(က)-ကွမ်းလုံမြို့နယ်အတွင်းရှိနမ့်တိန်ချောင်းရေတိုက်စားမှုကြောင့် နေရာကိုးခု ကမ်းပြိုမှုများဖြစ်ပေါ်နေသဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနကကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ်ကို နယ်နိမိတ်ပိုင်းခြားစီးဆင်းနေသည့် နမ့်တိန်ချောင်း တစ်လျှောက် မြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုးမြေများဆုံးရှုံးနေပါကြောင်း၊ ၎င်းရေတိုက်စားမှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လအတွင်း ကွမ်းလုံမြို့နယ်၊

(ဇ)-ဧရာဝတီတံတား(ညောင်တုန်း)၊ မီးရထားတံတားတည်ဆောက်ခဲ့စဉ် ပျက်စီးကျန်ခဲ့သော လယ်မြေ နှင့် ယာမြေများ၌ လုပ်ကိုင်စားသောက်ခဲ့ကြသောတောင်သူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် မြေယာလျော်ကြေးပေးနိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

လှိုင်သာယာ-ညောင်တုန်း-စက္ကော့-ဓနုဖြူ-ဇလွန်ရထားလမ်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရထားလမ်းမြေဖို့ခြင်း၊ သံလမ်းခင်းခြင်းများကို ပြီးစီးခဲ့ပါကြောင်း၊ ၂၄-၅-၂၀၁၄ ရက်နေ့တွင် လှိုင်သာယာ-ညောင်တုန်း-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ လှိုင်သာယာ-ညောင်တုန်းမီးရထားလမ်းသည် စီးနင်းသူမရှိသည့်အတွက်

(ဆ)-ရွှေပြည်သာမြို့နယ်တွင် ဘောလုံးကွင်းနှင့်ယှဉ်တွဲ၍ လေ့ကျင့်ရေးပစ္စည်းများနှင့်အတူ ပြေးခုန်ပစ် အားကစားကွင်းတစ်ကွင်းကို ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်နှစ်တွင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ယခုမေးခွန်းကိုမေးမြန်းရသည့်ရည်ရွယ်ချက်မှာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သန်စွမ်းစေရန်နှင့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပါ ကြောင်း၊ ကြောင်းကျိုးဖော်ပြချက်အနေဖြင့် ပြေးခုန်ပစ်အားကစားသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ကျား/မပြိုင်ပွဲများအလို

(စ)-ထီးချိုင့်မြို့နယ်ရှိခုတင်၅၀ဆံ့ဆေးရုံသစ်အားမည်သည့်အချိန်တွင်ဖွင့်လှစ်မည်နှင့်လက်ရှိအသုံးပြုနေသောဆေးရုံဟောင်းအားမည်သိဆက်လက်အသုံးပြုမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့် မြို့နယ်ဆေးရုံ ၂၅ ခုတင်ဆံ့ကနေ ခုတင် ၅၀ ဆံ့ အဆင့်ကို ၂၀၁၅ ခုနှစ်တွင် တိုးမြှင့် သတ်မှတ်ခဲ့ပြီး လိုအပ်သည့် တိုးချဲ့နှစ်ထပ် လူနာကုသဆောင်နှင့် ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာတို့ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့ သော်လည်း ၎င်းအဆောက်အအုံများသည် အသုံးပြုရန် အဆင်သင့် မဖြစ်သေးသည့်အတွက် ဒုတိယ

(က)-မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဥပဒေများသည် လွတ်လပ်ရေးမရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဥပ‌ဒေများဖြစ်ပြီး ယခုကာလနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြဋ္ဌာန်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ အေးချမ်းစွာသွားလာနေထိုင်ရေး၊ လုပ်ကိုင်စား‌သောက်နိုင်သည့် လူမှုဘဝပတ်ဝန်းကျင်ဖြစ်ရေးအတွက် တာဝန်ယူဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက်ဥပဒေ

(စ)-မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းကန်ကျေးရွာမှ ပြည်ထောင်စုလမ်းမကြီးအထိ လမ်းအရှည် ၂၀ မိုင်အား ရာသီမရွေးလွယ်ကူစွာသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းကန်ကျေးရွာသည် မိုင်းတုံမြို့နယ်အတွင်းရှိ တိုက်နယ်ကျေးရွာဖြစ်ပြီး မိုင်းတုံမြို့နှင့် ၃၄ မိုင်အကွာတွင် တည်ရှိပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးမှ မိုင် ၂၀ ကွာဝေးပြီး မတ်စောက်သော တောင်ဆင်းတောင်တက်လမ်း များဖြင့် သွားလာရန်ခက်ခဲသည့်ကျေးရွာဖြစ်သည့်အလျောက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခက်အခဲများန

(ခ)-မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာ ကွင်းအမှတ်(၆၁-ဃ)၊ စိုက်ခင်းမြေ ၈၁.၃၆ ဧကအား မူလ ပိုင်ရှင်တောင်သူများထံ မည်သို့သော အစီစဉ်များဖြင့် ပြန်လည်စွန့်လွှတ်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြို့သစ်ကြီးကျေးရွာမှ တောင်သူ ၄၂ ဦး သည် ၁၉၅၈ ခုနှစ်တွင် အဆိုပါတောရိုင်းမြေကို ခုတ်ထွင်ရှင်းလင်းပြီး ဓားမဦးချစိုက်ပျိုးခဲ့ကြပါကြောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကြံခင်းများ စိုက်ပျိုးပြီး နမ္မတီးသကြားစက်ကို ကြံစိုက်ပျိုး ရောင်းချခဲ့သည့် ကြံတောင်သူများဖြစ်ပါကြောင်း၊ ၁၉၉၀ ခုနှစ်တွင် မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှ

(ဂ)-တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆည်၏ လက်ယာမြောင်းမကြီးပေါ်မှဖြတ်၍ Flume များကို လိုအပ်သလို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိမဲဆန္ဒနယ်ရှိ ရန်ပယ်ဆည်ကြီးတွင် ရေပေးဝေသည့် လက်ဝဲမြောင်း၊ လက်ယာမြောင်း ဟူ၍ရှိပြီး လက်ယာမြောင်းမကြီးသည် တောင်တွင်းကြီးမြို့နယ်ကို အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်ကိုဖြတ်သန်း ဖောက်လုပ်ထားပြီး အရှည် ၁၄ မိုင်နီးပါးရှိပါကြောင်း၊ ရေလွှဲ လက်တံ DY ၁၃ ခုရှိသော်လည်း အမှန်တစ်ကယ်ရေပေးဝေနိုင်ခြင်းသည် DY3 နှင့် D