆိုကြပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်သူများရှိသလို ပြည်တွင်းတွင် အလုပ်လုပ်ကိုင်စားသောက်နေရသူများ မြောက်မြားစွာ ရှိပါ ကြောင်း၊ မိသားစုအလိုက် သွားရောက်လုပ်ကိုင်ကြသူများရှိသလို တစ်ကိုယ်ရေတစ်ကာယ အလုပ် လုပ်ကိုင်စားသောက်နေရသူများ ရှိပါကြောင်း၊ ထိုသူများသည် အိမ်ထောင်ကျပြီး မိသားစုဘဝသို့ ရောက်ရှိကာ မိသားစုလိုက် ပြောင်းရွှေ့လုပ်ကိုင်သူများလည်း ရှိပါကြောင်း၊ ထိုသူများသည် သားသမီး များ ထွန်းကားလျက် အိမ်ထောင်စုများ ဖြစ်လာကြပါကြောင်း၊ ထိုအိမ်ထောင်စုများသည် အိမ်ငှားနေ ထိုင်နိုင်ခြင်းမရှိကြ၍  နေရာလွတ်များ (ဥပမာ- အစိုးရပိုင် မြေလွတ်နေရာများ၊ သစ်တောမြေ)များ တွင် တဲအိမ်ဆောက်နေထိုင်လာကြသူများသည် (၅)နှစ်၊ (၁၀)နှစ်၊ (၁၅)နှစ်အထိ အချိန်ကြာ နေထိုင် ကြသည့်မိသားစုများလည်း ရှိပါကြောင်း၊ ထိုသို့သောမိသားစုများကို ကျူးကျော်များဟူ၍ သတ်မှတ်ခံ ကြရပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းမရှိကြောင်း မဲဆန္ဒရှင် ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် မဲဆန္ဒရှင်များတင်ပြချက်အရ သိရပါကြောင်း၊  ထို့အပြင် ၎င်းတို့၏ကလေးများ ကျောင်းထားရာ၌ ကျောင်းတွင် (၁၀)နှစ်ပြည့် ကလေးမှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ် ရိုက်ရာတွင် အိမ်ထောင်စု စာရင်းမရှိသဖြင့် မှတ်ပုံတင်ရိုက်မပေးကြကြောင်း၊ ၁၀ တန်းရောက်သော်လည်း ရိုက်မရဖြစ်ကြရ သည်ကို တင်ပြလာခြင်းရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကျူးကျော်များအဖြစ် သတ်မှတ်ခံရသော နိုင်ငံသားမိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါက ကျူးကျော်အဖြစ် သတ်မှတ်ခံရသော မြန်မာ နိုင်ငံသားမိသားစုများအား ဖြေလျှော့နိုင်သည်ကို ဖြေလျှော့၍ အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေး မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၁၉၄၉ ခုနှစ်၊ ပြည် ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေနှင့်အညီ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ခေတ်အဆက် ဆက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စီမံချက်များ ချမှတ် ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည့်အပြင် ၂၀၀၃ ခုနှစ်မှစ၍ ၂၀၁၀ ခုနှစ်အထိ နိုင်ငံသားလုပ်ငန်းများကို နိုင်ငံတစ်ဝန်းလုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊

တိုင်းရင်းသားပြည်သူများအနေဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များ လွယ်ကူအဆင်ပြေစွာ ရရှိနိုင်ရေးအတွက် ဖြေလျှော့ရေးနည်းလမ်းများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတစ်ဝန်းလုံးတွင် ရပ်ကွက်/ကျေးရွာများသို့ မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများနှင့် အချို့သော ပြည်သူများ သည် မိသားစုစားဝတ်နေရေး အခြေအနေအရလည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့မှု များအရလည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများအရလည်းကောင်း၊ ရေကြည်ရာမြက်နုရာ မြို့ပြဒေသများသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိကြပါကြောင်း၊

ထိုလူအများစုသည် ရောက်ရှိနေထိုင်ရာ အရပ်ဒေသတွင် အိမ်ထောင်စုစာရင်းဖြင့် နေထိုင်နိုင်ရေး အတွက် ကာယကံရှင်များကိုယ်တိုင် မူလနေထိုင်ရာဒေသမှစ၍ ပြောင်းရွှေ့ပုံစံ (၁၀) ထုတ်ယူပြီး အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ခြင်းဆောင်ရွက်မှုများ ရှိသကဲ့သို့ အချို့သည် အခြေအနေ အမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်ဘဲနှင့် ရောက်ရှိဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းမရှိဘဲ နေထိုင်ခဲ့ကြသည့်အခါ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသလို လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခက်အခဲများ ကြုံတွေ့ကြသည်ကို တွေ့ရှိရပါကြောင်း၊

အထက်ပါ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ကြုံတွေ့ရသည့်အခက်အခဲများ ပြေလည် စေရန်ရည်ရွယ်ပြီး ယခင်အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ ဝန်ကြီးဌာနအနေနှင့်ဖြေလျှော့ပြီး ကာယကံရှင်များကိုယ်တိုင် မူလ‌နေရာဒေသကို သွားရောက် ဆောင်ရွက်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာ မြို့နယ်အချင်းချင်းချိတ်ဆက်ပြီး သတ်မှတ်ချက်နှင့် ကိုက် ညီမှန်ကန်ပါက လက်ရှိနေထိုင်ရာဒေသတွင် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်း ဆောင် ရွက် ထုတ်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးသည့်လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစပြီး ဝန်ကြီးဌာနက သစ္စာစီမံချက်နှင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ရောက်ရှိရာအရပ်ဒေသတွင် နေထိုင်မှုပုံစံပေါ်မူတည် ပြီး သာမန်ရွှေ့ပြောင်းနေထိုင်သူများနှင့် ယာယီရွှေ့ပြောင်းနေထိုင်သူများဟူ၍ ခွဲခြားတွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ယာယီရွှေ့ပြောင်းနေထိုင်သူများသည် ကျူးကျော်နေထိုင်သူများနှင့် ကြုံရာကျပန်း နေထိုင်သူများဆိုပြီး ခွဲခြားတွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ကျူးကျော်နေထိုင်သူများသည် အစိုးရဌာန ပိုင်မြေ၊ သစ်တောကြိုးဝိုင်း၊ စည်ပင်ပိုင်မြေ၊ အဖွဲ့အစည်းပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ သာသနာ့နယ်မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ မြေနုကျွန်း၊ မီးရထားလမ်းဘေး၊ ကားလမ်းဘေး စသည့်နေရာများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက ခွင့်ပြုထားခြင်း မရှိသည့်မြေနေရာများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်သူများ ပါဝင်မည်ဖြစ်ပါကြောင်း၊ ကြုံရာကျပန်းလုပ်ကိုင်သူများသည် မူလနေထိုင်ခဲ့သည့် ဒေသမှ အလုပ်အကိုင်အခွင့်အလမ်း ရှိသည့်နယ်စပ်မြို့များတွင် သော်လည်းကောင်း၊ ရွှေတွင်းများ၊ ကျောက်မှော်၊ ရေနံတွင်းစသည့် သယံဇာတထွက်ရာဒေသများတွင် သော်လည်းကောင်း၊ ပင်လယ် ကမ်းခြေ၊ မြစ်ချောင်း၊ ကမ်းနားစသည့်ဒေသများတွင် ကြုံရာကျပန်း ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ပြီး နေထိုင်ကြသူများ ပါဝင်ပါကြောင်း၊

ကျူးကျော်နေထိုင်သူများအနေဖြင့် ၎င်းတို့၏လက်ထက်တွင်သော်လည်းကောင်း၊ ၎င်းတို့၏ မိဘ ဘိုးဘွားများလက်ထက်တွင် သော်လည်းကောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သည့် မှတ်ပုံတင်တစ်မျိုးမျိုးရရှိစေရေးအတွက် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေ ထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူ များမှတ်ပုံတင်ရေး နည်းဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ၎င်းတို့မူလနေထိုင်ခဲ့သည့် ဒေသတွင် တရားဝင် အိမ်ထောင်စုစာရင်းရှိမည်ဟု သုံးသပ်ရပြီး တရားဝင်အိမ်ထောင်စုရှိပါက မြို့ နယ်ဦးစီးမှူးရုံးအချင်းချင်း ချိတ်ဆက်ပြီး လက်ရှိဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရရှိရေး၊ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

မူလနေထိုင်ရာဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းမရှိပါက ရွှေ့ပြောင်းနေထိုင်သူများ၏ စံနှုန်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ပုဂ္ဂိုလ်တစ်ဦးတည်းက အကြိမ်ကြိမ်ထုတ်ယူခြင်းကို ကာကွယ်နိုင်ရန်နှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ် မျိုးမျိုး လျှောက်ထားရာ၌ သက်ဆိုင်ရာဒေသအာဏာပိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ် ရေးမှူးများ၏ထောက်ခံချက်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)တွင် ပါဝင်သူများကိုသာ မှတ်တမ်းတင် စိစစ်ထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း အစိုးရဌာနပိုင်မြေ၊ သစ်တောကြိုးဝိုင်းမြေ၊ စည်ပင်ပိုင်မြေ၊ အဖွဲ့ အစည်းပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ သာသနာ့နယ်မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ မြေနုကျွန်း၊ မီးရထားလမ်းဘေး၊ ကားလမ်းဘေး စသည့်နေရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ခွင့်ပြုချက်မရှိ သောမြေနေရာ များတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်လျက်ရှိသည့် ယာယီရွှေ့ပြောင်းနေထိုင်သူများသည် ကျူးကျော်ဝင်ရောက် နေထိုင်သူများသာဖြစ်သောကြောင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု မရှိပါသဖြင့် ဆောင်ရွက်ပေး၍မရပါကြောင်းနှင့် ယာယီရွှေ့ပြောင်းနေထိုင်သည့် ကျူး ကျော် နေထိုင်သူများအနေဖြင့် နိုင်ငံတော်မှ ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များနှင့်အညီ အကျုံးဝင်သည့်နေရာတွင် အခြေချနေထိုင်ခြင်းဖြင့် မိမိဝန်ကြီးဌာနမှ တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သင့်သည့်မှတ်ပုံတင်တစ်မျိုးမျိုး ရရှိရေးအတွက် စိစစ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

ဦးစိန်ဗိုလ်(မြဝတီမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မှတ်ပုံတင်ကတ်ပြား၊ အိမ်ထောင်စုစာရင်းရရှိရန် အလွန်အခက်အခဲ ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရပ်နားချိန်၌ လူထုတွေ့ဆုံပွဲတွင် အများဆုံး မေးသည့် မေးခွန်းသည် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပြုလုပ်နိုင်ရေး ဖြစ်ပါကြောင်း၊ ယခု ကျူးကျော်နေ သည့် အိမ်ထောင်စုများရှိသလို ရွှေ့ပြောင်းသွားလာပြီး အလုပ်လုပ်ကိုင်နေသည့် အိမ်ထောင်စုများ ရှိပါကြောင်း၊ ၎င်းတို့သည် ငါးနှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် ရှိသည့်အိမ်ထောင်စုများကိုလည်း မိမိတို့တွေ့ ရပါကြောင်း၊ ၎င်းတို့တင်ပြသည်မှာ အိမ်ထောင်စုစာရင်း လုပ်လိုသော်လည်း လုပ်ရခက်ကြောင်း၊ ၎င်းတို့ နည်းဥပဒေ၊ ဥပဒေများနှင့်အညီ ဖြစ်ရန်ဆိုသည်မှာ တောရွာများတွင်နေသည့်ပုဂ္ဂိုလ်များ လည်း ရှိသလို မြို့ထဲ၊ ရပ်ကွက်ထဲတွင် အများကြီးတွေ့ရပါကြောင်း၊ မိမိတို့က စနစ်တကျနှင့် မြန်မြန် ဆန်ဆန် စီမံချက်ချရေးဆွဲပြီး ဆောင်ရွက်မှသာလျှင် ထိုပြဿနာသည် ပြေလည်မည်ဖြစ်ပါကြောင်း။ ယခုလိုဆိုပါက မည်သည့်နည်းနှင့်မျှ ပြေလည်နိုင်ရန်မရှိပါကြောင်း၊ ထို့ကြောင့် ရွှေ့ပြောင်းပြီး အခြေချနေထိုင်နေသည့် မိသားစုများကိုလည်း အိမ်ထောင်စုစာရင်းကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်မည့် နည်းလမ်းများကို စီမံဆောင်ရွက်ထားရှိမှု အခြေအနေရှိ/မရှိ သိလိုကြောင်း မေးမြန်း ပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်

မိမိတို့ နိုင်ငံတော်အစိုးရလက်ထက်တွင် မှတ်ပုံတင်နှင့်ပတ်သက်ပြီး ပြည်သူလူထုများ လွယ်ကူ လျင်မြန်စွာရစေရန် သစ္စာစီမံချက်နှင့် မြို့နယ်ရုံးများတွင်သာ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရပ်ကွက်/ ကျေးရွာများ၊ စာသင်ကျောင်းများအထိ ဆောင်ရွက်နေပါကြောင်း၊ ယခင်က ရွှေ့ပြောင်းသွားသူများ အိမ်ထောင်စုစာရင်းမှတ်ပုံတင်မရှိလျှင် သက်ဆိုင်ရာမူရင်းဒေသကိုပြန်သွားပြီး ထောက်ခံချက်များ ယူလာပြီးမှ မိမိတို့ရုံးများက အိမ်ထောင်စုစာရင်း မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးခြင်း ဖြစ်ပါ ကြောင်း၊ ယခု သစ္စာစီမံချက်နှင့် ဆောင်ရွက်ချိန်တွင် သက်ဆိုင်ရာမြို့နယ်ရုံးများသော်လည်း ကောင်း၊ သစ္စာစီမံချက်နှင့် မြေပြင်တွင် ရပ်ကွက်/ကျေးရွာများကို ကွင်းဆင်းချိန်တွင်သော် လည်းကောင်း  ဆက်သွယ်ဆောင်ရွက်မည်ဆိုပါက ၎င်းတို့နေထိုင်ခဲ့သည့်ဒေသများကို ပြန်လည် မေးမြန်းစိစစ်ပြီး ဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စုစာရင်းရရှိရေး၊ မှတ်ပုံတင်ရရှိရေးကို အမြန်ဆုံး ဆောင်ရွက်နေပါကြောင်း၊

တစ်ခုခက်သည်မှာ နေထိုင်သူများက နိုင်ငံတော်က တရားဝင်ခွင့်ပြုထားခြင်း မရှိသည့် နိုင်ငံတော် ပိုင်မြေ၊ အစိုးရဌာနပိုင်မြေ၊ သစ်တောမြေ၊ စည်ပင်မြေ၊ အဖွဲ့အစည်းပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ သာသ နာ့နယ်မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ မြေနုကျွန်း၊ မီးရထားလမ်းဘေး၊ ကားလမ်းဘေးစသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက ခွင့်ပြုချက်မရှိသည့်နေရာများတွင် နေထိုင်ရန်အတွက် ၎င်းတို့ လိပ်စာများနှင့် လုပ်ချင်ပါက လက်ရှိတည်ဆဲဥပဒေများအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ၎င်းတို့၏ မူရင်းဒေသများမှ လိပ်စာနှင့်လုပ်မည်ဆိုပါက သစ္စာစီမံချက်ဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း ဖြေကြားပါသည်။