(က)-မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဥပဒေများသည် လွတ်လပ်ရေးမရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဥပ‌ဒေများဖြစ်ပြီး ယခုကာလနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြဋ္ဌာန်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ အေးချမ်းစွာသွားလာနေထိုင်ရေး၊ လုပ်ကိုင်စား‌သောက်နိုင်သည့် လူမှုဘဝပတ်ဝန်းကျင်ဖြစ်ရေးအတွက် တာဝန်ယူဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက်ဥပဒေ

(စ)-မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းကန်ကျေးရွာမှ ပြည်ထောင်စုလမ်းမကြီးအထိ လမ်းအရှည် ၂၀ မိုင်အား ရာသီမရွေးလွယ်ကူစွာသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းကန်ကျေးရွာသည် မိုင်းတုံမြို့နယ်အတွင်းရှိ တိုက်နယ်ကျေးရွာဖြစ်ပြီး မိုင်းတုံမြို့နှင့် ၃၄ မိုင်အကွာတွင် တည်ရှိပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးမှ မိုင် ၂၀ ကွာဝေးပြီး မတ်စောက်သော တောင်ဆင်းတောင်တက်လမ်း များဖြင့် သွားလာရန်ခက်ခဲသည့်ကျေးရွာဖြစ်သည့်အလျောက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခက်အခဲများန

(ခ)-မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာ ကွင်းအမှတ်(၆၁-ဃ)၊ စိုက်ခင်းမြေ ၈၁.၃၆ ဧကအား မူလ ပိုင်ရှင်တောင်သူများထံ မည်သို့သော အစီစဉ်များဖြင့် ပြန်လည်စွန့်လွှတ်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြို့သစ်ကြီးကျေးရွာမှ တောင်သူ ၄၂ ဦး သည် ၁၉၅၈ ခုနှစ်တွင် အဆိုပါတောရိုင်းမြေကို ခုတ်ထွင်ရှင်းလင်းပြီး ဓားမဦးချစိုက်ပျိုးခဲ့ကြပါကြောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကြံခင်းများ စိုက်ပျိုးပြီး နမ္မတီးသကြားစက်ကို ကြံစိုက်ပျိုး ရောင်းချခဲ့သည့် ကြံတောင်သူများဖြစ်ပါကြောင်း၊ ၁၉၉၀ ခုနှစ်တွင် မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှ

(ဂ)-တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆည်၏ လက်ယာမြောင်းမကြီးပေါ်မှဖြတ်၍ Flume များကို လိုအပ်သလို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိမဲဆန္ဒနယ်ရှိ ရန်ပယ်ဆည်ကြီးတွင် ရေပေးဝေသည့် လက်ဝဲမြောင်း၊ လက်ယာမြောင်း ဟူ၍ရှိပြီး လက်ယာမြောင်းမကြီးသည် တောင်တွင်းကြီးမြို့နယ်ကို အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်ကိုဖြတ်သန်း ဖောက်လုပ်ထားပြီး အရှည် ၁၄ မိုင်နီးပါးရှိပါကြောင်း၊ ရေလွှဲ လက်တံ DY ၁၃ ခုရှိသော်လည်း အမှန်တစ်ကယ်ရေပေးဝေနိုင်ခြင်းသည် DY3 နှင့် D

(ဆ)-​​​​​​​​​​​​​​ဗန်းမောက်မြို့နယ်အတွင်းရှိ အမည်ပေါက်မပါဝင်သေးသော လမ်းများ နှင့် နိုင်ငံအဝန်းကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန်ကျန်ရှိသော မြို့နယ်များအား အမည်ပေါက်စာရင်းထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းစာရင်းတွင် အမည်ပေါက်မပါဝင်သေးသော လမ်းများနှင့် နိုင်ငံအဝန်းကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန်ကျန်ရှိသော မြို့နယ်များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အမည်ပေါက်စာရင်းထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

(ဈ) အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော် အဝင်လမ်းအား မည်သည့်အချိန်တွင် ဖောက်လုပ်ခွင့်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်သော ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးသည် မြန်မာပြည် တစ်ဝန်းသာမက နိုင်ငံတကာ ကပါသိရှိပြီး ထင်ရှားကျော်ဇောသည့် စေတီတော်မြတ်ကြီးတစ်ဆူ ဖြစ်ပါကြောင်း၊နိုင်ငံတကာနှင့် အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ဘုရားဖူးဧည့်သည် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ နေ့စဉ်

(ဃ)-ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၃၀၀)ခန့် ရေလွှတ်နိုင်သော ရေလွှတ်ပေါက်တစ်ခုကို လာမည့်နွေရာသီတွင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ တောင်သူများသည် စိုက်ပျိုးရေရရှိရေးအတွက် အိုင်းမဆည်ကို အဓိကအားကိုးပြီး စိုက်ပျိုးနေကြရခြင်းဖြစ်ပါကြောင်း၊ အိုင်းမဆည်စ၍ တည် ဆောက်အချိန်တွင် မြောက်မန်း မြောင်းမကြီးသာတည်ရှိပြီး တောင်သူများရေရရှိမှု အဆင်ပြေခဲ့ကြ ပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့ တောင်မန်းမြောင်းမကြီးကိုတိုးချဲ့ပြီး ရေသွင်

(င)-ပင်လယ်ရေတိုက်စားခံကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန်အတွက် ပညာရှင်များဖြင့် လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပင်လယ်ရေတိုက်စား၍ ပျက်စီးသွားသောကမ်းပြိုတားတမံများကို နည်းပညာမရှိဘဲ မွမ်းမံရုံဖြင့် ရေရှည်ခိုင်ခံ့ရန် မဖြစ်နိုင်ပါကြောင်း၊  နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကမ်းပြိုကာကွယ်သည့် နည်းစနစ်များကိုလေ့လာပြီး စနစ်တကျတည်ဆောက်မှသာ ရေရှည်ခိုင်ခံ့မည်ဖြစ်ပါကြောင်း၊ ပေါင် မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာနှင့် ဒေးကင်း