Skip to main content

 

(စ)-၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအသစ် အကျိုးသက်ရောက်နိုင်ရန်နှင့် လုပ်ငန်း များ အောင်မြင်ပြီးမြောက်နိုင်ရန်အတွက် စည်ပင်သာယာရေးဝန်ထမ်းအင်အားနှင့် ယာဉ်စက် ယန္တရား အင်အားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဖြည့်တင်းဝယ်ယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း 

 

 ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့သည် ကိုလိုနီခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည့် အဖွဲ့အစည်ဖြစ်တဲ့အတွက် ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်ပါကြောင်း၊ သို့သော်လည်း ယနေ့ ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအက်ဥပဒေအသစ်အရ လုပ်ငန်း တာဝန်ခံ အဖွဲ့ ခုနစ်ဖွဲ့၊ ဌာနသုံးခုနှင့် မြို့နယ် ၃၃ မြို့နယ်တွင် စည်ပင်သာယာကော်မတီများဖြင့် ထပ်မံ တိုးချဲ့ဖွဲ့စည်းပြီး ဖြစ်သော်လည်း ဥပဒေသြဇာအကျိုးသက်ရောက်အောင် စီမံခန့်ခွဲသည့်အခါတွင် အထူးသဖြင့်သန့်ရှင်းရေးအမှိုက်သိမ်းခြင်း၊ရေစီးရေလာကောင်းမွန်ရေး အတွက် ဆောင်ရွက်ခြင်း၊ အခွန် ကောက်ခံခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ဝန်ထမ်းအင်အားမလုံလောက်ခြင်း၊ ယာဉ်နှင့်စက်ယန္တရား လုံလောက် မှုမရှိဘဲ ပြဿနာများကို ဖြေရှင်းရာမှာ ထိရောက်အောင်မြင်မှုနည်းပါးသည့်အတွက် စည်ပင် သာယာ၏ပုံရိပ်၊ တိုင်းဒေသကြီး အစိုးရ၏ပုံရိပ်ကို ထိခိုက်သကဲ့သို့ ဖြစ်နေကြောင်း။

 

ရေစီးရေလာနှင့်ရေဆိုးများကို စီမံခန့်ခွဲရာတွင်မြို့နယ်တစ်မြို့နယ်ချင်းစီ၏ လိုအပ်ချက်ဖြစ်သည့် မြေတူးစက်၊ မြေကော်စက် များလုံလောက်မှုမရှိ၍ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှု အားနည်းခြင်းကြောင့်စာသင်ကျောင်းများ၊ လူနေအိမ်များ၊ နှစ်စဉ်ရေကြီးသည့် ဒဏ်ကို ခံန ရ သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ထိခိုက်ဆုံးရှုံးမှုများရှိနေကြောင်း၊ အခွန် ကောက်ဝန်ထမ်းကို ပျမ်းမျှတစ်ရပ်ကွက်လျှင်တစ်ဦးနှုန်းသာ ခန့်ထားနိုင်သည်ကို သိရှိရပါ ကြောင်း၊ သို့ရာတွင် ၎င်းဝန်ထမ်းများတာဝန်ယူရသည့်တာဝန်များ အင်မတန်များသောကြောင့် ကြီးမာကျယ်ပြန့်သည့် ရပ်ကွက်များတွင်ဝန်ထမ်းများသည် တာဝန်ကျေအောင်မထမ်းဆောင် နိုင်သည့်အတွက်ရသင့်ရထိုက်သောအခွန်ဘဏ္ဍာငွေများမလိုအပ်ဘဲနဲ့ဆုံးရှုံးမှုများ နေ့စဉ်၊ လစဉ် ရှိနေပါကြောင်း၊ စည်ပင်သာယာဥပဒေအရအရေးယူ ဆောင်ရွက်သည့် နေရာတွင်လည်း ရရှိလာ သောအောင်မြင်မှုများကို ထိန်းသိမ်းနိုင်ရန် အတိုင်းအတာတစ်ခုအထိ ပုံမှန်စောင့်ကြည့် ထိန်း ကျောင်းကြီးကြပ်ရသည့်အတွက် ဝန်ထမ်းအင်အားမလုံလောက်သောကြောင့်  ထပ်မံတိုးချဲ့ထား ရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ဥပမာအားဖြင့် အင်းစိန်မြို့နယ်တွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ် ခြင်းကို စနစ်တကျဖြေရှင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ ရပ်ဖ များ၊ CSO၊ NGO နှင့် အဖွဲ့အစည်းများ စနစ်အမျိုးမျိုးဖြင့် ကြိုးစားကြည့်သည့်အခါတွင် ရပ်ကွက် တစ်ရပ်ကွက်ချင်းကို လမ်းအလိုက် နေ့၊ ရက်၊ အချိန်တိတိကျကျသတ်မှတ်၍ အထုပ် ကောက်စနစ်ကိုရပ်ကွက်နှစ်ခုတွင်အကောင်အထည်ဖော်သည့် အခါတွင်အောင်မြင်မှုရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းအစီအစဉ်ကို နောက်ထပ်ရပ်ကွက်များတွင် ထပ်မံအကောင်အထည် ဖော်ရန် ကြိုးစားသည့်အခါတွင် ဝန်ထမ်းအင်အား၊ယာဉ်နှင့်စက်ယန္တရားအင်အား အလုံအလောက်မရ သောကြောင့် တိုးချဲ့ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်စဉ် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်သည့်အတွက် ရေမြောင်းများပိတ်ဆို့ကာ ရေကြီးရေလျှံခြင်းများ၊ လမ်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများ ပျက်စီးသည့်အပြင် သက်ကြီးရွယ်အိုနှင့် ကလေး သူငယ်များ ကျန်းမာရေးဆိုးရွားဝါးစွာထိခိုက်သည့်အတွက် နိုင်ငံတော်၏ဘတ်ဂျက်များ နှစ်စဉ် လေလွင့်ဆုံးရှုံးနေခြင်းကို ကာကွယ်ပေးနိုင်ရန် ရေရှည်အကျိုးရှိမည့် လိမ္မော်ရောင်သူရဲကောင်း များဖြစ်သော စည်ပင်သာယာရေးဝန်ထမ်းများကို တိုးမြှင့်ခန့်ထားခြင်း၊ ယာဉ်စက်ယန္တရားများ တိုးချဲ့ဝယ်ယူခြင်းသည် ရန်ကုန်မြို့တော်ကြီး သန့်ရှင်းသာယာလှပရေးအတွက် ကောင်းမွန် သောရွေးချယ်မှုဖြစ် သည်ဟု ယုံကြည်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊  ထို့ကြောင့် ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအသစ်အရ သြဇာအကျိုး သက်ရောက်နိုင်ရန် စည်ပင်ဝန်ထမ်းနှင့် ယာဉ်ယန္တရားများ စနစ်တကျမည်ကဲ့သို့စီမံခန့်ခွဲနေသနည်းနှင့်လုံလောက် မှုရှိ/မရှိ၊ လုံလောက်မှုမရှိပါက  လိုအပ်ချက်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ ဖြည့်တင်းဝယ်ယူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့သည် စည်ပင်သာယာရေးဥပဒေအသစ်အရ လုပ်ငန်းများ အောင်မြင်ပြီးမြောက်နိုင်ရန်အတွက် လက်ရှိတွင် ဝန်ထမ်းဖွဲ့စည်းပုံရေးဆွဲပြီးလာမည့် ဘဏ္ဍာ ရေးနှစ် အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်သောယာဉ်ယန္တရား များကိုလည်း ဘတ်ဂျက်ခွဲဝေရရှှိမှုအပေါ်မူတည်ပြီး ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနတွင် လက်ရှိ ဝန်ထမ်းအင်အား လစား ၆၇၀ ဦး၊ နေ့စား ၂၄၅ ဦး၊ ပုံသေ ၆၁ ဦးနှင့် ပုတ်ပြတ် ၄၁၀၆ ဦး စုစုပေါင်း ဝန်ထမ်းအင်အား ၅၀၈၂ ဦး ခန့်ထားပါကြောင်း၊ ယာဉ်ယန္တရားများ အနေဖြင့် ၄၅၃ စီးရှိပါကြောင်း၊  ၆၆၀ လီတာအမှိုက်ပုံး ၄၅၅၃ ပုံး၊ ၂၄၀ လီတာ ၁၂၅၇ ပုံး စုစုပေါင်း အမှိုက်ပုံး ၅၈၁၀ ပုံးရှိပါကြောင်း၊  အုတ်အမှိုက်ကန် ၃၇၁ ကန်၊ သံအမှိုက်ကန် ၂၀၀ ကန်နှင့် အမှိုက်သိမ်းလှည်းယာဉ် ၂၅၀၅ စီးတို့ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်မြို့နယ် ၃၃ မြို့နယ်အတွင်း နေ့စဉ်ထွက်ရှိသည့် မီးဖိုချောင်သုံး အမှိုက်များ၊ ဈေးထွက်အမှိုက်များ၊ အိမ်ပြုပြင် ဆောက်လုပ်ရာတွင်ထွက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးအမှိုက်များ၊ သစ်ကိုင်း၊ သစ်ခက်များ၊ အီလက်ထရောနစ်မှ စွန့်ပစ်အမှိုက်များ၊ ပရိဘောဂအသုံးအဆောင်ပစ္စည်းများ၊ စက်မှုဇုန်အတွင်း အမှိုက်များ၊ ဆေးရုံ ဆေးခန်းသုံးအမှိုက်များ၊ နောက်ဖေးလမ်းကြားအမှိုက်များနှင့် တိရစ္ဆာန်အသေကောင်များ စသည့်အမှိုက်အမျိုးအစားမျိုးစုံကို သိမ်းဆည်းဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊

 

ရန်ကုန်မြို့၏ လူဦးရေတိုးတက်လာမှု၊ စီးပွားရေးတိုးတက်လာမှုနှင့်အတူ ထွက်ရှိလာသည့် တစ်ရက်ထွက်ရှိ အမှိုက်တန်သည် ၂၅၀၀ ခန့်ရှိလာပြီး စနစ်တကျဖျက်ဆီးနိုင်ရန်အတွက် တစ်ရက် တန် ၆၀ မီးရှို့နိုင်သော အမှိုက်မီးရှို့စက်တည်ဆောက်မှုကို ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများဖြစ်သည့် လှိုင်သာယာ မြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသည် YCTC နှင့် UN Habitat ကုလသမဂ္ဂ အဖွဲ့တို့နှင့် ပူးပေါင်းပြီး ဂျပန်နိုင်ငံ၏ Grand-8 အစီအစဉ် ကူညီထောက်ပံ့ငွေဖြင့် မီးလောင် သွားသော အမှိုက်ပုံဟောင်းနေရာကို Rehabilitation နည်းစဉ်ကို အသုံးပြုပြီး Semi Arobit Land Fair နှင့် Extensions ဆောင်ရွက်ခြင်းများကို စွန့်ပစ်အမှိုက်ဆိုင်ရာအရေးပေါ်နည်းပညာအစီအစဉ် များကို ဆောင်ရွက်လျက်ရှိသည့်အပြင် အမှိုက်များကိုလည်း Open Diamante စနစ်ဖြင့်် စွန့်ပစ်ခဲ့သည်မှာ နှစ်ကာလကြာလာပြီဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ သည့်အတွက် အမှိုက်စွန့်ပစ်သည့်နည်းစနစ်ကို ပြောင်းလဲနိုင်ရန်အတွက် ပိုလန်နိုင်ငံ အစိုးရ၏ ODA ချေးငွေဖြင့် နေ့စဉ်အမှိုက်တန် ၁၀၀၀ ချေဖျက်ပြီး CNG CO2  စွမ်းအင်ဖြင့် Refuel Deride Furl Compose ထွက်ရှိမည့် Mechanical၊ Biological Treatment နည်းစဉ်နှင့် ဆောင်ရွက်မည့် စီမံကိန်းကိုလည်း ဆောင်ရွက်ရန်စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်လည်း တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၀၀၀ အား အမှိုက်မီးရှို့၍ စွမ်းအင်ထုတ်လွှင့်သည့် နည်းစဉ်(Waste to Energy)ဖြင့် အမှိုက်များကို ပြန်လည်ပြုပြင်သန့်စင်သည့် (Material Recovery Facility)နည်းစဉ် များကို အသုံးပြုပြီး Recycle Facility ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

 

ထိုကဲ့သို့ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများနှင့်စနစ်တကျ စီမံ ခန့်ခွဲခြင်းများအပြင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ပြည်သူများမှ စည်းကမ်း လိုက်နာ ၍ အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေးအစီအစဉ်များအား ပြည်သူ လူထုအသိပညာ‌‌ပေး ခြင်းနှင့် ကျောင်းများရှိ ကျောင်းသူကျောင်းသားများအား အသိပညာ ပေးလျက်ရှိရာတွင် ကျောင်းသူကျောင်းသားများ၏ အသက်အရွယ်၊ သင်ကြား မှတ်သားနိုင်မှု စွမ်းရည်တို့အပေါ်မူတည်ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဟူ၍ အပိုင်းသုံးပိုင်းခွဲခြားကာ သင်ရိုးညွှန်း တမ်းများ ရေးဆွဲပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ရက်သတ္တပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် စာသင်ကျောင်းများသို့ အသိပညာပေးခြင်းများ NGO အဖွဲ့များနှင့် ပူးပေါင်းပြီး အမှိုက်ကောက်စည်းရုံးလှုံ့ဆော်မှုများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

 

ရန်ကုန်မြို့တော်၏ တိုးတက်လာသော လူဦးရေ၊ စီးပွားရေးလုပ်ငန်းများကြောင့် အမှိုက်ထွက် ရှိမှုများ များပြားပြီးလုံလောက်သော ဝန်ဆောင်မှုများပေးရန် ဝန်ထမ်းများနှင့် ယာဉ်ယန္တရား ဖြည့်တင်းပေးရန် လိုအပ်ချက်များရှိလာပြီ ဖြစ်ပါကြောင်း၊ အချို့မြို့နယ်များတွင် ဝန်ဆောင်မှု မပေးနိုင်သေးသော ရပ်ကွက်များ၊ ကျေးရွာများနှင့် တိုးချဲ့၍ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် ဝန်ဆောင်မှုပေးထားသော်လည်း အမှိုက်ထုပ်ကောက်သည့် အမှိုက်သိမ်းစနစ် ထပ်မံ တိုးချဲ့ နိုင်ရန်အတွက် ဆောင်ရွက်မှုများပြုလုပ်လျက်ရှိပါကြောင်း၊ ထိုသို့ ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Enrote Truck အမှိုက်သိမ်း ယာဉ် ၁၀ စီး၊ Doe to Doe အထုပ်ကောက်စနစ်အား လမ်းသွယ်များရှိ အိမ်တိုင်ရာရောက် အမှိုက်ထုပ်ကောက် ယူရန် Hoper၊ Tipper ယာဉ်ငယ် ၅၀ စီး၊ Tri ဆိုင်ကယ် ၂၃ စီးဝယ်ယူရန် ဘတ်ဂျက်ရရှိရေး တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ထပ်မံ၍လည်း အမှိုက်ထုပ်ကောက် သိမ်းဆည်းနိုင်ရန်အတွက် Hoper၊ Tipper ယာဉ်ငယ် ၅၀ စီးနှင့် ၎င်းယာဉ်ငယ်များမှ သိမ်းဆည်းလာသော အထုပ်ကောက် အမှိုက်များအား သယ်ယူရာတွင် အနံ့အသက်မထွက်စေရန် လုံခြုံစွာသယ်နိုင်သည့်အမှိုက် ကြိတ်ကား compactor Garbage Truck အမှိုက်သိမ်းယာဉ် ၂၀ စီးတို့ကို ထပ်မံဝယ်ယူနိုင်ရန် လိုအပ်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် လျာထားမှုတွင်လည်း ပြင်ဆင် ရေးဆွဲပြီး တင်ပြထားရှိပါကြောင်း၊ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း ဘတ်ဂျက်ခွဲဝေ လျာထားမှုများအပေါ် မူတည်ပြီး ယာဉ်ယန္တရားများ ဝယ်ယူဖြည့်တင်းဆောင်ရွက်သွားနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း