Skip to main content

 

သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စုအတွင်းရှိ ဇရပ်ကွင်းကျေးရွာအပါအဝင် ကျေးရွာရှစ်ရွာကို နယ်နိမိတ်ပြန်လည်စိစစ်တိုင်းတာခြင်း၊ နယ်နိမိတ်မှတ်တိုင်စိုက်ထူခြင်း ကိစ္စနှင့် ပတ်သက်၍ ချောင်းကြိမ်းသစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးရန်အတွက်  လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၇)တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစီရင်ခံစာကိုတင်ပြခဲ့ပြီးဖြစ်ပါ ကြောင်း၊ ၎င်းအစီရင်ခံစာတွင် အုန်းဇုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာရှစ်ရွာကို ပြည်ထဲ ရေးအမည်ပေါက်ကျေးရွာ များအဖြစ် ၂၀၁၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး သစ်တောကြိုးဝိုင်း အတွင်းမှ ပယ်ဖျက်ပေးခဲ့သော်လည်း ယခင်သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုမိန့်နှင့်ထုတ်ပေး ထားသည့် ရွှေသတ္တုလုပ်ကွက်များနှင့် ဧရိယာချင်းထပ်နေသည့်အတွက်ကြောင့် လုပ်ကွက် ဧရိယာများနှင့် လွတ်ကင်းအောင်ကျေးရွာများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး တင်ပြခဲ့သည့် နေရာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် မတ်လတွင် အတည်ပြုပေးခဲ့ပါကြောင်း၊ ထို့သို့ ပြင်ဆင်ဖွဲ့စည်းခဲ့သော ကျေးရွာများကို နောင်ကာလများတွင် ကျေးရွာမြေ၊ သတ္တုလုပ် ကွက်မြေ၊ သစ်တောမြေရောထွေးမှုများ ထပ်မံမဖြစ်ပွားရအောင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြီးကြပ်လုပ်ဆောင်ပေးပါရန်ဆိုပြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နေပြည်တော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စာဖြင့်ညှိနှိုင်း လာသည့်အတွက် ကျေးရွာရှစ်ရွာကို နယ်နိမိတ်ပြန်လည်စိစစ်တိုင်းတာခြင်း၊ နယ်နိမိတ် မှတ်တိုင်စိုက်ထူခြင်းကိစ္စအတွက် ခရိုင်အုပ်ချုပ်ရေးမှူးအား အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးပြီး  လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် မိမိလည်းအဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ပါကြောင်း၊ ကျန်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာနများ၏ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁) မြေတိုင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးခေါင်းဆောင် သောအဖွဲ့အား အဖွဲ့ဝင်များအဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇  ခုနှစ် ဖေဖော် ဝါရီလတွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကွင်းဆင်းစိစစ်တိုင်းတာရေးအဖွဲ့မှ ခေတ်မီစက်ကိရိယာ များနှင့်တိုင်းတာခဲ့ပြီး ကေျးရွာရှစ်ရွာ၏ ရွာမြေ၊ သစ်တောမြေ၊ သတ္တုရပ်ကွက်မြေဧရိယာ များကို Slide (၇) တွင် ဖော်ပြထားသော ဇယားအတိုင်းတိုင်းတာဖော်ထုတ်ခဲ့ပြီး ကွင်းဆင်း စစ်ဆေးချက်အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး(၁၄/၂၀၁၇)တွင် တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊

ထို့ကြောင့် ရောထွေးနေသော ကျေးရွာလေးရွာကိုလည်း သီးသန့်ရွေးထုတ်ဖော်ထုတ်ထားပါ ကြောင်း၊ မိမိတို့ ဇရပ်ကွင်းကျေးရွာတစ်ရွာထဲကို ကွက်ပြီးမေးရသည့်အကြောင်းက ဇရပ် ကွင်း ကျေးရွာက ဂရန်ခွင့်ပြုမိန့်ထုတ်ပေးသော စီမံချက်တွင်ပါနေသည့်အတွက်ကြောင့် မန္တလေးတိုင်းဒေသကြီး ၂၃ မြို့နယ်ရှိ တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာစီရွေးချယ်ပြီး မြေငှားဂရန် ထုတ်ပေးရန် စီမံချက်တွင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စာထွက် ထားသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှလည်း ၎င်းကိုကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက်ပြုပြီးဖြစ်ပါကြောင်း၊ လက်ရှိအခြေ အနေတွင် မြေပြင်အနေအထားအရ ကွက်စိတ်၊ ကွက်ကျဲတိုင်းတာမှုများ၊ ရွာမြေပုံတိုင်းတာမှု များလည်း အားလုံးလုပ်ဆောင်ပြီးဖြစ်ပါကြောင်း၊ သစ်တောပယ်ဖျက်ရန် ကျန်မြေဧရိယာ ၂၈.၈၉ ဧက သစ်တောမြေမပယ်ဖျက်သေးသည့်နေရာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၂၀၀ ခန့်နေပါကြောင်း၊ ထို့ကြောင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးသည့်အခါ ၎င်းအိမ်ထောင်စု များသည် ပါသွားမည် မဟုတ်သည့်အတွက် သစ်တောမြေအဖြစ်ပယ်ဖျက်ပေးမှ အိမ်ထောင်စု များကလည်း တခြား ကျေးရွာသူကျေးရွာသားများနှင့်ထပ်တူ တစ်ချိန်တည်းဂရန်ရရှိမည် ဖြစ်သည့်အတွက် ဝန်ကြီးဌာနကလည်း အစီရင်ခံစာကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီတွင် တင်ပြခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည့်အတွက် ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သစ်တောမြေပယ်ဖျက်ရန်ကိစ္စကို မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။ 


 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စု၊ ချောင်းကြီးကြိုးဝိုင်း အတွင်းရှိ ‌ကျေးရွာရှစ်ရွာအနက် ပြည်ထဲရေးအမည်ပေါက် ဇရပ်ကွင်းကျေးရွာမြေ ၂၈.၈၉ ဧက၊ လိပ်ကျကျေးရွာမြေ ၁၁၅.၅၆၆ ဧက၊ ကွင်း ၂၉ ကျေးရွာမြေ ၆၈.၈၂ ဧကနှင့် ကွင်း (၃၀) ကျေးရွာမြေ ၅၅.၄၉ ဧက စုစုပေါင်း ၂၆၈.၇၆၆ ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက် နိုင်ရေးအတွက် မူဝါဒအတည်ပြုပေးပါရန် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ တင်ပြခဲ့ပါကြောင်း၊

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ် စဉ် (၁၄/၂၀၁၇) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းနှင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် သေချာစွာ ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်မည့်အစီအမံများကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၇)၏ ဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ၂၀-၁၀-၂၀၁၇ ရက်စွဲပါစာဖြင့် မန္တလေးတိုင်း ဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းအဖွဲ့ ခေါင်းဆောင်အဖြစ်ပါဝင်သည့်အဖွဲ့အား  ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက် တွေ့ရှိချက်များအရ ဆောင်ရွက် မည့်အစီအမံများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှင်းလင်းတင်ပြချက်အပေါ် ၅-၁-၂၀၁၈ ရက်နေ့တွင် ကျင်းပသော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၈)တွင် မြေပြင်တွင်ဒေသခံပြည်သူများ အမှန် တကယ် အသုံးပြုနေထိုင်လျက်ရှိသည့် သစ်တောကြိုးဝိုင်း ဧရိယာများ ပယ်ဖျက်နိုင်ရေးနှင့် ရွာမြေအတွင်းခွင့်ပြုချထားပေးခဲ့သည့် ရွှေသတ္တုတူးဖော် ရေးလုပ်ကွက်များ ပယ်ဖျက်နိုင်ရေး တို့အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ မြေပြင်မှာအမှန်ဧကကို သေချာ စွာစိစစ်ဆောင်ရွက်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် ပြည်ထဲရေးအမည်ပေါက် ကျေးရွာများဖြစ်ရေး ကျေး ရွာများတိုးချဲ့ပြင်ဆင်ဖွဲ့စည်းရေးနှင့် ရွာမြေဧရိယာများတိုးချဲ့ပြင်ဆင်သတ်မှတ်နိုင်ရေးတို့ အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်သွားရန်ဟူ၍ ဆုံးဖြတ်ချက်ချထားခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၃၁-၇-၂၀၁၉ ရက်စွဲပါစာနှင့် မန္တလေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးအား အဖွဲ့ခေါင်းဆောင်အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်း ကျေးရွာ အုပ်စုအတွင်း ပြည်ထဲရေးအမည်ပေါက်ကျေးရွာလေးရွာတို့အတွက် အမှန်တကယ် ထပ်မံ ပယ်ဖျက်ပေးရန် လိုအပ်သောဧရိယာဧကအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီ အစဉ်နှင့် ထပ်မံကွင်းဆင်းစစ်ဆေးတိုင်းတာရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့်မေးခွန်းနှင့်စပ်လျဉ်းပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းထားသော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေွ့ရှိချက် အပေါ် အမှန်တကယ်ထပ်မံပယ်ဖျက်ရမည့် ဧရိယာများအား ပယ်ဖျက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ