Skip to main content

လေးမျက်နှာမြို့နယ် အရှေ့ဘက်ခြမ်းအတွင်းပိုင်းရှိ ကျေးရွာများအား ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းအရှည် ၉.၁ မိုင်ရှိ မြေသားလမ်းအတွက် လေးမျက်နှာမှ ညောင်ဝိုင်းအထိ ၂.၂၇ မိုင်အား ယခင်မြို့နယ် စည်ပင်သာယာမှ ကျေးလက် လမ်းအဖြစ် ခင်းပေးထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိနေသောလမ်းပိုင်း ၆.၈၆ မိုင်အား လမ်းတံတားများ တည်ဆောက်ပြီးစီး နေပြီဖြစ်၍ ရာသီမရွေး သွားလာမှုလွယ်ကူစေရန် ကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ပါက မြို့၏အရှေ့ဘက်အတွင်းပိုင်းရှိ ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေးမျက်နှာ-ညောင်ဝိုင်း-လဟာ ကြီး-ပဲရင်း-ခမောက်ဆုလမ်းအရှည် ၉.၁ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ခင်းပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ လေးမျက်နှာ-ညောင်ဝိုင်း-လဟာကြီး-ပန်းအင်း-ခမောက်စုလမ်းသည် ကျောက်ချောလမ်း ၁ မိုင်၊ ၄ ဖာလုံနှင့် မြေသားလမ်း ၇ မိုင်၊ ၅ ဖာလုံဖြင့် စုစုပေါင်း ၉ မိုင်၊ ၁ ဖာလုံရှိပြီး ကျေးရွာပေါင်း ၁၄ ရွာ၊ လူဦးရေ ၅၄၃၀ ကို အကျိုးပြုပါကြောင်း၊ မြေသားလမ်း ၇ မိုင်နှင့် ၅ ဖာလုံ မှ အရှည် ၂ မိုင်ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်  ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိသော မြေသားလမ်း ၅ မိုင်၊ ၅ ဖာလုံကို ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဆိုပါက ၆၆၂.၅၃ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်  လမ်းတံတားနှင့် ပတ်သက်၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၂၃.၃၄၉ ဘီလီယံ ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ လေးမျက်နှာမြို့အတွက် မိမိတို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ  ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၉၉၂.၂၇၅ သန်းခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ လေးမျက်နှာမြို့နယ် လေးမျက်နှာ-ညောင်ဝိုင်း-လဟာကြီး-ပန်းအင်း-ခမောက်စု ကျောက်ချော လမ်းခင်းရေးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားခြင်း မရှိသေးသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အတိုင်း တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။