Skip to main content

တောင်ဥက္ကလာပမြို့နယ်ရှိ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးမည်ဟု ဖြေကြားထား သော (၄)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၇)ရပ်ကွက်တို့ရှိ မြေကွက်တို့အနက်မှ တစ်နေရာရာအား ဖူဆယ် အားကစားကွင်းအဖြစ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အားကစားကွင်း ဆိုင်းဘုတ် တပ်ဆင် ပေးနိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

တောင်ဥက္ကလာပမြို့နယ်ရှိ ပလပ်မြေကွက်များကို အများပိုင်အားကစားကွင်းများအဖြစ် ပြုလုပ်ရန်တင်ပြခဲ့ရာ မြေကွက် ၁၂ ကွက်ကို ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သင့်တော်သောအားကစားကွင်းများအဖြစ် ဆောင်ရွက်ပေးသွား မည်ဟု ဖြေကြားထားပြီးဖြစ်ပါကြောင်း၊

အဆိုပါ မြေကွက်များမှာ အမှတ်စဉ် (၁) (၄) ရပ်ကွက်သုတခြောက်လမ်းထိပ်ရှိ မြေကွက်လပ်၊ အမှတ်စဉ် (၂) (၅) ရပ်ကွက် သရေခေတ္တရာ ၂၁ လမ်းနှင့် ၂၂ လမ်းကြားအမှတ် ၁၁၀၅၊ ၁၁၀၇ မြေကွက်လပ်၊ အမှတ်စဉ် (၃) (၆) ရပ်ကွက် ကေတုမတီ ၁၇ လမ်း ၁၈ လမ်းထိပ် အုပ်ချုပ်ရေးမှူးရုံးအနောက် ၀.၆၁၉ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၄) (၇) ရပ်ကွက် မင်းရဲကျော်စွာ ၈ လမ်း ရှင်သိဒ္ဓတ် ၉ လမ်းနှင့် ၁၀  ကြား ကမ္ဘောဇဘဏ်အနောက် အမှတ် ၁၂၄၂ A ၀.၄၅၉ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၅) (၇) ရပ်ကွက် ရာဇဓိရာဇ် ၂၁ လမ်းနှင့် ၂၂ လမ်းကြား ၀.၇၃၅ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၆) (၁၀) ရပ်ကွက် အသောက လမ်းမပေါ်ရှိ ဘယသင်္ကြန်လမ်း နှင့်၂၂ လမ်းကြားရှိမြေကွက်လပ်၊ အမှတ်စဉ် (၇) (၁၀) ရပ်ကွက် ဇေယျလမ်းမပေါ် ၇ လမ်းနှင့် ၈ လမ်း ကြားရှိမြေကွက်လပ်၊ အမှတ်စဉ် (၈) (၁၄) ရပ်ကွက် နံ့သာဖြူလမ်း ၁/ဇ ၀.၂၃၀ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၉) (၁၄) ရပ်ကွက် နံ့သာဖြူလမ်းနှင့် ယင်းမာလမ်းထောင့် ၁/ဍ  ၀.၃၁၂ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၁၀) (၁၄) ရပ်ကွက် ယင်းမာလမ်းထောင့် ၁/ဏ ၀.၂၅၂ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၁၁) (၁၄)  ရပ်ကွက် ဇီဝဇိုးလမ်း ၁/ထ ၀.၄၆၆ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၁၂) (၁၅) ရပ်ကွက် မြင်သာလေးလမ်းအထက် အမှတ် ၂၁၁၊ ၂၁၂၊ ၂၁၃၊ ၂၁၄ ရှိမြေကွက်များ ဖြစ်ပါ်ပါကြောင်း၊ ယင်း မြေကွက်များမှ အမှတ်စဉ်(၁)၊(၃)၊ (၄) မြေကွက်များသည် ကျယ်ဝန်းသော မြေကွက် များဖြစ်သဖြင့် ဖူဆယ်အားကစားကွင်းအဖြစ် ဖော်ဆောင်ပေးနိုင်ပါရန် ပြည်သူများမှ လိုလားလျက် ရှိနေပါကြောင်း၊ ဖော်ပြပါမြေကွက် (၁၂) ကွက်ကို အားကစားကွင်းများအဖြစ် ဆောင်ရွက်ပေးမည်ဟုဖြေကြားထားပြီး ဌာနအနေဖြင့်မဆောင်ရွက်ပေးနိုင်သေးသော်လည်း ရပ်မိရပ်ဖပြည်သူများမှ မိမိတို့တတ်နိုင်သလောက် မြေညှိမြေဖို့ခြင်းတို့ကို ဆောင်ရွက် ထားပြီး ကလေးသူငယ်များမှလည်းအားကစားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

၎င်းမြေကွက် (၁၂)ကွက်ကို တစ်ချိန်ချိန်တွင် တစ်ဦးဦးမှအကြောင်းတစ်ခုခုဖြင့် ပြန်လည် ရယူသွားမည်ကို ပြည်သူများမှစိုးရိမ်လျက်ရှိနေပါသဖြင့် မေးမြန်းလိုသည်မှာ မေးခွန်း (၁) အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးမည်ဟု ဖြေကြားထားသော (၄) ရပ်ကွက် သုတခြောက်လမ်းထိပ်ရှိမြေ ကွက်လပ် (၆) ရပ်ကွက် ကေတုမတီ ၁၇ လမ်း ၁၈ လမ်းထိပ် အုပ်ချုပ်ရေးမှူးရုံး အနောက်ရှိမြေကွက်လပ်၊ (၇) ရပ်ကွက်မင်းရဲကျော်စွာ ၈ လမ်း ရှင်သိဒ္ဓတ် ၉ လမ်းနှင့် ၁၀  ကြား ကမ္ဘောဇဘဏ်အနောက် အမှတ် (၁၂၄၂ ) ၀.၄၅၉ ဧကရှိ မြေကွက်လပ် တို့အထဲမှ တစ်နေရာရာအား ဖူဆယ်အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ မေးခွန်း (၂) အားကစားကွင်းအဖြစ်ဆောင်ရွက်ပေးမည်ဟု ဖြေကြားထားပြီး ဌာနအနေဖြင့် မဆောင်ရွက်ပေးနိုင်သေးသော်လည်း ရပ်မိရပ်ဖပြည်သူများမှ တတ်နိုင်သလောက်ဆောင် ရွက်ပြီးဖြစ်သဖြင့် ၎င်းမြေကွက်(၁၂)ကွက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး အား ကစားကွင်းဆိုင်းဘုတ်တပ်ဆင်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါကအဘယ်ကြောင့်နည်း၊ မေးခွန်း (၃) ရန်ကုန်မြို့တော်စည်ပင်အားကစားကွင်းဆိုင်းဘုတ်ကို အကြောင်းအမျိုးမျိုးကြောင့် မတပ်ပေးနိုင်လျှင် စည်ပင်သာယာရေးကော်မတီအားကစားကွင်းမြေနေရာဟု ဆိုင်းဘုတ် တပ်ဆင်ပေးပါရန်နှင့် မတပ်ဆင်ပေးနိုင်ပါက အဘယ်ကြောင့်မတပ်ဆင်ပေးနိုင်သည်ကို သိရှိပါကြောင်း မေးမြန်းပါသည်။


 

ပထမအနေဖြင့် တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်၊ သုတ(၆)လမ်းထိပ် မြေကွက်သည် တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သုတ(၆)လမ်းထိပ်တွင် တည်ရှိပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့မြေစာရင်း(Town Land Roll)၊  မြို့ကွက်ကျမြေပုံ (Block Map)တွင် တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၄)၊ မြေကွက်အမှတ်-Open Space-A၊ ဧရိယာ ၉.၅၀ ဧက၊ မြေအမျိုးအစားအစိုးရမြေအမည်ပေါက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟု မှတ်သားတည်ရှိပြီးဖြစ်ပါကြောင်း၊ မြေပြင်မှာ အဆိုပါ မြေဧရိယာသည် အ.လ.က(၆) တောင်ဥက္ကလာပမှ ၃.၈၇ ဧကအားလည်းကောင်း၊ အမှတ်(၄) ရပ်ကွက် ဗဟိုဓမ္မာရုံမှ  ၀.၆၆၈ ဧကအား လည်းကောင်း အသုံးပြုထားရှိပြီး မြေကွက်လပ် ဧရိယာမှာ ၄.၉၆၂ ဧကဖြစ်သည်ကို  စိစစ်တွေ့ရှိရပါကြောင်း၊ မြေပြင်တွင် မြေငှားစာချုပ် (ဂရန်)မြေကွက်များမှာ အနည်းငယ်ကျော်လွန်သုံးစွဲမှုများရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမည်ပေါက်စီမံခန့်ခွဲသည့် မြေဖြစ်ပြီး အနာဂတ်မြို့ပြ စီမံကိန်းဆောင်ရွက်မည့်မြေဧရိယာအဖြစ် သတ်မှတ်ထားသော မြေနေရာ ဖြစ်ပါကြောင်း၊

ဒုတိယအနေဖြင့် တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက်၊ ကေတုမတီ(၁၇)လမ်း-(၁၈)လမ်း ထိပ်အုပ်ချုပ်ရေးမှူးရုံးအနောက်ရှိ မြေကွက်ဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် (၆) ရပ်ကွက်၊ ကေတုမတီ(၁၇)လမ်း-(၁၈)လမ်းထိပ် ရက်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အနောက် ဘက်တွင် တည်ရှိပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့မြေ စာရင်း(Town Land Roll)နှင့် မြေကွက်ကျမြေပုံ(Block Map)တို့ကို တောင်ဥက္ကလာပ မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၆)၊ မြေကွက်အမှတ်- ၆/၅၁၈၊ ဧရိယာ ၂.၇၇ ဧက၊ မြေအမျိုးအစားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသောမြေ၊ အမည်ပေါက် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ရေလှောင်ကန်နေရာ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟု မှတ်သားထားရှိပါကြောင်း၊ မြေပြင်တွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးနှင့် တစ်ဆက်တစ်စပ်တည်း မြေဧရိယာအစိတ်အပိုင်းသည် ကလေးကစားကွင်း ဧရိယာပြုလုပ်ထားကြောင်းနှင့် ကျန်မြေဧရိယာအား အင်ဂျင်နီယာ(လမ်း၊ တံတား)နှင့် ရေစု ကန်တူးဖော်ထားရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

တတိယအနေဖြင့် တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ(၈)လမ်း၊ ရှင်သိဒ္ဓတ်(၉)လမ်းနှင့် (၁၀)လမ်းကြား ကမ္ဘောဇဘဏ်အနောက်ဘက်ရှိ မြေကွက်ဖြစ်ပါ ကြောင်း၊ ၎င်းမြေကွက်သည် ၇)ရပ်ကွက်၊ မင်းရဲကျော်စွာ(၈)လမ်း၊ ရှင်သိဒ္ဓတ်(၉) လမ်းနှင့် (၁၀)လမ်းကြား ကမ္ဘောဇဘဏ်အနောက်ဘက် မြို့ပြအိမ်ရာမြေကွက်ဖြစ်သော မြေကွက် အမှတ် ၅၆၇ မှ ၅၇၄ ထိ မြို့ကွက်ချထားပြီး မြေကွက်နှင့် မြေကွက်အမှတ် ၅၉၂ မှ ၅၉၇ ထိ မြို့ကွက်ချထားပြီးသည့် မြေကွက်နှစ်ခု၏အကြားရှိ မြေကွက်လပ်အဖြစ် တည်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့မြေစာရင်း(Town Land Roll)နှင့် မြို့ကွက်ကျမြေပုံ(Block Map)တို့တွင် တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်(၇)၊ မြေကွက်အမှတ်-၇/၁၂၄၂ အေ၊ ဧရိယာ ၀.၆၅၆ ဧက၊ မြေအမျိုးအစား ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသောမြေ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဟု အမည်ပေါက်မှတ်သားထားရှိပါကြောင်း၊

မြေပြင်တွင် အပိုဒ် ၁ ပါ ဂရန်မြေကွက်များမှ နောက်ဘေးလမ်းကြားအပါအဝင် ၎င်း မြေကွက်၏ တစ်စိတ်တစ်ဒေသတို့ကို ကျူးလွန်ထားကြောင်း စိစစ်တွေ့ရှိရပြီး လမ်း ဘယ်ဘက်ခြမ်းတွင် ကျူးကျော်တဲအနည်းငယ်တည်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါမြေနေရာအား ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ မြေနေရာပြန်လည်စိစစ်‌ချက်များအရ အဆိုပါမြေကွက်အတွင်းသို့ ဝင်/ထွက်လမ်းပြုလုပ်နိုင်သည့် နေရာများတွင် ကျူးကျော်မှုရှိခြင်း၊ အဆိုပါမြေကွက်ဧရိယာ အတွင်းသို့ (၉)လမ်းနှင့် (၁၀)လမ်းသို့ မျက်နှာမူရာမြေကွက်များမှ နောက်ဘေးလမ်းကြားအပါအဝင် ကျူးလွန်အသုံးပြုမှု အနည်းငယ်ရှိခြင်း၊ အဆိုပါမြေကွက်ဧရိယာဟာ မြေပြင်မြေနိမ့်ပိုင်းဖြစ်၍ မိုးရာသီတွင် ရေအနက် ငါးပေခန့်ရှိခြင်း၊ ချုံနွယ်ပိတ်‌ပေါင်းများ ပေါက်ရောက်နေခြင်းတို့ကြောင့် ယင်းမြေကွက်နေရာသည် နောက်ဘေးလမ်းကြားများတွင်တည်ရှိပြီး လူနေအိမ်များ၏ အလယ်မှာ တည်ရှိနေသည့်အတွက် အားကစားကွင်းအဖြစ် တည်ဆောက်ရန် မသင့်တော် ကြောင်း ကော်မတီသို့ စိစစ်တင်ပြချက်များအရ မြို့မြေစာရင်းမှတ်သားမှုတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးအမည်ပေါက်အဖြစ်ပင် မှတ်သားထားရှိသည်ဟု တင်ပြထား ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မြေနေရာသုံးနေရာစိစစ်ခဲ့ရာ အပိုဒ် ၂ အပိုဒ်ခွဲ(က)မြေနေရာသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အမည်ပေါက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲခွင့် ရှိသောမြေ ဖြစ်ပါကြောင်း၊ အဆိုပါမြေဧရိယာနှင့် အ.လ.က(၆)နှင့် ရပ်ကွက်ဓမ္မာရုံအသုံးပြု ဧရိယာချန်လှပ်ပြီး ကျန်မြေဧရိယာ ၄.၉၆၂ ဧကသည် အနာဂတ်မြို့ပြစီမံကိန်း လျာထား မြေနေရာအဖြစ် သတ်မှတ်တည်ရှိပြီး အဆိုပါမြေနေရာနှင့်စပ်လျဉ်း၍ အားကစားကွင်းအဖြစ် အဆိုပြုမေးမြန်းမှုအားလည်း ဆောင်ရွက်ပေးနိုင်ရန် ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ နောက် ကျန်မြေဧရိယာကို ရေစုကန်အဖြစ်အဆိုပြုမေးမြန်းမှုအားလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊

ထို့ကြောင့် အပိုဒ် ၂ အပိုဒ်ခွဲ(ဂ)မြေနေရာနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား) အမည်ပေါက်ဖြစ်ပြီး နောက်ဆုံးတစ်ခုက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအမည်ပေါက်အဖြစ် တရားဝင်မှတ်သားထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာများအားလုံးကို သက်ဆိုင်ရာ အသုံးပြုဌာနများမှလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လည်းကောင်း၊ ကျူးကျော်ဝင်ရောက်မှုမရှိစေရေးနှင့် မေးခွန်းပါတစ်ဦးဦးရယူသွားခြင်းမှ ကာကွယ်နိုင်ရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါမြေနေရာများနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲဆောင်ရွက်သွားစေမည်ဖြစ်ပါကြောင်း ပြန် လည် ဖြေကြားပါသည်။

ဒေါက်တာစောနိုင်(တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အဆိုပါ မြေကွက်(၄)ရပ်ကွက်အနင် မြေကွက်တစ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပိုင်ဆိုင်မှုဟူ၍ ဖြေဆိုထားခြင်းရှိပါကြောင်း၊ အဆိုပါက မြေကွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးရန်မေးမြန်းရာတွင် ဆောင်ရွက်ပေးပါမည် ဖြစ်ကြောင်းကိုလည်း ဖြေကြားခဲ့ပါကြောင်း၊ ယခု ဝန်ကြီးဖြေကြားချက်တွင် ကျူးကျော်များ မရောက်လာအောင်၊ ဂရန်များမရလာအောင် ကြပ်မတ်ဆောင်ရွက်ပေးသွားမည်ဟု ဖြေခဲ့ပါ ကြောင်း၊ အဆိုပါ မြေကွက် ၁၂ ကွက်ကို တစ်ဦးဦးကရယူရန် အစဉ်အမြဲကြိုးစားနေသည်ကို တွေ့ရှိရသကဲ့သို့ ယခင်ကယခုကဲ့သို့ ရယူသွားခြင်းများလည်း ရှိခဲ့ပါကြောင်း၊ အားကစားကွင်း အနေဖြင့် မသင့်တော်ကြောင်း ဖြေကြားခဲ့သော်လည်း မြေပြင်အခြေအနေတွင် ယခင်ကပင် ကစားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အားကစားကွင်းအဖြစ် သတ်မှတ်ထားပြီး မြေနေရာများတွင် တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုက ပိုင်ဆိုင်မှုဂရန်ထုတ်ယူသွားမည်ဆိုပါက သေချာစိစစ်ပြီး မဆောင်ရွက်နိုင်သည့်အတွက် ယင်းသို့ ဖြစ်လာပါကမည်ကဲ့သို့အရေးယူရန် စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

တစ်ဦးဦးယူသွားမည်ဆိုသည်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော်တွင် လက်ရှိဖြစ်ပျက်နေသည့် အနေအထားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်မေးမြန်းပြီးမှ ဖြေကြားနိုင်မည်ဖြစ်ပါကြောင်း၊ သို့သော်  စည်ပင်၊ မြေယာစီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ မူသဘောအရလည်းကောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် အနေအထားကိုရော တင်ပြလို ပါကြောင်း၊ မြို့မြေများတွင် နေရာနေထိုင်ရန်အတွက် ရပ်ကွက်မြေများ၊ နောက် Open Space ဟုခေါ်သည့် သဘာဝထိန်းသိမ်းမှုအတွက် မြေနေရာများ၊ အားကစားမြေနေရာများ စသည်ဖြင့် ခေါင်းစဉ် အလိုက် လျာထားသတ်မှတ်ထားပြီး လျာထားသတ်မှတ်ထားသည့် အတိုင်း၊ အစီအမံများ အတိုင်း မြို့နေရာချထားမှုများကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ ဆက်လက်ဆောင်ရွက်ရာတွင်လည်း မိမိတို့နေပြည်တော်ကောင်စီတွင် ကောင်မတီဝင်များ၊ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ပြုလုပ်သည့်  EC အစည်းအဝေးများတွင် ဆုံးဖြတ်ရပါကြောင်း၊ ထူးခြားသည့် အချက်အလက်များ၊ နိုင်ငံတော်စီမံကိန်းများကို သမ္မတထံကိုတင်ပြပြီး ဆောင်ရွက်ရပါကြောင်း၊ ထို့သို့မဟုတ်ဘဲ မြေကွက်နေရာများ၊ အိမ်မြေရာများတွင် အိမ်မြေနေရာချထားခြင်း၊ အားကစားမြေနေရာတွင် အားကစားနှင့် ပတ်သက်သည့် မူလလျာထားချက်အတိုင်း ဆောင်ရွက်ခြင်းများကို ကော်မတီများက အစည်း အဝေးများထိုင်ကာ အားလုံးသဘောတူညီချက်ရပါက ဆောင်ရွက်ကြပါကြောင်း၊ ပြောင်းလဲမှု ထူးခြားမှုများရှိပါက အထက်နေပြည်တော်ကောင်စီတွင် သမ္မတကြီးထိ တင်ပြဆောင်ရွက်ရ ပါကြောင်း၊ ယခု တင်ပြပါနေရာများသည် ယခုတင်ပြပြီးခဲ့သည့်အတိုင်း နေပြည်တော်စည်ပင် သာယာရေးပိုင်နယ်မြေ၊ လျာထားစီမံကိန်းနယ်မြေ၊ လမ်းတံတားနယ်မြေ စသည်ဖြင့် တိတိ ကျကျသတ်မှတ်ပြီးဖြစသည့်အတွက် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဖွဲ့လုံး သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့အားလုံးက သဘောမတူပါက တစ်ဦးတစ်ယောက်ကို ပေးခြင်း၊ နေရာပြောင်းလဲသတ်မှတ်ခြင်းတို့ ဆောင်ရွက်လို့မရနိုင်ပါကြောင်း၊ ဆောင်ရွက်ရန် အလွန် ခက်ခဲပါကြောင်းနှင့် မူ၊ ဥပဒေအရ ကန့်သတ်ထားပြီးဖြစ်ပါကြောင်းကို မူသဘောအရ တင်ပြ အပ်ပါကြောင်း ဖြေကြားပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း