(ည)-တမူးမှမုံရွာထိ ကားလမ်းဆောင်ရွက်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းဖြောင့်ခြင်းတို့နှင့် မလွတ်ကင်းသည့်မြေယာများအတွက် မြေယာလျော်ကြေးရရန် ကျန်ရှိနေသူများအတွက် မြန်ဆန်စွာလျော်ကြေးရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

India-Myanmar-Thailand Trilateral Linked ကို တပ်မတော်အစိုးရနှင့် သမ္မတကြီးဦးသိန်းစိန်အစိုးရ လက်ထက်တို့တွင် စတင်ဆွေးနွေးအကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ အိန္ဒိယကုမ္ပဏီများကလုပ်ငန်း(Site)ထဲအထိ ဝင်ရောက်လာနိုင်ခဲ့ပြီး လမ်းချဲ့ခြင်း၊ မြေသားတာပေါင်တင်ခြင်း၊ တံတားထိုးခြင်းလုပ်ငန်းများလုပ်ကိုင်နိုင်ခဲ့ပါကြောင်း၊ လမ်းချဲ့ခြ

(ဈ)-မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသား အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi Sectoral National Plan of Acion on Nutrition MS-NPAN) ဆောင်ရွက်နေမှုများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

အာဟာရ ဖွံ့ဖြိုးမှုသည် နိုင်ငံသားတိုင်း၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးအတွက် သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက် အရေးကြီးဆုံး အချက် ဖြစ်ပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံး သော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်အပြင် နိုင်ငံ့၏ မဖြစ်မနေ လုပ်ဆောင်ပေးရမည့် အ

(က) - သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်စဉ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပြောင်းရွှေ့ခံရသောပြည်သူများအတွက် လိုအပ်သောစီမံမှုကို အမြန် ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

(င) - အထည်အလိပ်နည်းပညာကျောင်းများကို တက္ကသိုလ်အဆင့်၊ သိပ္ပံအဆင့်၊ အထက်တန်းကျောင်းနှင့် သင်တန်းကျောင်းများဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

အထည်ချုပ်လုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းကဏ္ဍအဖြစ် ကိုယ်စားပြုနေပြီး လွန်ခဲ့တဲ့ငါးနှစ်ကျော်ကာလ အတွင်းတွင် တစ်နှစ်ကို ၂၅ ရာခိုင်နှုန်းဖြင့် တိုးတက် မြင့်မားလာခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အဆိုပါ လုပ်ငန်းကဏ္ဍအတွက် စုစုပေါင်းပို့ကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံရှိခဲ့ပါကြောင်း၊ အလုပ်သမားငါးသိန်းကျော်ကိုလည်း အလုပ် ပေးထားနိုင်

(စ)-​​​​​​​လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အခြေခံပညာ မူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်း ကျောင်းခွဲများတွင် လစ်လပ်လျက်ရှိသည့် ဆရာ ဆရာမများ ခန့်အပ်တာဝန် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်းများ၊ အလယ်တန်းကျောင်း(ခွဲ)များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စတင်သည့် ဇွန်လမှစ၍ အခြေခံပညာကို သင်ကြားပြသနေသည့် ဆရာဆရာမများ ပြည့်စုံမှုမရှိ လစ်လပ်နေပါသဖြင့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနေကြသည့် မိမိတို့၏ ရင်သွေးသားသမီးများ

(ဂ)-နှစ်အနည်းငယ်အတွင်း ယိုယွင်းပျက်စီးလာသည့် အခြေခံပညာ ကျောင်းများ၏ အရေအတွက်၊ တည်နေရာ၊ ဆောက်လုပ်သော ကုမ္ပဏီ၏ အမည်၊ လိပ်စာနှင့် လုပ်ငန်းမှတ်တမ်းများကို ကောက်ယူ၍ ပြုစုမှတ်တမ်းထားရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်တင်ဒါအောင်သည့် ကုမ္ပဏီတချို့ ဆောက်လုပ်ခဲ့သည့် ကျောင်းများသည် နှစ်အနည်းငယ်အတွင်းတွင် လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ် အတွင်းတွင် ယိုယွင်းပျက်စီးပြီး ကျောင်းသူ ကျောင်းသားများအတွက် အန္တရာယ်ရှိခြင်း၊ ဆရာမများအတွက် အန္တရာယ်ရှိခြင်းများ ဖြစ်လာသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်အတွက်နှစ်နည်းနည်းအတ

(ခ) - မယ်စဲ့မြို့နယ်၌ ကျေးရွာအသီးသီးတွင် လိုအပ်နေသော အမှိုက်သိမ်းဆည်းခြင်းနှင့်သက်ဆိုင်သော ဆက်စပ်ပစ္စည်းများထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်နယ်၊ မြို့နယ်သန့်ရှင်း သာယာလှပရန်အတွက် အမှိုက်ကိုနေ့စဉ်နှင့်အမျှ စည်ပင်သာယာဌာန အဖွဲ့အစည်းများနှင့်တကွ အရပ်ဘက်အဖွဲ့ အစည်းပါမကျန် အမှိုက်ကိုကောက်၍ အမှိုက်သိမ်းဆည်းခြင်းများ၊ အမှိုက်သယ်ယာဉ်ဖြင့် သယ်ဆောင်ကာ အမှိုက်ကျင်းသို့ စနစ်တကျ စွန့်ပစ်နေသည်ကို တွေ့နေရပါကြောင်း၊ မြို့ပေါ်တွင် အမှိုက်ကိုသိမ်းဆည်းနိုင်

(ဈ)-မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်၊ ဖိုင်ကျောင်းကျေးရွာနှင့် မန့်ဟျိုး(မန့်ဟီးရိုး)မြို့၊ နောင်ဟင် ကျေးရွာတို့အား ဆက်သွယ်ပေးမည့် ရွှေလီမြစ်ကူး တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မိမိမေးခွန်းတွင်ပါသည့် မြို့အမည်မန့်ဟျိုး(မန့်ဟီးရိုး)မြို့ကို ခေါ်ဆိုရ အဆင်ပြေစေရန် မူလမြို့အမည်ဖြစ်သည့် မန့်ဟီးရိုးမြို့ ဆိုသည့် အခေါ်ဖြင့်သုံးနှုန်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် မူဆယ်မြို့၊ မိုးကုတ်မြို့၊ ပါဆိုင်း(ဂျူဂို)မြို၊ မန့်ဟီးရိုးမြို့ဟူ၍ မြို့လေးမြို့ ရှိပါကြောင်း၊ ၎င်းမြို

(ဃ)-အင်းတော်မြို့နယ်တွင် သက်မွေးဝမ်းကျောင်း(ဘက်စုံသုံး)တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိမေးခွန်း၏ ရည်ရွယ်ချက်အကျဉ်းချုပ်နှင့် ဘက်စုံသုံးကျောင်းဖြစ်သည်ကို ရှင်းပြလိုပါကြောင်း၊ ကျေးလက်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရစေခြင်း၊ လုပ်ငန်းခွင်အခြေခံ ကျွမ်းကျင်သည့်လုပ်သား (Skilled Labou

(ဇ)-ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်း စနစ်ဖြစ်စေရန် မည်သို့ပညာပေး ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပြောကြားချက်အရ လူတွေသောက်သင့်သည့် ရေသန့်သည် အချက်လေးချက်နှင့် ညီညွတ်သင့်ပါကြောင်း၊ (၁) အဏုဇီဝပိုးမွှားဆိုင်ရာ ရှုထောင့် ကနေကြည့်ပါက လူတွေကို ဘေးဥပဒ်ဖြစ်စေမည့် ပိုးမွှားများ ပါဝင်ခြင်းမရှိစေရန်၊ နံပါတ်(၂) ဓာတ်သတ္တုဆိုင်ရာရှုထောင့်ကကြည့်မည်ဆိုပါက လူတွေအတွက် ကျန်းမာရေးကို အဆိပ်သင့် စေနိုင်သော ဓာတ်သတ္တ