Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ကိုရီးယားနိုင်ငံ Posco Daewoo International Corporation Ltd. အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးတီခွမြတ်သည် ကိုရီးယားနိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော Posco Daewoo International Corporation Ltd. ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ ဖြစ်သူ Mr.Kim Young-Sang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  Posco Daewoo International Corporation Ltd.အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက်ရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။        

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်