Skip to main content

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် National Democratic Institute မှ Dr.Richard A. Nuccio, Senior Country Director နှင့် Mrs.Elizabeth Weir, Consultant in Parliamentary and political Party strengthening တို့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute  မှ Senior Country Director, Dr.Richard A. Nuccio နှင့် Mrs.Elizabeth Weir, Consultant in Parliamentary and political Party strengthening တို့အား ၂၀၁၄ခုနှစ် အောက်တိုဘာ ၂ ရက် ညနေပိုင်း (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင်  ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်နန်းဝါနု၊ ဦးသောင်း၊ ဦးစတီဖန်၊ ဦးခင်မောင်ညို၊ ဦးခင်မောင်ရွှေ၊ ဦးစိုးရယ်၊ ဦးစိုးစိုး၊ ဦးသိန်းထွန်းဦး၊ ဒေါက်တာ စိုးမိုးအောင်နှင့် ဦးအောင်မြသန်းတို့က လွှတ်တော်လုပ်ငန်းများတွင် ဥပဒေပြု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအထောက်အကူများပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။