Skip to main content

 

ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင်‌့ ထိန်းသိမ်းရန်ဖြစ်ပါ ကြောင်း၊ ဗဟိုဘဏ်သည် အဓိကရည်မှန်းချက်များ တိုးတက်အောင်မြင်စေရန်အတွက် ငွေကြေး တည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊ ထိရောက်သောငွေပေးချေမှုနှင်‌့ စာရင်း ရှင်းလင်းမှုစနစ် ခိုင်မာတိုးတက်ရေး၊ ရှင်သန်သည့်စီးပွားရေး ဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေ စီးပွာရေးမူဝါဒများကို အထောက်အကူပြုရေးစသည့် ရည်ရွယ်ချက်များ တိုးတက် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံတော်‌ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ငွေကြေး မူဝါဒရည်မှန်းချက်များ၊ နည်းဗျူဟာများနှင်‌့‌ ငွေကြေးမူဝါဒနည်းလမ်းများ မေခရိုစီးပွားရေးနှင့် ငွေရေး ကြေးရေးအခြေအနေ၊ စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှုအခြေအနေ၊ ဘဏ္ဍာရေး အခြေအနေ၊ နိုင်ငံခြားငွေပေးငွေယူစာရင်းအခြေအနေ၊ နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေစာရင်း၊ နိုင်ငံခြားငွေလဲ လှယ်နှုန်း၊ ငွေကြေးပမာဏအခြေအနေ၊ အစိုးရငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေ ရောင်းချခြင်းနှင်‌့ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ချေးငွေအခြေ အနေများပါသော အစီရင်ခံစာနှင်‌့ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးနှင့်ပတ်သက်၍ ဘဏ်များနှင်‌့ ငွေရေးကြေးရေးကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေအနေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ် စစ်ဆေးခြင်းနှင်‌့ ကြပ်မတ်ကွပ်ကဲခြင်း၊ ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများအပေါ် အခြေခံသည့် စိစစ်ချက်များ၊ ငွေရေးကြေးရေးဆိုင်ရာအချိုးများ၊ ငွေရေး ကြေးရေး ကဏ္ဍဖြစ်ပေါ် တိုးတက်မှုများနှင်‌့ပတ်သက်၍ ဥပဒေရေးရာနှင်‌့ကြပ်မတ်ကွပ်ကဲမှု ဆိုင်ရာ တိုးတက်မှု၊ ငွေရေးကြေးရေး ကဏ္ဍဆိုင်ရာဖြေလျှော့မှုများ၊ ငွေရေးကြေးရေးကိစ္စတွင် ပါဝင်မှု၊ ငွေကြေးခဝါချမှုနှင်‌့ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ်တိုးတက်ဖြစ်ပေါ်မှု ဆောင်ရွက်ချက်များ ပါသော အစီရင်ခံစာများတင်ပြရန် ဖြစ်ပါကြောင်း၊

ဗဟိုဘဏ်သည် ၎င်း၏ ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးမူဝါဒချမှတ် ဆောင်ရွက်မှု ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှုနှင်‌့ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေ အနေတို့နှင်‌့စပ်လျဉ်းပြီး အစိုးရအဖွဲ့နှင့်ပြည်ထောင်စုလွှတ်တော်သို့ တစ်နှစ်လျှင်အနည်းဆုံး နှစ်ကြိမ် အစီရင်ခံတင်ပြပြီး ဝန်ကြီးဌာနသို့လည်း ပေးပို့ရမှာဖြစ်ပါကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ငွေရေး ကြေးရေးစနစ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်၏ငွေရေးကြေးရေးအခြေအနေ သို့မဟုတ် ဗဟိုဘဏ်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင်‌့စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြရမည်ဖြစ်သည့်အပြင် ငွေကြေး မူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ သတင်းအချက်အလက်များကို အများပြည်သူသိစေရန် ဒါရိုက်တာအဖွဲ့၏ ခွင်‌့ပြုချက်ဖြင်‌့ သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရ မည်ဖြစ်ပါကြောင်း၊

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အထက်ဖော်ပြခဲ့သည့် လုပ်ငန်းဆောင်ရွက် ချက် အစီရင်ခံစာများကို ၂၀၁၄-၂၀၁၅ ခုနှစ်အတွက်သာ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်ပြခဲ့ပြီး ဗဟိုဘဏ်၏ ဥပဒေအတိုင်း ဆက်လက်တင်ပြ နိုင်မှုရှိ/မရှိမေးမြန်းလိုပါကြောင်း၊ သို့သော် ၂၆-၈-၂၀၁၉ ရက်နေ့တွင် ငွေကြေးမူဝါဒ အကောင်အထည်ဖော်မှုနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အစီရင်ခံစာများကို ၂၀၁၆-၂၀၁၇ ခုနှစ်နှင့် ၂၀၁၇-၂၀၁၈ ခုနှစ်ကို ပြည်ထောင်စု လွှတ်‌တော်တွင် ဝေငှပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ငွေရေးကြေးရေးမူဝါဒ အကောင်အထည်ဖော်မှုနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်မှု အခြေအနေ ကို ဝေဖန်ဆွေးနွေးနိုင်မည် ဖြစ်သည့်အတွက်ကြောင်‌့  လာမယ့်ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက် အစီရင်ခံစာများကို တင်ပြန်နိုင်ရန်အတွက် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး အစီရင်ခံစာနှင့် ငွေကြေးမူဝါဒအကောင် အထည်ဖော်မှု အစီရင်ခံစာများကို ဆက်လက်ထုတ်ပြန်နိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။


ပြည်ထောင်စုလွှတ်တော်သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နောက်ဆုံးတင်ပြခဲ့သည့် ငွေကြေး မူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင်‌့ ငွေရေးကြေးရေးတည်ငြိမ်မှု အစီရင်ခံစာသည် ၂၀၁၄-၂၀၁၅ မဟုတ်ဘဲ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက်ဖြစ်ကြောင်းကို ပထမဦးစွာ တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြုစုထုတ်ပြန်လျက်ရှိသည့် အဓိကအစီရင်ခံစာ (၄)မျိုးကို အောက်ပါအတိုင်း တွေ့ရမည်ဖြစ်ပါကြောင်း၊ (က) သုံးလပတ် ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်းများ (Quarterly Financial Statistics Bulletin)၊ (ခ) နှစ်ပတ်လည်အစီရင်ခံစာ (Annual Report)၊ (ဂ) ငွေကြေးမူဝါဒအကောင်အထည်ဖော် ဆောင် ရွက်ချက် အစီရင်ခံစာ (Monetary Policy Report)၊ (ဃ) ငွေရေးကြေးရေးတည်ငြိမ်မှု အခြေ အနေ အစီရင်ခံစာ(Financial Stability Report)တို့ ဖြစ်ပါကြောင်း၊

အထက်ပါအစီရင်ခံစာများအနက် သုံးလပတ်ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်းများ (Quarterly Financial Statistics Bulletin)ကို စာအုပ်အဖြစ် Update ထုတ်ပြန်နိုင်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Website တွင် တင်ပြထားပြီးဖြစပါကြောင်းနှင့် နှစ်ပတ်လည်အစီရင်ခံစာ (Annual Report)ကိုလည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ ပြုစုရေးဆွဲပြီးဖြစ်ပြီး စာအုပ်ထုတ်ဝေရေးနှင့် Website တွင် တင်ပြရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ၂၀၁၉ ခုနှစ် သြဂုတ်လမှာ ရေးဆွဲပြီးစီးပြီး ဖြစ်၍ စာအုပ်အဖြစ်ထုတ်ဝေရေးနှင့် Website တင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို (Time Lag) အချိန်ကွာခြားမှု   ခြောက်လမှ ရှစ်လအတွင်းဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ချမှတ်ထားရာ ၂၀၂၀ ခုနှစ် ဧပြီလ သို့မဟုတ် မေလတွင် အပြီးအစီးပြုစုပြီး Update လုပ်တင်ပြသွားမည်ဖြစ်ပါကြောင်း၊

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေကြေးမူဝါဒ အကောင် အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင်‌့ ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေ အစီရင်ခံ စာများကို နိုင်ငံတော်သမ္မတရုံးကို ပေးပို့တင်ပြထားပြီး မကြာမီ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသွား နိုင်မည်ဖြစ်ပါကြောင်း၊ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ် ကာလအတွက် အစီရင်ခံ များကိုလည်း ၂၀၁၉ ခုနှစ် သြဂုတ်လတွင်  ပြုစုရေးဆွဲပြီး ဖြစ်ခြင်း ကြောင့် နိုင်ငံတော်သမ္မတရုံးကို ပေးပို့တင်ပြထားပြီး နိုင်ငံတော်သမ္မတရုံးမှ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ခြောက်လ တစ်ကြိမ် တင်ပြရန်ဖြစ်သည့် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင်‌့ ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေ အစီရင်ခံစာများကိုပြုစုရာတွင် အမှန်ကိန်းဂဏန်းများကို အခြေခံရခြင်းကြောင့် (Time Lag)အချိန် ကွာခြားမှုသည် ခြောက်လခန့် ရှိနိုင်ကြောင်းကို  တွက်ဆ၍ ရပါကြောင်း၊

သို့ဖြစ်ရာ လက်ရှိအချိန်အထိ ယင်းငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင်‌့ ငွေရေးကြေးရေးတည်ငြိမ်မှုအစီရင်ခံစာများကို တင်ပြလျှင် နောက်ကျမှုများ အခုချိန်ထိ ရှိနေသေးသော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစပြီး အထက်ပါ Time Lag အရ Update အစီရင်ခံစာများကို တင်ပြသွားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၃၇နှင်‌့ အညီ ပြည်ထောင်စုလွှတ်တော်သို့ တစ်နှစ်လျှင်နှစ်ကြိမ် တင်ပြအစီရင်ခံသွား မည်ဖြစ်ပါကြောင်း၊ အချုပ်အားဖြင်‌့ တင်ပြရလျှင် အထက်အပိုဒ် ၃ တွင် ဖော်ပြခဲ့သည့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ပြုစုသည့် စာရင်းအင်းများနှင်‌့ အစီရင်ခံစာများကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ယခုအချိန်တွင် လုံးဝ Update ပြုလုပ်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အချိန်နှင့် တစ်ပြေးညီ တင်ပြအစီရင်ခံသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုဥက္ကဋ္ဌ ဦးစိုးသိန်း