Skip to main content

 

ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးဒေသတွင် တိုက်နယ်ဆေးရုံတစ်ရုံရရှိရေးနှင့် ပတ်သက်ပြီး မိမိတို့ ဒေသအခြေအနေများ၊ မြေပြင်အခြေအနေများ၊ ဒေသအခက်အခဲများ၊ အမှန်တကယ် လိုအပ်ချက်များကို ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည့်အတွက် အကျယ်ဆွေးနွေးခြင်းမပြုတော့ပါကြောင်း၊ မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာလူထု များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမှန်တကယ်လိုအပ်လျက်ရှိသော တိုက်နယ်ဆေးရုံတစ်ရုံ အမြန်ဆုံးဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

မံစီမြို့နယ်တွင် လူဦးရေ ၇၁၇၁၇ ဦး နေထိုင်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ၂၅ ခုတင်ဆံ့မြို့နယ်ဆေးရုံ တစ်ရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာန ငါးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၁ ခု ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ယခုလက်ရှိအခြေအနေ တွင် အဆိုပါကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အားနည်းလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မန်ဝိန်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနပိုင်နယ်မြေတွင် အိမ်ခြေ ၃၅၀၁ အိမ်၊ လူဦးရေ ၁၉၀၂၂ ဦး ရှိပါကြောင်း၊ မန်ဝိန်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအောက်တွင် စုစုပေါင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ၅ ခု ရှိပါကြောင်း၊ မန်ဝိန်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အထွေထွေဆေးခန်းသို့လာသော လူနာပေါင်းအများဆုံး ၁၂၄၀၈ ဦးနှင့် အနည်းဆုံး ၆၄၉၂ ဦး၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၆၄၉၂ ဦး တွေ့ရှိရပါကြောင်း၊ အထက်အဆင့်သို့ လွှဲ‌ွပြောင်းသောလူနာများမှာလည်း အများဆုံး ၁၃၂ ဦးမှ အနည်းဆုံး ၄၇ ဦးအထိ ပေးပို့ထားသည်ကို တွေ့ရှိရပါကြောင်း၊ မန်ဝိန်းကြီးကျေးရွာ ကျေးလက် ကျန်းမာရေးဌာနသည် မံစီမြို့နယ်ဆေးရုံမှ မိုင် ၅၀ ကွာဝေးပြီး ခုတင် ၁၀၀ ဆံ့ နမ့်ခမ်းဆေးရုံမှ ၇ မိုင် မိနစ် ၃၀ ခန့် သွားလာရသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် မန်ဝိန်းကြီးကျေးရွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တင်ပြချက်များအရ သြဂုတ်လ ၃၁ ရက်နေ့ ၂၀၁၈ ခုနှစ်၏ တင်ပြချက်များကို အသေးစိတ်လေ့လာဆွေးနွေးကြပြီး ဆောင်ရွက်နိုင်မည်‌့ အနေအထား များကို အသေးစိတ်ဆွေးနွေးသည့်အခါ အားသာချက်၊ အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊ အားသာချက်များအနေဖြင့် တရုတ်နိုင်ငံနယ်စပ် Cross Border Help System Coordination Cooperation အတွက် MO တိုက်နယ်ဆေးရုံ တစ်ဦးလိုအပ်ခြင်း၊ Malaria Elimination 2020 အတွက် MO တစ်ဦးလိုအပ်ကြောင်း  တွေ့ရှိရပါကြောင်း၊ MPT နှင့် TELENOR ဆက်သွယ်ရေး လိုင်းများ ရှိနေသဖြင့် ဆက်သွယ်ရေးပြတ်တောက်မှုမရှိကြောင်း ဒေသခံပြည်သူများအနေဖြင့် တိုက်နယ်ဆေးရုံဖြစ်ပေါ်လာစေရေးအတွက် ဆန္ဒပြင်းပြစွာရှိ၍ မြေဧက ၄.၀၅ ဧကအား စုပေါင်း ဝယ်ယူလှူဒါန်းပြီး ရေ၊ လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်နိုင်ကြောင်းကို ကျေးဇူးတင်စွာသိရှိရပါ ကြောင်း၊ တရုတ်နယ်စပ်ဖြစ်သည်‌့အားလျော်စွာ Mobile Population ဟူ၍ လူမျိုးစုံ၊ ဘာသာစုံ ကျန်းမာရေးပြဿနာ စုံလင်ပါကြောင်းနှင့် တိုက်နယ်အဆင့်တိုးမြှင့်ပေးမည်ဆိုပါက ဦးစားပေး ပထမ အဆင့်တွင်ရှိပြီး အမှန်တကယ်လိုအပ်ပါကြောင်း အစီရင်ခံတင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ အားနည်းချက်တစ်ရပ်က ကျန်းမာရေးဝန်ထမ်းများအတွက် Border Issue များ၏ အခက်အခဲ အချို့ကို တင်ပြထားပါကြောင်း၊ မိမိအနေဖြင့် အသေးစိတ်မတင်ပြတော့ပါကြောင်း၊ အနီးဆုံးဆေးရုံနှင့် အကွာအဝေး ၇ မိုင်ခန့်ရှိသော်လည်း ၁၂-၁၁-၂၀၁၈ ရက်နေ့တွင် တာဝန်ရှိသူများ မိမိတို့နှင့် လာရောက် ဆွေးနွေးတင်ပြချက်အရ တံတားပေါ်ဖြတ်သန်းခွင့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ကန့်သတ်ထားကြောင်း သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ၏ ဆန္ဒကို အစွမ်းကုန်ဖြည်‌့ဆည်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဖြည်‌့ဆည်းနိုင်ရန်အတွက် လိုအပ်သောဆရာဝန်များကို ရရှိရန်ဆောင်ရွက် နေသော အချိန်ကာလဖြစ်သောကြောင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ပြည်‌့စုံလုံလောက် နိုင်မည်‌့ကာလတွင် မန်ဝိန်းတိုက်နယ်ဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်