Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးလှမြင့်ဦး သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များအား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးလှမြင့်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E.Mr. Christoph  Burgener အား ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာ ၁၄ ရက်နေ့ (၁၃း၃၀) နာရီ အချိန်တွင် လည်းကောင်း၊ နယူးဇီလန်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Bruce Shepheid ဦးဆောင်သော အဖွဲ့အား (၁၅း၀၀) နာရီအချိန်တွင် လည်းကောင်း၊ နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ရေးရာဆောင်၊ အဆောင်အမှတ် (၁) ဧည့်ခန်းမ၌ အသီးသီးလက်ခံတွေ့ဆုံ ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များနှင့် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။