Skip to main content

 

ကယားပြည်နယ် ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း အကယ်၍ ၎င်းဝင်ပေါက်မှ ပြည်တွင်း ပြည်ပခရီးသွားများအား ဝင်/ထွက်သွားလာလည်ပတ်ခွင့်ပြုမည် ဆိုပါက ကယားပြည်နယ် သာမက ကယားပြည်နယ်နှင့် နယ်စပ်ထိစပ်လျက်ရှိိသော ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ကရင်ပြည်နယ် တို့ပါ ကုန်သွယ်မှုအားကောင်းလာမည် ဖြစ်ပါကြောင်း၊ ကယားပြည်နယ် အစိုးရအနေဖြင့် ၂၇-၁၀-၁၀ ရက်နေ့တွင် မယ်စဲ့မြို့နယ် နယ်စပ်အကြိုကုန်သွယ်ရေးစခန်းကို လည်းကောင်း၊ ၉-၃-၁၇ ရက်နေ့ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့အကြား ညီအမမြို့တော် (Sister Cities)အဖြစ် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဝန်တို့က နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကယားပြည်နယ် အစိုးရအနေမှ ပြည်ထောင်စုအစိုးရသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊

၃-၉-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဟောင်ဆောင် ခရိုင်ဝန် အဖွဲ့တို့ထပ်မံပြီး အပြန်အလှန်ဆွေးနွေးတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းများရရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကယားပြည်နယ်သာမက ကယားပြည်နယ်နှင့်ထိစပ် လျက်ရှိသော ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကရင်ပြည်နယ်တို့ ကုန်သွယ်စီးဆင်းမှုဖွံ့ဖြိုးလာစေရန် အတွက် လည်းကောင်း၊ နိုင်ငံတော်၏ အခွန်ငေွပိုမိုကောက်ခံရရှိစေရန်အတွက်လည်းကောင်း၊ ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်း ပိုမိုပေးစွမ်းနိုင်ရန်အတွက်လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးတိုးတက်မှုကို အထောက် အကူပြုစေရန်အတွက်လည်းကောင်း၊ မယ်စဲ့ဝင်ပေါက် BP 13 မှ လွိုင်ကော်မြို့အထိ ပြည်ပခရီးသွား များအား ၂ ညအိပ် ၃ ရက် သို့မဟုတ် ၆ ညအိပ် ၇ ရက်ခန့် ဝင်/ထွက်သွားလာလည်ပတ်ခွင့်ကို အမြန် ဆုံးခွင့်ပြုပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


နှစ်နိုင်ငံများအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်မည်ဆိုပါက သက်ဆိုင် သည့် နိုင်ငံများအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး မှ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မယ်စဲ့နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်မှာ လက်ရှိအနေအထားအရ ပါဝင်ခြင်းမရှိ သေးပါကြောင်း၊ ကယားပြည်နယ် မယ်စဲ့ BP 13 မှ အကြိုနယ်စပ် ကုန်သွယ်ရေးစခန်း ကို ၂၇.၁၀.၂၀၁၆ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့အကြားမှာ ညီအမမြို့တော်အဖြစ် ၉.၃.၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည့် အတွက်  နိုင်ငံသားများ ဝင်/ထွက်မှုပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ မယ်စဲ့ BP 13 နှင့် ထိုင်းနိုင်ငံ ဟွေ့ဒနော် နယ်စပ်ဝင်/ထွက်ပေါက်ဖွင့်လှစ်ပေးပါရန် ကယားပြည်နယ်အစိုးရအဖွဲ့ မှ  ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊

အဆိုပါတင်ပြချက်နှင်ပတ်သက်ပြီး ၂၅.၇.၂၀၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၇)ကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို သေချာစွာစိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်လမ်းကြောင်းအရ ညှိနှိုင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ၂၇.၉.၂၀၁၇ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါကြောင်း၊ ဆွေးနွေး သုံးသပ်ချက်မှတ်တမ်းကိုလည်း နိုင်ငံတော်သမ္မတရုံးကို တင်ပြခဲ့ပါ ကြောင်း၊ နိုင်ငံတော်သမ္မတရုံးကနေမှ သုံးသပ်ချက်များအပေါ်အခြေခံ၍ လုပ်သင့်သည်များ စတင် ဆောင်ရွက်သွားရန်ဟု ညွှန်ကြားခဲ့ပါကြောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ်၏ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရီးစဉ်တွင် နှစ်နိုင်ငံညီအမမြို့တော် ဆက်ဆံရေးပိုမိုဖြစ်ထွန်းစေရေးအတွက် ဟွေ့ဒနော်ဒေသသို့ ကယားပြည်နယ်မှ ပြည်သူများ လွယ်ကူ စွာဖြတ်သန်းသွားလာနိုင်ရန် ဖွင့်ထား ပြီး ဖြစ်၍ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာရှိသည့် ဒေသ ၇ ခုတွင် ၁ ညအိပ် ၃ ရက် လွတ်လပ်စွာ သွားလာနိုင်ကြောင်းနှင့် မယ်ဟောင်ဆောင်ဒေသမှာရှိသည့် ပြည်သူများကို ကယားပြည်နယ် အတွင်း ၂ ညအိပ် ၃ ရက်သွားလာနိုင်ရေး ထိုင်းနိုင်ငံဘက်မှ ညှိနှိုင်းဆွေးနွေး လာမှုနှင့်ပတ်သက်ပြီး ခွင့်ပြုပေးနိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က ထပ်မံတင်ပြခဲ့ပါကြောင်း၊

အဆိုပါတင်ပြချက်နှင့်ပတ်သက်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၆/၂၀၁၇)တွင် နှစ်နိုင်ငံအစိုးရသဘောတူညီချက်မရှိဘဲ ခွင့်ပြု၍ မရသဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက် ပြီးမှသာ ခွင့်ပြုဆောင်ရွက်သွားရန်ဟု ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အထက်ပါ အစည်းအဝေး ဆုံးဖြတ် ချက်များအရ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်လမ်းကြောင်းအရ ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊  ကယားပြည်နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်စဲ့နယ်စပ် ဝင်/ထွက်ဂိတ် ဖွင့်လှစ် နိုင်ရန် အတွက် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှ BP 13 သို့ ဖောက်လုပ်ထားသည့် လမ်း ၉.၇ ကီလိုမီတာကို ထိုင်းနိုင်ငံ၏ သစ်တောထိန်းသိမ်းရေးဥပဒေအဖြစ် ကာကွယ်ထားသော ဧရိယာ တွင် ပါဝင်နေသည့်အတွက် ကာကွယ်ထားသည့် ဧရိယာအတွင်းမှ အဆိုပါလမ်းပိုင်းအား ထုတ်ပြန်နိုင် မှသာ မြန်မာ-ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးစန်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအစိုးရအဖွဲ့အနေဖြင့် အဆိုပါလမ်းကို သစ်တောထိန်းသိမ်းရေးဥပဒေအောက်မှ ဖယ်ရှားပေးရန်အတွက် နည်းလမ်းများရှာဖွေရန် သက်ဆိုင် ရာဝန်ကြီးဌာနများသို့  ညွှန်ကြားခဲ့ပါကြောင်း၊ ၎င်းတို့၏သုံးသပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံမှ ပြန်ကြားလာပါကြောင်း၊

နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတရုံးသို့ အဆိုပါပြန်ကြားရေးနှင့်ပတ်သက်ပြီး တင်ပြသည့် အခါ နိုင်ငံခြားရေးဝန်ကြီးဌာနကို သမ္မတရုံးက သံတမန်နည်းလမ်းဖြင့် မျက်ခြေမပြတ်ဆက်သွယ် ဆောင်ရွက်သွားရန်ဟု ညွှန်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် မယ်စဲ့ BP 13 နယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်ခွင့် ရရှိရေး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနယ်စပ်‌မှ စစ်ဆေးရေးဂိတ် တရားဝင်ဖွင့်လှစ်နိုင်ရေး အဆောက်အဦဆောက်လုပ်ရန် မြေနေရာရွေးချယ်ခြင်း၊ တင်ဒါခေါ်ယူခြင်း လုပ်ဆောင်ပြီးဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံဘက်မှလည်း ထိုင်းဘုရင် သစ်တော် နယ်မြေအတွင်း ပါဝင်သည့် ၉.၇ ကီလိုမီတာကို မြေသားညှိပြီး ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ပြီးစီးကြောင်း သိရပါကြောင်း၊ သို့သော် မယ်ဟောင်ဆောင်ဒေသမှ ပြည်သူများ BP 13 မှတစ်ဆင့် လွိုင်ကော်မြို့ အထိ ပြည်ပခရီးသွားများ ၂ ညအိပ် ၃ ရက်ခရီးလည်ပတ်ခွင့်ရရှိရေးအတွက် ခရီးစဉ်ခွင့်ပြုချက်အား ကယားပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍ ခရီးစဉ်အလိုက် ခွင့်ပြု ချက်ရရှိိပါက လက်ရှိအနေအထားမှာ ဝင်ရောက်ခွင့်ပြုလျက်ရှိပါကြောင်း၊ မယ်စဲ့ BP 13 မှတစ်ဆင့် လွိုင်ကော်မြို့အထိ ပြည်ပခရီးသွားများ ၆ ညအိပ် ၇ ရက်ခရီးလည်ပတ်ခွင့် အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ခရီးစဉ်ခွင့်ပြုချက်ရရှိရေးနှင့်စပ်လျဉ်းပြီး ထိုင်းနိုင်ငံဘက် မှ လည်း အလားတူ အကွာအဝေးအထိ ဝင်ရောက်ခွင့်ပြုနိုင်ခြင်းမရှိ/မရှိ၊ ၆ ညအိပ် ၇ ရက် ခွင့်ပြုပေး နိုင်ခြင်းရှိ/မရှိကို နှစ်နိုင်ငံသဘောထား အပြန်အလှန် ညှိနှိုင်း၍ သဘောတူညီမှုရရှိရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး နှစ်နိုင်ငံသဘောတူညီမှုရရှိပြီး အစိုးရအဖွဲ့မှလည်း သဘောတူခွင့်ပြုမယ်ဆိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အတိုင်း ဆက်လက်ပြီး ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွ