Skip to main content

 
ကြို့ပင်ကောက်မြို့နယ်ရှိ ဂုမ္မကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာအနီးတွင် မြို့လယ် ချောင်းကူးတံတား (ကုန်ထုတ်တံတား) တစ်စင်း တည်ဆောက်ပေးရန် မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ဒေသ တောင်သူများ၏ လယ်ယာမြေများဖြစ်သည့် ကွင်းအမှတ်(၅၄၇/၅၄၈)တွင် ရှိသည့်လယ်ယာမြေများ သည် မြို့လယ်ချောင်း၏တစ်ဖက်ကမ်းတွင် တည်ရှိနေခြင်းဖြစ်ပါကြောင်း၊ ချောင်းရေကုန်ချိန်ကို စောင့်ဆိုင်းပြီး သီးနှံများသယ်ယူရသောကြောင့် သီးနှံပျက်စီးခြင်းနှင့် သယ်ယူစရိတ်စကများ ဈေး မြင့်မားခြင်းတို့မှာ နှစ်စဉ် ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ လယ်ယာသုံးကိရိယာများဖြစ်သည့် လယ်လုပ်စက်များကို နှစ်စဉ်လယ်ကွင်းထဲတွင် မိုးထဲလေထဲ ပစ်ထားခဲ့ရခြင်းဖြစ်သည့်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် မြို့နယ် စီမံရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့တို့ ဒေသပြည်သူများနှင့် တွေ့ဆုံသည့်အခါ ထိုဒေသတစ်ခု လုံးတွင်ရှိသည့် ပြည်သူများသည် ၎င်းကုန်ထုတ်တံတားတစ်ခုကို ဦးစားပေးပြီးတင်ပြ တောင်းဆို လာကြခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြို့ကုန်းကျေးရွာအနီးတွင်ရှိသည့် မြို့လယ် ချောင်းကူး တံတား (ကုန်ထုတ်တံတား)အား တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 


ကြို့ပင်ကောက်မြို့နယ်၊ ဂုမ္မကွင်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာအနီးတွင် မြို့လယ်ချောင်းကူး တံတားကို သစ်သားတံတားပေ(၆၀ x ၁၄ x ၂၀) တည်ဆောက်မည်ဆိုပါက ငွေကျပ်သန်း ၆၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းကြောင့် ဒေသ၏လယ်မြေဧက ၇၀၀ ကို အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်း ၁၆ မိုင် ၀.၂၅ ဖာလုံကို မြေသားလမ်းခင်းခြင်းနှင့် ဂဝံခင်းခြင်းလုပ်ငန်းများ၊ ကွန်ကရစ်တံတား နှစ်စင်း၊ သစ်သားတံတား တစ်စင်း၊ Box Culvert ၁၇စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို လျာထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
အဆိုပါ လုပ်ငန်းအစီအစဉ်အတွင်း ကြို့ပင်ကောက်မြို့နယ်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၏ရန်ပုံငွေနှင့် ကုန်ထုတ်လမ်း ၁ မိုင် ၀.၈ ဖာလုံကို မြေသား လမ်းခင်းခြင်းနှင့် ဂဝံခင်းခြင်းလုပ်ငန်းများ၊ Box Culvert  နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ လျာထားပါဝင်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် ကြို့ပင်ကောက်မြို့ နယ်၊ ဂုမ္မကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာအနီးတွင် ရှိသည့်မြို့လယ်ချောင်းကူး သစ်သားတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင် ပါဝင်မှုမရှိခဲ့သည့်အတွက် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါ သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်