Skip to main content

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော်လည်း သီးခြားတည်ရှိသည့် တောင်ပေါ် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ် မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ အသစ်ပြုလုပ်ရန်အတွက် စီမံချက်ချပြီး လုပ်ဆောင်ခဲ့ရာတွင် မိမိတို့မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များ တူညီတာစွာ ထုတ်ပေးခဲ့သည်ရှိကြောင်းကို ‌သိရှိခဲ့ရပါကြောင်း၊ စိစစ်ရေးကတ်နံပတ်များထပ်နေသည့်အတွက် ပြည်သူများသည် ၎င်းတို့၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကိစ္စရပ်များဆောင်ရွက်သည့်အခါတွင် အခက်အခဲများ ကြုံတွေ့သည်မှာ ယခုအခါပိုမိုပြီးများပြားလာပါကြောင်း၊

အထူးသဖြင့် ဘဏ်စာရင်းများဖွင့်ခြင်း၊ ငွေထုတ်ခြင်း၊ ဘဏ်မှ ငွေလွှဲခြင်း၊ နိုင်ငံကူးလက်မှတ်ပြု လုပ်သည့် ကိစ္စများတွင် ကွန်ပျူတာနှင့် အသုံးပြုသည့်အတွက် ၎င်းနေရာတွင် နံပါတ်တူထွက် လာသည့် ပြဿနာများကို ယခုအခါတွင် ပိုပြီး ရှင်းရပါကြောင်း၊ ယခုလိုနံပါတ်တူထပ်နေသည်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(ရုံးချုပ်)မှ ညွှန်ကြားချက် (၈/၂၀၁၅)ထုတ်ပြီး ဖြေရှင်းပေးနေသော်လည်း အောက်ခြေတွင် ရှေ့သို့မရောက်ဖြစ်နေပါကြောင်း၊ လီဆူး၊ လီချောစသည့် အမည်ပြဿနာ၊ သွေးနှောခြင်းစသည့် ကိစ္စများကို သက်ဆိုင်ရာ မြို့နယ် ဝန်ထမ်းများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဝန်ထမ်း များ ကြိုးစားပြီးဖြေရှင်းပေးနေသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုထပ်ပြီး နံပါတ်တူများ ထပ်လာသည့် အခါ ဝန်ထမ်းအင်အားသည် လောလောဆယ် ၁၃ ယောက်သာ ရှိသည့်အတွက် ဝန်ထမ်းအင်အား မလောက်မငှဖြစ်နေပါကြောင်း၊

နံပါတ်တူတွေထပ်နေသည့် သားသမီးများ ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့် ရှေ့နံပါတ်အတွက် သွားရောက် ပြီးလုပ်ကိုင်သည့်အခါမှာ ၎င်းမိဘများ၏ (နိုင်)၂၊ (နိုင်)၄ များကို ကြည့်လိုက်သည့် အခါ နံပါတ်တူ များထပ်နေသည်ကို တွေ့ရပါကြောင်း၊ ထိုအခါ ရုံးက နံပါတ်တူထပ်နေသည့် ၎င်းတစ်ယောက်ကို ရှာပြီးခေါ်ခဲ့ရန်ပြောပါကြောင်း၊ ဘယ်သူမှန်းမသိ၊ ဘယ်မှာနေမှန်းမသိသည့် သူတစ်ယောက်ကို ရှာဖွေပြီးခေါ်ဆောင်ရန် အင်မတန်ခက်ခဲသည့် အလုပ်ဖြစ်သည့်အတွက် ရှေ့ဆက်ပြီး စိစစ်ရေး ကတ်ပြားကို ၎င်းတို့၏ သားသမီးများလုပ်ရန် ရှေ့ဆက်ရန်အတွက် ရပ်တန့်နေပါကြောင်း၊

နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်များ နိုင်ငံသားအချင်းချင်း ထပ်နေသည်မှာ ပြဿနာမရှိသော် လည်း အခြားနိုင်ငံခြားသားတစ်ဦးဦးနှင့် နံပါတ် သွားထပ်နေမည်ဆိုပါက  နောက်ထပ်ပြဿနာများ ရှုပ်ထွေးနိုင်ပါကြောင်း၊ ထို့အပြင် နံပါတ်ထပ်နေသည့်လူများ၏ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ ကား စသည်ဖြင့် ဝယ်ယူစာချုပ်ချုပ်သည့်အခါ နံပါတ်တူထပ်နေသည့်အတွက် ပြဿနာလေးများ တဖြည်း ဖြည်းနှင့် ပေါ်ပေါက်လာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိကိုယ်တိုင် နံပါတ်တူထပ်နေသည့် လူရှိ/မရှိ မသိနိုင်ပါကြောင်း၊ ပြဿနာတစ်ခုခုဖြစ်လာမှသာ သိရပါကြောင်း၊

မြို့နယ်တွင် နံပါတ်တူဘယ်လောက်ထပ်နေသည်ကို သက်ဆိုင်ရာရုံးကသာ သိနိုင်မည်ပါကြောင်း၊ ထို့ကြောင့် စိစစ်ရေးနံပါတ်ပြားထပ်နေသည့်သူများ၏အမည်စာရင်းကို ရုံးမှကြေညာပေးမှသာ ကျန် လူများ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို ဒီအတိုင်းထားလို့မရဘဲ ရှင်းရမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးရမည်ဖြစ်သည့် အတွက် နံပါတ်တူများ ထပ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီးထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် ၎င်းတို့၏နိုင်ငံ‌ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကိစ္စများဆောင်ရွက်ရာတွင် ပြဿာနာများမဖြစ်ပေါ်စေရေးနှင့် စိစစ်ရေးကတ် နံပါတ်တူများထပ်နေသူနှင့် ထပ်နေတာကိုမသိသေးသည့်သူများအတွက် နိုင်ငံသားများ၏ မူလအခွင့် အရေးမဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်မည် ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

တစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံသားဥပဒေကို ၁၅.၁၀.၁၉၈၂ရက်နေ့ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)နှင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယအစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး၊ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀.၉.၁၉၈၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ နိုင်ငံသားလုပ်ငန်းကို ၁.၃.၁၉၈၅ ရက်နေ့တွင်နိုင်ငံတစ်ဝန်းလုံးတွင် စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံပြင်ပရောက်ရှိနေထိုင်သူများ အတွက်ကို သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတို့မှတစ်ဆင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁.၈.၁၉၈၉ ရက်နေ့တွင်စပြီး နိုင်ငံတစ်ဝန်းလုံးတွင် စဉ်ဆက်မပြတ်စီမံချက်ဖြင့် နိုင်ငံသားအရည် အချင်း ပြည့်မီသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

နိုင်ငံတစ်ဝန်းလုံး နိုင်ငံသားစီမံချက်ဖြင့် တစ်ပြိုင်တည်းဆောင်ရွက်ပေးသည့် နေရာတွင်  မိမိတို့ ဌာနရှိ ဝန်ထမ်းအင်အားလုံလောက်မှုမရှိသည့်အတွက်  နေ့စားလုပ်အားပေး ဝန်ထမ်းများ၊ ပညာရေး ဌာနမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများမှ လုပ်အားများကိုခေါ်ယူပြီး ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ပေးသည့် နေရာတွင် မိမိဌာနရှိ ဝန်ထမ်းများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားလက်မှတ်များကို စိစစ်ရန် အားနည်းချက်များ၊ လိုအပ် ချက်များရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းပြဿနာများဖြစ်ပြီး နိုင်ငံသားနံပါတ် တစ်ခုတည်း ကို လူပုဂ္ဂိုလ် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုပြီး နံပါတ်ထပ်မှုများ ရှိနေခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့်နေရာတွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအကြောင်းအရာများကို ကိုယ်ရေးမှတ်တမ်းဖြည့်သွင်းပြီး မှတ်ပုံတင်စာအုပ်တွင် နံပါတ်ပေးပြီး ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊

မြို့နယ်များတွင် နိုင်ငံသားနံပါတ်တစ်ခုကို လူပုဂ္ဂိုလ် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးမှုများနှင့် ပတ်သက်ပြီး ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်ခြင်း၊ မိတ္တူလျှောက်ထားခြင်း၊ သားသမီးများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားခြင်း၊ ပစ္စည်းများဝယ်ယူခြင်း၊ ဘဏ်စာရင်းများ ဖွင့်လှစ်ခြင်း၊ Passport များပြုလုပ် သည့်အချိန် သိရှိလာရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားနံပါတ်တစ်ခုတည်းကို လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုပြီး ထပ်နေသည့်လူများတွေ့ရှိပါက ဆောင်ရွက်ရန်နည်းလမ်းများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားစိစစ်သည့်နည်းလမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် အတည် ပြုချက်ရယူရမည့် နံပါတ်ကိစ္စများကို စနစ်တကျသတ်မှတ်ပေးပြီးဖြစ်ပါကြောင်း၊

အဓိကအားဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စစ်ဆေးသည့်အခါ မသမာနည်းဖြင့် နိုင်ငံသား မရထိုက်သူကို ထုတ်ပေးထားကြောင်း စစ်ဆေးတွေ့ရှိပါက ပါဝင်ပတ်သက်သူများ ကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများအရ တည်ဆဲဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်ထပ်နေသည့် အတွက် စစ်ဆေးတွေ့ရှိချက် များ၊ အထောက်အထားများနှင့်အတူ အမှုတွဲများပြည့်စုံစွာတည်ဆောက်ပြီး မြို့နယ်ဦးစီး ဌာနမှူးမှ တိုင်းဒေသကြီးဦးစီးမှူးကို တင်ပြပြီး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသမာမှုများကို လည်းမိမိတို့ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်ရှိ ပြည်သူများအနေြဖင့် နိုင်ငံသားနံပါတ်ထပ်နေကြောင်းကိုသိရှိမည် ဆိုပါက မြို့နယ်ဦးစီးရုံးကို ကိုယ်တိုင်လာရောက်လျှောက်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားနံပါတ် ထပ်နေကြောင်းမသိရှိသူများအတွက်လည်း လွယ်လင့်တကူဆောင်ရွက်နိုင်ရန်အတွက်ကို မိုးကုတ် မြို့နယ်ဦးစီးမှူးရုံး၏ ရှေ့မျက်နှာစာတွင် Vinyl နှင့်ချိတ်ဆွဲပြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ကြေညာထားပါကြောင်း၊ ကျေးရွာအုပ်စုများကို ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ရှင်းလင်း ပြောကြားလျက်ရှိပါကြောင်း၊ နိုင်ငံသားပေးအပ်ပွဲများ၊ အခမ်းအနားများတွင် ပြည်သူလူထုများကို ဆွေးနွေးတင်ပြပြီး လစဉ်ထွေအုပ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် တစ်လ နှစ်ကြိမ် ရပ်/ကျေး အစည်းအဝေးများတွင် အုပ်ချုပ်ရေးမှူးများကို ရှင်းလင်းပြောကြားခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြို့နယ်တစ်ခုလုံးရှိ နံပါတ်များကို ဝန်ကြီးဌာနအနေြဖင့် လျှောက်ထားလာသူများ ရှိပါက စိစစ်လျက်ရှိပါကြောင်း၊ ထို့ပြင် ယခုလိုထပ်ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းမှ လက်ရေးနှင့် ရေးသွင်းရပြီး ပြန်လည်စိစစ်မှုအားနည်းခဲ့ခြင်းဖြစ်သည့်အတွက် ယခုအခါ နိုင်ငံတော်အစိုးရ အနေဖြင့် e-Government အကောင်အထည်ဖော်ရေးဗဟိုကော်မတီလမ်းညွှန်ပြီး URD လုပ်ငန်းများကို လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်းပေးထားပါကြောင်း၊ URD လုပ်ငန်း Unit ID လုပ်ငန်းများ၊ EID လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နည်းပညာအရ နံပါတ်များ၊ လူများလုံးဝ ထပ်နိုင်သည့်အနေအထားမရှိတော့ပါကြောင်း၊

၎င်းကိုမိမိတို့ ကြိုတင်သိရှိသည့်အတွက် တစ်နိုင်ငံအတိုင်းအတာဖြင့် ဆောင်ရွက်ရန် စီမံချက်ချမှတ် ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုပ်ငန်းများဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတစ်ဝန်းလုံး တွင်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထပ်နေမှု လူနှစ်ဦး သို့မဟုတ် နှစ်ဦးထပ်ပိုပြီး ထပ်နေသည့် ကိစ္စများ လျော့နည်းပပျောက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် မြို့နယ်မှစိစစ် လျက်ရှိပြီး နိုင်ငံသားနံပါတ်များထပ်နေသည့်လူများရှိပါက မြို့နယ်ဦးစီးမှူးရုံးနှင့် ဆက်သွယ် ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေြဖင့် နိုင်ငံသားများအတွက် အခွင့်အရေးများ မဆုံးရှုံး စေရေး အတွက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ဆက်လက်ပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

         

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ