Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှ ပြန်လည်ရောက်ရှိ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်ခဲ့ သော ဒုတိယအကြိမ်မြောက် ဥရောပ-အာရှနိုင်ငံများ၏ လွှတ်တော်ဥက္ကဋ္ဌများ အစည်းအဝေးဖွင့်ပွဲအခမ်း အနားနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင်‌့ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က မြန်မာ လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်၏ ရပ်တည်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး နေ့လယ်ခင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇွန်လ ၂၈ ရက်နေ့တွင် ဥရောပ- အာရှနိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌများနှင့်အတူ တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြားရှိ စစ်မဲ့ဇုန်သို့ သွားရောက် လေ့လာခဲ့ပြီး ၂၉ ရက်နေ့ည ၁၀း၃၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

၂၀၁၇ခုနှစ် ဇွန်လ ၃၀ ရက်