(ခ)-ထန်တလန်မြို့အတွက်၆၆ကေဗွီဓာတ်အားလိုင်းစီမံကိန်းတည်ဆောက်ခြင်းသည်မည်သည့်အချိန်တွင်ပြီးစီးမည်ကိုသိလိုခြင်းနှင့်မြို့နယ်အတွင်းရှိကျေးရွာများကိုပါ လျှပ်စစ်ဓာတ်အားလိုင်း ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်သည် ရပ်ကွက် ၅ ခု၊ အုပ်စု ၃၆ ခု၊ ကျေးရွာပေါင်း ၈၆ ရွာရှိ၍ လူဦးရေအားဖြင့် ၅၅,၀၀၀ ဦးကျော်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ထန်တလန် မြို့နယ်သည် အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် တစ်မြို့နယ်လုံး နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိရွာတိုင်းတွင် လျှပ်စစ်မီးလင်းပြီး၊ ထန်တလန်မြို့နယ်အတွင