Skip to main content

(ခ)-စဉ့်ဝင်ကျေးရွာအုပ်စု၊ စေတီဖြူရွာနှင့် ရွာသစ်ကျေးရွာသို့ သွယ်တန်းဖြန့်ဖြူးပေးထားသော လျှပ်စစ် ဓာတ်အားများ အပြည့်အဝအသုံးပြုရန်နှင့် နောင်ခမ်းကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဆက်လက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်တို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

 

မောက်မယ်မြို့နယ် ဈေးလမ်းရပ်ကွက် အတွင်းတွင်ရှိသည့် ထရန်စဖော်မာ မှ စဉ့်ဝင်ကျေးရွာအုပ်စု စေတီဖြူရွာ၊ ရွာသစ်ကျေးရွာများကို လျှပ်စစ်သွယ်တန်းထားသည့်အတွက် လျှပ်စစ်သုံးစွဲမှုများ မလောက်မငှဖြစ်ပေါ်လာသည့်အတွက် ယခုမေးခွန်းကို တင်သွင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ယခုလက်ရှိ အနေအထားမှာ မြို့နယ်လျှပ်စစ်မှူးနှင့် ကျေးရွာအုပ်စုတာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုကြောင့် ယာယီကြိုး တပ်ဆင်ထားပါကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင်လည်း လျှပ်စစ်ကြိုးလွှဲပြောင်းလဲလှယ်ခြင်း၊ ထရန်စဖော်မာတစ်လုံးသီးသန့် တပ်ဆင်ခြင်း လုပ်ငန်းများ ပါရှိလာခြင်းဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင် ကျေးရွာအုပ်စုရှိ နောင်ခမ်းကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဆက်လက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည် ကို သိလိုကြောင်းမေးမြန်းပါသည်။


 

စဉ့်ဝင်ကျေးရွာအုပ်စုတွင်ရှိသည့် နောင်ခမ်းကျေးရွာသို့ လျှပ်စစ်ဓာတ်အားဆက်လက် ဖြန့်ဖြူးပေး ပို့နိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက် မယ့် ရွာသစ်ကျေးရွာ ၁၁ ကေဗွီဓာတ်အားလိုင်းတစ်မိုင်နှင့် ဆက်လက်ဓာတ်အား ချိတ်ဆက်ရယူ ၍ နောင်ခမ်းကျေးရွာသို့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁.၇ မိုင်၊ နောင်ခမ်း ကျေးရွာတွင် ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀.၈ မိုင် တည်ဆောက် ပေးရမည်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကိုယ်စား ပြန်လည်ဖြေကြားပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ၊ ဦးခင်မောင်ဝင်း