Skip to main content

တအောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် အိမ်ခြေ ၂၃၀ အိမ်၊ လူဦးရေ ၁၃၃၀ ဦးနေထိုင်လျက်ရှိသော လွယ်ကန်ကျေးရွာသည် မန်တုံမြို့နှင့်  ၂ မိုင် ၄ ဖာလုံကွာဝေးပြီး နတလခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်း ဆက်သွယ်ထားပါကြောင်း၊ ပညာရေးတွင် မူလွန်ကျောင်းတစ်ကျောင်းရှိပြီး ဆရာ/ဆရာမ ၇ ဦး၊ ပညာသင်ကြားလျက် ရှိပါကြောင်း၊ အဆိုပါကျောင်းဆောင်ကို ၁၉၉၇ ခုနှစ်တွင် ဒေသသစ်များဖြင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက် ထားသော ကျောင်းဆောင်ဖြစ်သဖြင့် ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင့်ဟောင်းနွမ်းပြီး ကျောင်းဥပဓိ ရုပ်မပေါ်တော့ပါကြောင်း၊ ကျောင်းသူ/ကျောင်းသား ၂၀၀ ကျော်ပညာသင်ကြား မည့်နေရာ လုံလောက်မှု မရှိပါသဖြင့် ဟောင်းနွမ်းနေ ပြီးဖြစ်သော ကျောင်းဆောင်ကို ဖျက်သိမ်းခွင့်ပြုပြီး သင်‌့လျော်သော ကျောင်းဆောင်သစ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်နိုင်ငံတော် အစိုးရမှ တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ် လွယ်ကန်အခြေခံပညာမူလတန်းလွန်ကျောင်းသည် ၉၀ ပေx၃၀ ပေ RCC တစ်ထပ်ကျောင်းဆောင် သစ် ဆောက်လုပ်ပေးနိုင်ရန်အတွက် လိုအပ်သောရန်ပုံငွေကျပ် သန်းပေါင်း ၄၈၃၆ သန်းအား ယခုဘဏ္ဍာရေးနှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေပေးပြီးဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။