(ဆ)-​​​​​​​​​​​​​​ဗန်းမောက်မြို့နယ်အတွင်းရှိ အမည်ပေါက်မပါဝင်သေးသော လမ်းများ နှင့် နိုင်ငံအဝန်းကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန်ကျန်ရှိသော မြို့နယ်များအား အမည်ပေါက်စာရင်းထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းစာရင်းတွင် အမည်ပေါက်မပါဝင်သေးသော လမ်းများနှင့် နိုင်ငံအဝန်းကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန်ကျန်ရှိသော မြို့နယ်များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အမည်ပေါက်စာရင်းထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

(ဈ) အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော် အဝင်လမ်းအား မည်သည့်အချိန်တွင် ဖောက်လုပ်ခွင့်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်သော ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးသည် မြန်မာပြည် တစ်ဝန်းသာမက နိုင်ငံတကာ ကပါသိရှိပြီး ထင်ရှားကျော်ဇောသည့် စေတီတော်မြတ်ကြီးတစ်ဆူ ဖြစ်ပါကြောင်း၊နိုင်ငံတကာနှင့် အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ဘုရားဖူးဧည့်သည် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ နေ့စဉ်

(ဃ)-ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၃၀၀)ခန့် ရေလွှတ်နိုင်သော ရေလွှတ်ပေါက်တစ်ခုကို လာမည့်နွေရာသီတွင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ တောင်သူများသည် စိုက်ပျိုးရေရရှိရေးအတွက် အိုင်းမဆည်ကို အဓိကအားကိုးပြီး စိုက်ပျိုးနေကြရခြင်းဖြစ်ပါကြောင်း၊ အိုင်းမဆည်စ၍ တည် ဆောက်အချိန်တွင် မြောက်မန်း မြောင်းမကြီးသာတည်ရှိပြီး တောင်သူများရေရရှိမှု အဆင်ပြေခဲ့ကြ ပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့ တောင်မန်းမြောင်းမကြီးကိုတိုးချဲ့ပြီး ရေသွင်

(င)-ပင်လယ်ရေတိုက်စားခံကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန်အတွက် ပညာရှင်များဖြင့် လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပင်လယ်ရေတိုက်စား၍ ပျက်စီးသွားသောကမ်းပြိုတားတမံများကို နည်းပညာမရှိဘဲ မွမ်းမံရုံဖြင့် ရေရှည်ခိုင်ခံ့ရန် မဖြစ်နိုင်ပါကြောင်း၊  နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကမ်းပြိုကာကွယ်သည့် နည်းစနစ်များကိုလေ့လာပြီး စနစ်တကျတည်ဆောက်မှသာ ရေရှည်ခိုင်ခံ့မည်ဖြစ်ပါကြောင်း၊ ပေါင် မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာနှင့် ဒေးကင်း

(ဃ)- ကနီမြို့နယ်ရှိ မုဋ္ဌော- ချိုင်- သရက်ပင်- မင်းမကျေးရွာချင်း ဆက်လမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မုဋ္ဌော- ချိုင်- သရက်ပင်- မင်းမကျေးရွာချင်းဆက် လမ်းနှင့်ပတ်သက်ပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ထိုလမ်းသည် ၁၃ မိုင်ခန့် ရှည်လျားပြီး ၎င်းဒေသတွင် ရှိသည့်ကျေးရွာများမှ အထူးအားထား သွားလာနေရသည့် လမ်းတစ်လမ်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာ၊ လူဦးရေပေါင်း ၁၅၀၀၀ ဦးခန့်ကို အကျိုးပြုနေသောလမ်းလည်း ဖြစ်ပါကြောင်း၊ ဤလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း နှစ်မိုင် ခင်းကျင်းခြင်းလုပ်ငန်းများကို ဆေ

(ဃ)-ရမ်းဗြဲမြို့နယ်၊ ကန်တော့ပြင်ကျေးရွာနှင့် သာစည်ပြင်ကျေးရွာကြားရှိ တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည် ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရမ်းဗြဲကျွန်း၊ စကုကျွန်း၊ မာန်အောင်ကျွန်းတို့ဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ မြို့နှစ်မြို့ပါဝင်ပြီး ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စု ကျေးရွာ ပေါင်း ၁၉၃ ရွာနှင့် ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀၀၀၀ နီးပါးနေထိုင်သည့် မြို့နယ်တစ်ခု ဖြစ်

(င)ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန် လာအောင် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ မရှိ၍ လည်းကောင်း၊ ရှိသော်လည်း တစ်တိုင်နှင့်တစ်တိုင် အလှမ်းကွာဝေးသည့်အပြင် ကြားခံအတားအဆီး များကြောင့်လည်းကောင်း တယ်လီဖုန်းဆက်သွယ်ရေး မကောင်းဘဲရှိခဲ့ပါကြောင်း၊ အဆိုပါ တယ်လီဖုန်း ဆက်သွယ်ရေးမကောင်းသည့်နေရာများကို ကောင်းလာအောင် မည်သို့ စ

(စ)- တောင်ကုတ်မြို့နယ်၊ ပန်းတင်းကျွန်းပေါ်ရှိ အရှေ့ဘက်-ပိန္နဲကိုင်း-ငမုန်းတိုင်း ကျေးရွာချင်းဆက် လမ်းအား မြေသားအမာခံလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

တောင်ကုတ်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းကြောင်းတစ်ခုတည်း ကိုသာ အားကိုးနေသည့် ပန်းထော်ကျွန်း-ပန်းတင်းကျွန်း-ဖောင်းကားကျွန်း-ကလားရောင်၊ ကလိန်တောင် စသဖြင့် ကျွန်းကြီးများရှိပါကြောင်း၊ အဆိုပါကျွန်းများအနက် ပန်းတင်းကျွန်းသည် အရှေ့ဘက်အုပ်စုနှင့် ငမောက် ချောင်းအုပ်စုဟူ၍ ကျေးရွာအုပ်စုနှစ်ခုရှိပြီး ကျေးရွာပေါင်း ၁၂ ရွာ၊ လူဦးရေ ၇၀၀၀ နီး