Skip to main content

 

မင်အို-အိုင်တောင်-နတ်တောင်-နွားခြံကုန်းလမ်းသည် ကျေးရွာပေါင်း ၁၃ ရွာ၊ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်နှင့် လူဉီးရေပေါင်း ၁၁၀၀၀ ကျော်ရဲ့ လူမှုစီးပွားရေးဘဝများအတွက် များစွာအားထား အကျိုးပြုရသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ပုံမှန် လမ်းကြောင်းအတိုင်း လမ်းအဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက လမ်းအရှည်သည် ၁၀ မိုင်ခွဲခန့်ရှိမည်ဖြစ်ပြီး မင်အို-အိုင်တောင်လမ်းပိုင်းသည် ချင်းတွင်းမြစ်ရေဝင်ရောက်လေ့ရှိပါကြောင်း၊ နေက်လမ်းကြောင်း အတိုင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လမ်းအရှည် မိုင်သည် ၁၃ မိုင်ခန့်ရှိမည်ဖြစ်ပြီး မြစ်ရေလွတ်သည့်အပိုင်း ဖြစ်ပါကြောင်း၊

မြစ်ရေဝင်ရောက်လေ့ရှိသည့် မင်အို-အိုင်တောင်လမ်းပိုင်းက လမ်းအဆင့်မြှင့်တင်သည်ဖြစ်စေ၊ မြစ်ရေလွတ်သည့်ဘက်က လမ်းအဆင့်မြှင့်တင်သည်ဖြစ်စေ ဒေသအတွက်များစွာ အကျိုးပြုသည့် လမ်းဖြစ်သည့်အတွက် မင်အို-အိုင်တောင်-နတ်တောင်-နွားခြံကုန်းလမ်းကို လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ မင်းအို-အိုင်တောင်-နတ်တောင်-နွားခြံကုန်း လမ်းအရှည် ၉ မိုင် ၇ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဉီးစီး ဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ဦးစွာ လမ်းအဆင့်သတ်မှတ်ချက်များကိုကို ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊ သပြေတော-နတ်လဘိုမြေသားလမ်းအရှည် ၂ မိုင် ၃ ဖာလုံ သည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(B) ဉီးစားပေးအဆင့် (၂)လမ်းစာရင်းတွင်လည်းကောင်း  ယင်းဘို-နတ်လဘို့-ဒေါင်းခြံ-နတ်လဘို့ မြေသားလမ်းအရှည် ၃ မိုင် ၄ ဖာလုံသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(C) ဉီးစားပေးအဆင့်နှစ်လမ်းစာရင်းတွင်လည်းကောင်း၊ ယင်းဘို-နွားခြံကုန်း-ဘုရားစု မြေသားလမ်းသည် လမ်းအဆင့်သတ်မှတ်ချက် Class(C) ဉီးစားပေးအဆင့် (၃)လမ်းတွင် လည်းကောင်း ပါဝင်ပါကြောင်း၊

အဆိုပါလမ်းပိုင်းများအား မြေသားလမ်းအဆင့်မှ လမ်းတာချဲ့ခြင်းနှင့် လမ်းအဆင့်မြှင့် တင်ခြင်း လုပ်ငန်းတို့ ဆောင်ရွက်ရန်လိုအပ်လျက်ရှိပါသဖြင့် သတ်မှတ်လမ်းအကျယ် ရရှိရေး အတွက် ဒေသ ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ကျေးရွာနေ ဒေသခံ ပြည်သူ များက ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ မင်းအို-အိုင်းတောင်-နတ်တောင်-နွားခြံကုန်း လမ်းအရှည် ၉ မိုင် ၇ ဖာလုံသည် လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာရှစ်ရွာ၊ လူဉီးရေ ၇၀၀၀ ကျော်ကို တိုက်ရိုက်အကျိုးပြု မည်ဖြစ်ပါသဖြင့် လမ်းအဆင့် သတ်မှတ်ချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ပြည်ထောင်စုရန်ပုံငွေ၌ ထည့်သွင်းလျားထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဉီးထွန်းထွန်းနိုင်(ကနီမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီး၏ ဖြေကြားချက်တွင် လမ်းပိုင်းနှင့်ပတ်သက်ပြီး ကျေးရွာခုနစ်ရွာအသုံးပြုနို်ငကြောင်း၊ လူဉီးရေ ၇၀၀၀ ကျော်လောက်အသုံးပြုလို့ရရသည့်အပိုင်းနှင့် နောက်လမ်းသတ်မှတ်ချက်များ ဖြေကြားခဲ့ ပါကြောင်း၊ အဆိုပါလမ်းနှင့်ပတ်သက်ပြီး တင်ပြမည်ဆိုပါက ယင်းလမ်းသည် တစ်ဆက် တစ်စပ်တည်း ရှိခြင်းဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝတွေအတွက် မုံရွာမြို့ကိုကုန်ထုတ်ရန်၊ ကုန်စည် စီးဆင်းရန် သွားသည့်လမ်းလည်းဖြစ်ပါကြောင်း၊ ရုံးနှင့်ပတ်သက်သည့် မြို့နယ်အဆင့်ရုံးများ သွားရာတွင်လည်း အဆိုပါကလမ်းကိုပင် အသုံးပြုနေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လူဉီးရေနှင့် အိမ်ထောင်စုများ မည်မျှ အားထားနေရသည့် လမ်းကို တွက်ချက်ခြင်းမရှိဘဲ  လမ်းအဆင့်သတ်မှတ် ချက်များ အပေါ်မှာမူတည်ပြီးဆောင်ရွက်မည်ဆိုပါက အဆင်မပြေပါကြောင်း၊ ထို့ကြောင့် ယင်း လမ်းကို ၂၀၂၁ နောက်ပိုင်းမဟုတ်ဘဲ ယခုနှစ်အတွင်း ဆောင်ရွက်ပေးရန် တောင်းခံလိုပါကြောင်းနှင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးကျော်လင်း

ကျေးလက်လမ်းများနှင့် ပတ်သက်၍ ကျေးလက်လမ်းက မိုင်ပေါင်း ၆၀၀၀၀ ကျော်ခန့်ရှိပြီး  ပြည်ထောင်စုလမ်းသည် မိုင်ပေါင်း ၂၀၀၀၀ ကျော်သာရှိသည့်အတွက် ပြည်ထောင်စုလမ်းမကြီးများ ထက် နှစ်ဆကျော်ခန့် များပြားပါကြောင်း၊ ယခုလက်ရှိအချိန်တွင် ကျေးလက်လမ်း ၂၀ ရာခိုင်နှုန်း ခန့်သာ Weather Road၊ All Weather Road တို့ဖြစ်နေခြင်းကြောင်း ၂၀၃၀ ခုနှစ်ကျရင် All Weather Road တို့ဖြစ်ရန် စီမံချက်ထားသည့်အတွက် ဉီးစားပေး (A)၊ (B)၊ (C) ဟူ၍ ခွဲခြားခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ခွဲခြားရာတွင်တွင် သက်ဆိုင်ရာဝန်ကြီးချုပ်များကို ညှိနှိုင်းပြီး ဝန်ကြီးချုပ်များက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ခေါ်ယူပြီး လမ်းအဆင့် သတ်မှတ်ချက်ဦးစားပေးများ သတ်မှတ်ပြီးမှသာ မိမိတို့ဆီကိုပေးပို့လာခြင်းဖြစ်ပါကြောင်း၊  မိမိတို့မှ ဝန်ကြီးချုပ်များ၏ ထောက်ခံချက်ဖြင့်  လွှတ်တော် တစ်ကြိမ်၊ သက်ဆိုင်ရာ ရေးရာကော်မတီမှ လာရောက်ရှင်းလင်းတင်ပြပြီးမှသာ Cabinet ကို တင်ပြ အတည်ပြုထားတာဖြစ်ခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ (A)၊ (B)၊ (C) များဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းသည် Class(C)ဖြစ်သည့်အတွက် ၂၀၂၁ နောက်ပိုင်းတွင် ဆောင်ရွက်ရမည့်လမ်း ဖြစ်နေခြင်းဖြစ်ပါကြောင်း၊

ယခုကဲ့သို့ Class(C)ဖြစ်နေခြင်းအပေါ် ကိုယ်စားလှယ်တော်ကြီးမှ ပြုပြင်ပြောင်းလဲလိုပါက ပြောင်းလဲနိုင်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးချုပ်များကို ညှိနှိုင်းပြီး Class(C) မှ Class(B) သော်လည်းကောင်း၊ Class(A) သော်လည်းကောင်း ပြောင်းလဲရန် လမ်းနယ်လိုအပ်ပါကြောင်း၊ Class(C)သည် လမ်းနယ်မရှိသည့်အတွက် ၁၀ ပေသော်လည်းကောင်း၊ ၁၂ ပေသော်လည်းကောင်း ဖြစ်နိင်ပါကြောင်း၊ လမ်းနယ်လည်းသီးသီးသန့်သန့် ပေးနိုင်မည်ဆိုပါက Class(B) ဖြစ်လာနိုင်ပြီး Class(B) မှာမှ ယာဉ်သွားလာမှုများပါက Class(A) အဆင့်ရောက်မည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီးကတစ်ဆင့် သက်ဆိုင်ရာဒေသခံလူထုကို နားလည်အောင်ရှင်းလင်းတင်ပြ ပြီး သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် ညှိနှိုင်းပြုပြင်ပြောင်းလဲလို့ရနိုင်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးကျော်လင်း