Skip to main content

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာ အုပ်စုသည် ကျေးရွာငါးရွာဖြင့် ဖွဲ့စည်းထားပြီး အိမ်ထောင်စုပေါင်း ၅၃၉ စု၊ လူဦးရေပေါင်း ၂၆၂၈ ဦးရှိပါကြောင်း၊ ရွာငံမြို့နှင့် ၁၃ မိုင်ကွာဝေးပြီး တောင်ပေါ်ဒေသဖြစ်သည့်အတွက် မိုးတွင်းကာလများတွင် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲပါကြောင်း၊ ရွာငံမြို့၏မြောက်ဘက် ခြမ်းတွင် ကျေးရွာချင်းဆက်လမ်းများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ (နတလ)ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ရွာငံ၊ ပင်းတယ နှစ်မြို့ရှိပါကြောင်း၊ (နတလ)ဘတ်ဂျက်များ မှန်မှန် ကန်ကန် မျှမျှတတခွဲဝေရန်လိုပါကြောင်း၊ မမျှမတသည့်ဘတ်ဂျက်များ တွေ့ရှိနေရပါကြောင်း၊

မိမိတို့တောင်ပေါ်ဒေသများ၏ကျေးရွာများတွင် ဖွံ့ဖြိုးတိုးတက်ရန်လမ်းပန်း ဆက်သွယ်ရေးက အင်မတန်အရေးကြီးသည့်အတွက် (နတလ) ဘတ်ဂျက် များကို မှန်မှန်ကန်ကန်မျှမျှတတဆောင်ရွက်ပေးရန် တင်ပြလိုပါကြောင်း၊ လင်းဝေး-သိမ်ကုန်းကျေးရွာချင်းဆက်လမ်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် မြေသားလမ်းအဖြစ်ဖောက်လုပ်ထားပြီး ယနေ့အချိန်ထိအဆင့်မြှင့်တင် နိုင်ခြင်းမရှိသေးပါကြောင်း၊ ဒေသခံပြည်သူများအတွက် သွားရေးလာရေး အင်မတန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကိုအဆင့်မြှင့်တင်ပေးပါက ဒေသခံများက သတ်မှတ်လမ်းပေအကျယ်ကိုလည်းပေးလှူမည် ဖြစ်ပါ ကြောင်း၊ 

သို့ဖြစ်ပါ၍ ရွာငံမြို့နယ်၊ လင်းဝေး-သိမ်ကုန်းကျေးရွာချင်းဆက်လမ်း ငါးမိုင်၊ မြေသားလမ်း ငါးမိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာနှင့် သိမ်ကုန်းကျေးရွာ ဆက်သွယ်သော လမ်းအား သိမ်ကုန်း-လင်းဝေး-ဆင်ဆာပြား(၅/၇)မိုင်လမ်းကြောင်းပေါ်တွင် ပါဝင်ပါကြောင်း၊ သိမ်ကုန်းမှလင်းဝေးအထိ (၃/၅)မိုင်နှင့် လင်းဝေးမှဆင်ဆာ ပြားအထိ (၂/၂)မိုင်ရှိပါကြောင်း၊ အဆိုပါ လမ်းပိုင်းသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေဦး(ကျောက်မြောင်း)-သိမ်ကုန်း-အင်းကြီး-ငွေတောင် ကတ္တရာလမ်းမကြီးနှင့် ဆက်စပ်လျက်ရှိသော လမ်း ကြောင်းဖြစ်ပြီး အဆိုပါကတ္တရာလမ်းမကြီးပေါ်ရှိ သိမ်ကုန်းကျေးရွာမှ စတင်၍ သိမ်ကုန်း-လင်းဝေး-ဆင်ဆာပြား(၅/၇)မိုင်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် မြေသား လမ်းဆောင်ရွက်ပေးခဲ့ပြီးကြောင်းနှင့် ယခုအခါလမ်းများပျက်စီးမှုဖြစ်ပေါ်နေ ကြောင်းကိုလည်း စစ်ဆေးချက်အရတွေ့ရှိရပါကြောင်း၊

ရွာငံမြို့နယ်၊ သိမ်ကုန်း-လင်းဝေးလမ်းပိုင်း(၃/၅)မိုင် အနက်တစ်မိုင်ခန့်သည် လမ်းအကျယ်(၁၆ ပေx ၁၈ ပေ)ခန့်သာရှိပြီး အချို့နေရာများက ကျောက် ဆောင်များဖြစ်နေသည့်အတွက် သတ်မှတ်လမ်းအကျယ်ရရှိအောင် လမ်းချဲ့ ထွင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လိုသော စီမံကိန်းလုပ်ငန်းများကို တင်ပြတောင်းခံသည့့်နေရာတွင် လုပ်ငန်းနှင့် စီမံ ကိန်းအဆိုပြုလွှာပုံစံများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့လည်း ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊

ထို့ကြောင့် ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာနှင့် သိမ်ကုန်းကျေးရွာချင်း ဆက်လမ်းအား ကျောက်ချောလမ်းအဆင့်မြှင့်တင်နိုင်ရေးနှင့်ပတ်သက်၍ ဦးစွာပထမသတ်မှတ်လမ်းကျယ်ရရှိရေး မြေယာကိစ္စရပ်များ၊ ကျောက်ဆောင် မိုင်းခွဲလမ်းချဲ့ထွင်ခြင်းအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏ၊ ခန့်မှန်း တွက်ချက်မှုစသည်တို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကို ကွင်း ဆင်းလေ့လာစိစစ်စေပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံများဖြင့် ပြည့်ပြည့်စုံစုံစိစစ်ထောက်ခံတင်ပြလာပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အဆိုပြုလျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

         

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်