Skip to main content

ဦးမောင်တိုး (မင်းလှ) ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်အချက်များများစွာ ရှိသည့်အနက် ပွင့်လင်းမြင်သာမှုရှိခြင်း၊ Transparency သည်လည်း အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ပြည်သူလူထု၏ ဆက်ဆံ၊ ဆက်သွယ် လုပ်ဆောင်နေရသော ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ လုပ်ငန်းဌာနများသည် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များ ကို ပြည်သူများအလွယ်တကူ သိရှိနိုင်စေရန်အတွက် Website များတွင် လွှင့်တင်ထားရန် လိုအပ်သည်ဟုယူဆပါကြောင်း၊ ဝန်ကြီးဌာနအရေအတွက် မည်မျှသည် ပြီးပြည့်စုံသည့် Website များကို လွှင့်တင်ထားပါသနည်း။ ဝန်ကြီးဌာနအားလုံးသည် ပြီးပြည့်စုံသည့် Website များ မည်သည့်ခုနှစ်တွင် လွှင့်တင်ပြီးဖြစ်ရန် ဆောင်ရွက်ထားပါရှိပါကြောင်းနှင့် မည်သည့်ဝန်ကြီးဌာနများသည် မြန်မာ/ အင်္ဂလိပ်နှစ်ဘာသာ စလုံးဖြင့် လွှင့်တင်ထားရှိပါကြောင်း သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဒုတိယဝန်ကြီး ဦးသောင်းတင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၁၀ ခုတွင် Website ၁၀ ခုလွှင်‌့တင်ထားပြီး မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် Website ၆ ခု မြန်မာတစ်ဘာသာတည်းနှင့် Website ၄ ခုရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခုရှိသည့်အနက် သမ္မတရုံးဝန်ကြီးဌာန ၆ ခုတွင် သီးခြား Website လွှင့်တင်ထားခြင်း မရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး Website ထဲတွင် စုပေါင်းပြီး လွှင်‌့တင်ထားပါကြောင်း၊ ကျန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၀ ခုတွင် Website ၃၁ ခုလွှင့်တင်ထားပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ Website (၂)ခုရှိပြီး ကျန်ရှိဝန်ကြီးဌာနအားလုံး Website ()၁ခုစီ လွှင့်တင်ထားခြင်းဖြစ်ပါကြောင်း၊ မြန်မာ/ အင်္ဂလိပ်နှစ်ဘာသာဖြင့် Website ၂၃ ခု၊ မြန်မာတစ်ဘာသာဖြင့် Website ၄ ခုနှင့် အင်္ဂလိပ်တစ်ဘာသာနည်းဖြင့်  Website ၄ ခုရှိပါကြောင်း၊ အင်္ဂလိပ်တစ်ဘာသာနည်းဖြင့်  တင်ထားသော Website ၄ ခုမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးနှင့်သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ Website တစ်ခုဖြစ်ပါကြောင်း၊ ကျန်ရှိသည့် Website အားလုံးမှာ မြန်မာ/အင်္ဂလိပ်နှစ်ဘာသာဖြင့် လွှင့်တင်ထားခြင်းရှိပါကြောင်း၊  Website လွှင်‌့တင်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင်‌့ ပြည်ထောင်စုဝန်ကြီးဌာနများ၏ အသေးစိတ်အမည်စာရင်းနှင့် လွှင့်တင်ထားသော Website လိပ်စာများ၏ အမည်စာရင်းကို နောက်ဆက်တွဲပါဇယား ၃ ရွက်နှင့် လွှတ်တော်ရုံးသို့ ပေးပို့ထားပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်