Skip to main content

 

ကျောက်ဖြူမြို့တွင် လက်ရှိဂေါက်ကွင်းကို တရားဝင်အမည်ဖောက်ထားခြင်းရှိ/မရှိနှင့် ဂေါက်ကွင်း အတွင်း နဒီသောင်ယံစားသောက်ဆိုင်အနီးတစ်ဝိုက်၌ ကိုယ်ပိုင်မြေမရှိသေးသော ဌာနဆိုင်ရာများကို ရုံးအဆောက်အဦ ဆောက်လုပ်သုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျောက်ဖြူမြို့လေယာဉ်ပျံကွင်းကို ပတ်ပြီးဆောက်လုပ်ထားသော ဂေါက်ကွင်းရှိပါကြောင်း၊ ဂေါက်ကွင်း၏ အရှေ့မြောက်ဘက်ထောင့်တွင် နဒီသောင်ယံဂေါက်ကလပ် Restaurant စားသောက်ဆိုင် ဖွင့်လှစ်ထားပါကြောင်း၊ အရှေ့တောင်ဘက်ထောင့်တွင် ခရစ္စယာန်ဘုရား ကျောင်းခြံဝင်း ရှိပါကြောင်း၊ အဆိုပါ ခြံဝင်း၏တစ်ဖက်တွင် ကျောက်ဖြူမြို့၏စုပေါင်းရုံးကြီးရှိပြီး အဆိုပါစုပေါင်းရုံးနှင့် USDP ရုံး၏ အရှေ့၊ ဂေါက်ကွင်း၊ စားသောက်ဆိုင်နှင့် ခရစ္စယာန်ဘုရား ကျောင်းကြားတွင် မြေကွက်လပ်ရှိပါကြောင်း၊ အဆိုပါမြေကွက်လပ်တွင် ကိုယ်ပိုင်မြေမရှိသည့် အတွက် ရုံးအဆောက်အဦမဆောက်ရသေးသည့်ဌာနများအတွက် ရုံးအဆောက်အဦဆောက်လုပ် သုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ နဒီသောင်ယံဂေါက်ကွင်းအဖြစ် ၁၉၈၂ ခုနှစ်တွင် သတ်မှတ် တိုင်းတာခဲ့ရာ မြေလွတ်၊ မြေရိုင်းဧရိယာ ၃၀.၆၈၄ ဧက၊ အစိုးရသီးသန့်မြေဧရိယာ ၇.၇၇၂ ဧက စုစုပေါင်းမြေဧရိယာ ၃၈.၄၅၆ ဧက ရှိသည်ဟု သိရှိရပါကြောင်း၊ အစိုးရသီးသန့်မြေဧရိယာ ၇.၇၇၂ ဧကကို ကျောက်ဖြူမြို့ နဒီသောင်ယံဂေါက်ကွင်းကြီးကြပ်ရေးကော်မတီမှ ကော်မတီအမည်ပေါက် ရရှိရေးမြေပေးမိန့်လျှောက်ထားခဲ့ပြီး ၂၈-၉-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅၄/၂၀၁၇) အရ အဆိုပါမြေအား အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေအဖြစ်သာထားရှိသွားရန် ဆုံးဖြတ်ထားပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၉-၉-၂၀၁၇ ရက်စွဲပါစာဖြင့် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အကြောင်းကြားထား ရှိပြီးဖြစ်ကြောင်းလည်း သိရှိရပါကြောင်း၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ ခရိုင်အဆင့်တွင် ဌာနဆိုင်ရာရုံး ၃၈ ရုံးရှိပြီး မြေနေရာရှိသည့်  ဌာနဆိုင်ရာရုံးက ၃၆ ရုံး၊ မြေနေရာမရှိသေးသည့် ဌာနဆိုင်ရုံးနှစ်ရုံး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာရုံးများတွင်လည်း မြို့နယ် အဆင့်တွင် ဌာနဆိုင်ရာရုံး ၃၅ ရုံးရှိပြီး မြေနေရာရှိဌာနဆိုင်ရာရုံး ၂၄ ရုံး၊ မြေနေရာမရှိသည့်ဌာန ဆိုင်ရာရုံး ၁၁ ရုံးတို့တွင် သက်ဆိုင်ရာ ခရိုင်ရုံးများ ပူးပေါင်းပြီး ဖွင့်လှစ်ဆောင်ရွက်ထား ရှိပါကြောင်း၊

နဒီသောင်ယံဂေါက်ကလပ် အဆောက်အဦဆောက်လုပ်အသုံးပြုထားခြင်းသည် အစိုးရသီးသန့်မြေ ဧရိယာ ၇.၇၇၂ ဧကအတွင်း ကျရောက်လျက်ရှိပြီး အဆိုပါအဆောက်အဦအနီးတစ်ဝိုက်ရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေနေရာတွင် မြေနေရာမရှိသေးသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ ဌာန ပိုင်မြေအဖြစ် အသုံးပြုရန် လျှောက်ထားလာပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့သိရှိရသည်မှာ အဆိုပါဂေါက်ကွင်းသည် တရားဝင်မရသေးသည်ဟု သိရှိရပါကြောင်း၊ ဝန်ကြီး၏ဖြေကြားချက်တွင် အဆိုပါဂေါက်ကွင်းကို မည်သည့်အဆင့်ဟု သေချာနားမလည် ပါကြောင်း၊ ကျောက်ဖြူမြို့သည် ခရိုင်မြို့တစ်မြို့ဖြစ်ပြီး ပြည်ထောင်စုအဆင့်ဧည့်ရိပ်သာပင် ရှိပါ ကြောင်း၊ မြို့ပေါ်မှာနေသူများ၊ ဧည့်သည်များပါ အဆိုပါဂေါက်ကွင်းကိုသာ အသုံးပြုပြီး ဂေါက် ကစားကြသည့်အတွက် ဂေါက်ကွင်းတစ်ကွင်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ  ဂေါက်ကွင်း တရားဝင်ရရှိနိုင်အောင် စီမံဆောင်ရွက်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများက မည်သို့ကူညီပေးမည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဦးတင်မြင့်

ယခင်က အဆိုပါမြေများသည် မြေလွတ်၊ မြေရိုင်းများ ဖြစ်ပါကြောင်း၊ ထို့နောက် အစိုးရသီးသန့်မြေ ၇.၇၇၂ ဧကကို ကျောက်ဖြူမြို့ နဒီသောင်ယံဂေါက်ကွင်းကြီးကြပ်ရေးကော်မတီက ကော်မတီ အမည်ပေါက်ရရှိရေး လျှောက်ထားခဲ့ရာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေဟူ၍ သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ ဂေါက်ကွင်းအနီးနားတွင်လည်း လေယာဉ်ကွင်းရှိပါကြောင်း၊ နောင်တစ်ချိန်တွင် ဒေသဖွံ့ဖြိုးတိုးတက်လာခဲ့ပါက နိုင်ငံခြားသားအပါအဝင် မြန်မာနိုင်ငံအတွက် အလွန်အားထားရ သည့်  ဂေါက်ကွင်းဖြစ်လာနိုင်ပါကြောင်း၊ တရားဝင်ရရှိရန်အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေဖြစ် သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့်ဖြစ်စေ သို့မဟုတ်  နဒီသောင်ယံ ကြီးကြပ်ရေးကော်မတီကိုဖြစ်စေပေးမည်ဆိုပါက ပေးနိုင်ပါကြောင်း၊ သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူးထံကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားပြီး အားကစားကွင်းသည် သက်ဆိုင်ရာခရိုင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွက် အမှန်တကယ်လိုအပ်မည့် ကွင်းဖြစ်သောကြောင့် မြေငှားဂရန် နှစ် ၃၀၊ နှစ် ၆၀၊ နှစ် ၉၀ စသည်ဖြင့် ပေးမည်ဆိုပါကလည်း ရပါကြောင်း၊ သို့မဟုတ် သက်ဆိုင်ရာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကြီးကြပ်ပြီး ဆောင်ရွက်မည်ဆိုပါက မြေလွှဲမိန့်ထုတ်ပြန်ဆောင်ရွက်ပေးနိုင်ပါကြောင်း၊  လုပ်ထုံးလုပ်နည်းနှင့် အညီလျှောက်ထားသည့်အပေါ် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးက  ပြည်နယ်ထံတင်ပြပြီး ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ နိုင်ငံတော်၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအကျိုးငှာ ထားရှိလိုပါက သက်ဆိုင်ရာအစိုးရအဖွဲ့၏ စိစစ်ထောက်ခံမှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် မြေငှားဂရန် သို့မဟုတ်ရင် မြေလွှဲမိန့် ထုတ်ပြန်ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဦးတင်မြင့်