Skip to main content

လေးမျက်နှာမြို့နယ်အတွင်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့်တည်ဆောက်ရန် လျာထားတင်ပြထားသည့် ကျောင်းများအနက် (၄) ကျောင်းသာ ခွင့်ပြုခဲ့ပြီး ကျန် ၁၅ ကျောင်းဖြစ်သည့် အ.မ.က ဇင်ပြွန်းကုန်း၊ အ.မ.က ကြို့ကုန်း၊ အ.မ.က စိန်ဘောင်၊ အ.မ.က ဝဲဒေါင့်၊ အ.မ.က သုံးဆက်၊ အ.မ.က သောင်တန်းပေါက်ကုန်း၊ အ.ထ.က(ခွဲ) မဲဇလီ၊ အ.မ.က(လွန်) သောင်ဘုတ်၊ အ.မ.က အချုပ်ကလေး၊ အ.မ.က ကျားကိုက်ကွင်း၊ အ.မ.က ထိန်ပင်လဟာ၊ အ.ထ.က(ခွဲ) ပန်းတောကြီး၊ အ.မ.က လယ်တန်ငယ်၊ အ.မ.က ရေနောက်ကျောင်းများသည်  အန္တရာယ်ရှိသော အဆောက်အဦများ အပါအဝင် ကျောင်းများ ဟောင်းနေသည့်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် တည်ဆောက်နိုင်ရန် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

ကျောင်းဆောင်အသစ်များ တည်ဆောက်ရာတွင် ငွေလုံးငွေရင်းမှာ လျာထားခြင်းဖြစ်သည့်အတွက် ကိုယ်စားလှယ်တော်ကြီး တင်ပြထားသည့် အန္တရာယ်ရှိကျောင်းများဖြစ်သော အခြေခံပညာမူလကျောင်းများဖြစ်သည့် ဇင်ပြွန်းကုန်း၊ ကြို့ကုန်း၊ စိန်ဘောင်၊ ဝဲဒေါင့်၊ သုံးဆက်၊ သောင်တန်းပေါက်ကုန်း၊ လယ်တန်ငယ်၊ ရေနောက်၊ ထိန်ပင်လဟာကျောင်းတို့အတွက် ငွေကျပ် ၂၁.၆ သန်းနှင့် အချုပ်ကလေး၊ ကျားကိုက် ကွင်းကျောင်းတို့ကို ငွေကျပ် ၃၂.၄ သန်း၊ သောင်ဘုတ်အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် ငွေကျပ် ၄၃.၂ သန်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲများဖြစ်သော မဲဇလီကျောင်းကို ငွေ ၄၃.၂ သန်း၊ ပန်းတောကြီးကျောင်းကို ငွေကျပ် ၃၂.၄ သန်း၊ အိုင်သပြုအခြေခံပညာအထက်တန်းကျောင်းကို ငွေကျပ် ၆၄.၈ သန်းကို လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားချက်စာရင်းတွင် ထည့်သွင်းရေးဆွဲပြီး ကျောင်းအလိုက် ဦးစားပေးအစီအစဉ်ဖြင့် စိစစ်ခွဲဝေပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။