(ဆ)-ဂွမြို့နယ်၊ တောင်ပေါက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ တိုင်ကြားခံကျောင်းအုပ်ကြီး အား ပညာရေးဌာနမှ မြို့နယ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးမေးမြန်းခဲ့ပြီး မည်ကဲ့သို့ အရေးယူထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိမေးလိုသည့်မေးခွန်းမှာ တိုင်ကြားစာအပေါ် မည်ကဲ့သို့အရေးယူထားကြောင်း သိလို၍ မေးမြန်း ခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တောင်ပေါက်ရွာ အခြေခံပညာ အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီးသည် နိုင်ငံတော်မှပေးအပ်သော ပညာသင်ထောက်ပံ့ကြေးငွေကို တစ်နှစ် လျှင်နှစ်ကြိမ်ခွဲ၍ ပေးအပ်ခဲ့ရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ