Skip to main content

မေးခွန်း အကြောင်းအရာ 

zar ni minဗန်းမော်တက္ကသိုလ်သည် Main လမ်းမကြီး၏ တစ်မိုင်အတွင်း ခြုံများကြားတွင် တည်ဆောက်ထား ခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်မီးတိုင်များယိုင်နဲ့နေပြီး ကြိုးများလည်း ဖြစ်သလိုသွယ်တန်းထားပြီး မီးလုံးဝ မရှိသည့်အတွက် ကျောင်းသူ/ကျောင်းသားများ၏ လုံခြုံရေးအတွက် စိတ်မချရပါကြောင်း၊ မနှစ်ကဆိုရင် ဓားထိုးမှုဖြစ်ပွားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ရှိ အစိုးရပိုင် ယခုဆောက်လုပ်မည့် ကျောင်းဆောင်များ ရေ၊ မီးအစုံရရှိပြီး ကျောင်းသူကျောင်းသားများ ကျောင်းပြင်ပပညာလေ့လာနိုင်ရန်အတွက် Wi-Fi တပ်ဆင့် ထုတ်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။

 

 

 


 

ဖြေကြားချက် 

dr myo thein gyiကချင်ပြည်နယ်၊ ဗန်းမော်နည်းပညာတက္ကသိုလ်ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးဆံ့ အိပ်ဆောင် ၂၃၅ ပေ RC နှစ်ထပ် ရေ၊ မီး အပါအဝင်တစ်လုံး၊ ၆၀ ပေ x ၄၀ ပေ တစ်ထပ် ထမင်းစားဆောင် နှစ်လုံး အဆောင်အဝင်လမ်းတည်ဆောက်ခြင်းလုပ်ငန်းအပြင် ရေ၊ မီး အပါအဝင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၅၇၁ သန်း ခွဲဝေပေးထားပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လုပ်ငန်း အပ်နှံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင်ရှိသည် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများ ို့ Internet Access ရဖို့လို့ အတွက် Wi-Fi များကို တိုးချဲ့တပ်ဆင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နည်းပညာတက္ကသိုလ် ဗန်းမော်၏ ပင်မကျောင်းဆောင်ကြီးမှ ယခုအခါ ပြုပြင်ဆဲအလုပ်ရုံတစ်ရုံ ဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ် (ဗန်းမော်)၏ ပင်မဆောင်ကြီးတွင် Internet အသုံးပြုနိုင်ရန် အတွက် IP Star စနစ်အသုံးပြု၍ Wi-Fi သုံးစွဲရာတွင် သတ်မှတ် Bandwidth က မိမိတို့ IP Star စနစ်အသုံးပြုသည့်အခါ Bandwidth နည်းသဖြင့် Connection မကောင်းပါကြောင်း၊ Connection မကောင်းသည့်အတွက် Internet Access တပ်ဆင်နိုင်ရေးကို ဗန်းမော်မြို့ရှိ ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးရုံးနဲ့ ဆက်သွယ်ညှိနှိုင်းပြီး ပိုမို Connection ကောင်းမွန်သည့် Fiber Optic လိုင်းရရှိရေးအတွက်ကို ပညာရေးဝန်ကြီးဌာန အနေဖြင့် ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ်များကိုတွက်ချက်ပြီး လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ လျာထားချက်များဆောင်ရွက်သည့်အခါတွင် ထည့်သွင်းလျာထား တင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း၊

ယခုကြားကာလတွင် ကျောင်းသား/ကျောင်းသူနှင်‌့ဆရာ/ဆရာမများ Internet Access ရရှိရေး E-Labrary အသုံးပြုနိုင်ရေးအတွက်ကိုလည်း အလှူရှင်များနှင်‌့လည်း ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ယခုလို Wi-Fi အသုံးပြုရာတွင် Connection ပိုမိုကောင်းမွန်ရန်အတွက် Internet Wi-Fi သုံးစွဲမှုကို ပင်မကျောင်းဆောင်ကြီးအတွင်း သုံးစွဲရရှိနိုင်ရ် Fiber Optic လိုင်း တပ်ဆင်ရရှိရေးကို ဦးစွာအကောင်အထည်ဖော် ‌ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းနှင်‌့ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ Internet Access ရရှိရေးနှင်‌့ E-Labrary အသုံးပြုနိုင်ရေးအတွက်ကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် စနစ်တကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  ဖြေကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး