Skip to main content

သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု၊ ဇရစ်ချောင်ကျေးရွာ အခြေခံမူလတန်းကျောင်းကြီးကို ၁၉၃၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခွင့် ရရှိခဲ့ပါကြောင်း၊ ၎င်းဒေသတွင် ကရင်၊ ပအိုဝ့် တိုင်းရင်းသား လူမျိုးစု အများစုသာလျှင် နေထိုင် သည့်ဒေသဖြစ်ပါကြောင်း၊ ထိုကျောင်းကြီးကို ၁၉၆၃ ခုနှစ်က မိဘပြည်သူများ၏ ထည့်ဝင်ငွေဖြင့် နှစ် ထပ်ကျောင်းဆောင်ကြီးကို တည်ဆောက်ခဲ့သော်လည်း ကျောင်းဆောင်ကြီးသည် သက်တမ်း နှစ် ၅၀ ကျော်ပြီးဖြစ်သည့်အတွက် အန္တရာယ်ရှိသော အခြေအနေကို ရောက်ရှိနေပါကြောင်း၊ ကျေးလက်နေပြည်သူ များကလည်း ဆင်းရဲနွမ်းပါးသည့်အတွက် ၎င်းကျောင်းဆောင်ကြီးကို ပြန်လည် တည်ဆောက်ရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် သထုံမြို့နယ်အတွင်း ယိုယွင်းပျက်စီးနေသော သင်းတော် အ.မ.က (မူလွန်) နှစ်ထပ်ကျောင်းဆောင်ကြီးအား ၂၀၁၄-၁၅ ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင်‌့ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

မွန်ပြည်နယ်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းတော်အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် နှစ်ထပ်ကျောင်းဆောင် ဆောက် လုပ်ပေးရန် လိုအပ်သောရန်ပုံငွေကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားချက်စာရင်းတွင် ထည့်သွင်းလျာထားပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားပါသည်။