(ဈ)-နိုင်ငံတော်ဘဏ္ဍာငွေဖြင့်တည်ဆောက်ထားသော ကျေးရွာချင်းဆက်လမ်းများအား လမ်းအမျိုးအစား အလိုက် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြီးကြပ်ပေးရန်နှင့် ပျက်စီးသွားသောလမ်းများအား ပြုပြင် ထိန်းသိမ်းစရိတ်ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိ၏မဲဆန္ဒနယ်မြေသည် လူဦးရေ ၁၈၀,၀၀၀ ခန့် နေထိုင်ပြီး ကျေးရွာပေါင်း ၂၀၀ ခန့်ရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းလိုအပ်ချက်က မိုင် ၂၅၀ ခန့်ရှိမည်ဟု ယူဆရပါကြောင်း၊ လက်ရှိအသုံးပြု နေသည့် လမ်းအခြေအနေက မြေသားလမ်းပိုင်း ၁၂၀ ကျော်ခန့်နှင့် ကျောက်လမ်းမိုင် ၂၀ ခန့် လက်ရှိတည်ဆောက်ဆဲ ကတ္တရာလမ်း နှစ်မိုင်ခန့်ဖြစ်ပါကြောင်း၊ လူဦးရေအများဆုံးအသုံးပြုနေသည်မှာမြေ