(ခ)-နိုင်ငံတော်အစိုးရမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူ ဆောင်ရွက်ရာတွင်လွယ်ကူချော့မွေ့လျင်မြန်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်(Digital Payment System)ဖြင့် ပြောင်းလဲဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

လက်ရှိအခြေအနေအရမိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ်နှင့်မော်တော်ကားအသုံးပြုမှုနှုန်းထားများ တဖြည်းဖြည်းတိုးတက်များပြားလာပြီဖြစ်ပါကြောင်း၊ ထိုနည်းတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့်ယာဉ်များ၊ မှုခင်းဖြစ်ပွားသည့်ယာဉ်များလည်း နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရပါကြောင်း၊ မြို့ကြီးများတွင် နေ့စဉ်ရာဂဏန်း၊

(ဂ)-နှစ်ပေါင်း(၉၀)ကျော်သက်တမ်းရှိသည့်ဧရာဝတီမြစ်ကူးတံတားဖြစ်သော စစ်ကိုင်းတံတား(အင်းဝ)အားဆေးအသစ်သုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကို မီးရထားလမ်း၊ ကားလမ်းဆက်သွယ်ပေါင်းကူးပေးထားသည့် ဧရာဝတီမြစ်ကူးစစ်ကိုင်းတံတား(အင်းဝ)ကို ၁၉၂၇ ခုနှစ်တွင် အင်္ဂလိပ်အစိုးရ မြန်မာနိုင်ငံ၏ဘုရင်ခံ Sir. Harcourt Butler ကအုတ်မြစ်ချခဲ့သည်ဟု သိရပါကြောင်း၊ ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဘုရင်ခံ Sir.

(င)-Third Party များ၏ ဖွဲ့စည်းပုံတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် မည်သည့်မူဝါဒ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်နေသည်ကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

လက်ရှိပြည်သူ့အစိုးရလက်ထက် လေးနှစ်ကျော်ကာလအတွင်းတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး လမ်း၊ တံတား၊ အဆောက်အဦ စသည့်လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် မီးလင်းရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်းလုံးတွင်အကောင်အထည်ဖော်ပေးနေသည်မှာအားလုံးအသိဖြစ်ပါကြောင်း၊နှစ်စဉ်နိုင်ငံတေ

(ဃ)-ဆီဆိုင်မြို့နယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိနားလွယ်ရွာမှပန်းညင်၊ ဖိုင်ကွမ်း၊ ဖိုင်လင်းထိကျန်ရှိသောလမ်းပိုင်းနှစ်မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဆီဆိုင်မြို့နယ်တွင် မြို့ပေါ်ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ ခု၊ ကျေးရွာပေါင်း ၃၂၂ ရွာနှင့်ဖွဲ့စည်းထားပြီး လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျက်ရှိကြပါကြောင်း၊ နေထိုင်သည့်ပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြပြီး မွေးမြူရေးကို တစ်ပိုင်တစ်နိုင် တွဲဖက်လုပ်ကိုင်လျက်ရှိပါကြောင်း၊ ကျေးရွာတော်တော် အများစုသည် လမ်းပန်းဆက်သွယ်ရ

(ဈ)-နိုင်ငံတော်ဘဏ္ဍာငွေဖြင့်တည်ဆောက်ထားသော ကျေးရွာချင်းဆက်လမ်းများအား လမ်းအမျိုးအစား အလိုက် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြီးကြပ်ပေးရန်နှင့် ပျက်စီးသွားသောလမ်းများအား ပြုပြင် ထိန်းသိမ်းစရိတ်ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိ၏မဲဆန္ဒနယ်မြေသည် လူဦးရေ ၁၈၀,၀၀၀ ခန့် နေထိုင်ပြီး ကျေးရွာပေါင်း ၂၀၀ ခန့်ရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းလိုအပ်ချက်က မိုင် ၂၅၀ ခန့်ရှိမည်ဟု ယူဆရပါကြောင်း၊ လက်ရှိအသုံးပြု နေသည့် လမ်းအခြေအနေက မြေသားလမ်းပိုင်း ၁၂၀ ကျော်ခန့်နှင့် ကျောက်လမ်းမိုင် ၂၀ ခန့် လက်ရှိတည်ဆောက်ဆဲ ကတ္တရာလမ်း နှစ်မိုင်ခန့်ဖြစ်ပါကြောင်း၊ လူဦးရေအများဆုံးအသုံးပြုနေသည်မှာမြေ

(စ)-ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ် ထားသော ပင်ဖြစ်-တောင်ချွန်လမ်း ၁၁ မိုင်ကို အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ/မရှိကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စု ဆက်သွယ်သွားလာသော ပင်ဖြစ်-တောင်ချွန်လမ်းသည် ၁၁ မိုင်ရှိပြီး ၂၀၀၄-၂၀၀၅ ခုနှစ်မှစတင်၍ ၂၀၁၀ ခုနှစ်အထိ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်အလိုက် ကျောက်ကြမ်းလမ်း ငါးမိုင်ခန့်ဆောင်ရွက် ခဲ့သော်လည်း အဆိုပါလမ်းသည် ယခုအချိန်တွင်လုံးဝပျက်စီးယိုယွင်းနေပြီး မိုးတွင်းကာလများတွင် သွား

(ည)-ကျွန်းစုမြို့နယ်၊ အညင်းကျေးရွာနှင့် ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်ထားသည့် တံတား ၁၇၀၀ ပေအား မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းကိုမေးမြန်းရခြင်း အကြောင်းမှာတနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီး ကျေးရွာအုပ်စု အညင်းကျေးရွာ နှင့် ကျွဲခရံကျေးရွာ အုပ်စု ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်ထား သည့် ပေ ၁,၇၀၀ ရှိတံတား တစ်စင်းအား တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၃၀-၆-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁၇၅၄/၃၁၃တံတား(၃-၄)အဖရ/၂၀၁၅ အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေး

(ည)-ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာတွင် ကျေးလက်လမ်းကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မန်ကျည်းပင်ပုကျေးရွာသည် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အဆုံးစသည့်မြို့နယ်အဆုံးနှစ်ခုတွင်ရှိပြီး ပခုက္ကူမြို့မှခြောက်မိုင်ခန့်ကွာဝေးပါကြောင်း၊ လူဦးရေအားဖြင့် ၁,၀၀၀ ခန့်၊ အိမ်ထောင်စု ၁၂၆ စုနှင့် မှီခိုကျေးရွာ အုပ်စုနှစ်စုရှိပြီး ကျေးရွာရှစ်ရွာ ရှိပါကြောင်း၊ မန်ကျည်း ပင်ပုအုပ်စုတွင် နှောကုန်းကျေးရွာ၊ ဒေါင်းစာကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဆိပ