Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင် အတွင်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ(၂၅)ရက် ညနေပိုင်းတွင် မုံရွာမြို့သို့ရောက်ရှိခဲ့ပြီး မုံရွာခရိုင်၊ မြို့တော်ခန်းမ၌ မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အား တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင်‌့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင်‌့၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင်‌့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ယခုကဲ့သို့ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များမှ စီမံခန့်ခွဲရေး ကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင်‌့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်‌့ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါကြောင်း၊ ယခုတွေ့ဆုံပွဲသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးလုပ်ဆောင်ပေးကြမည်ဖြစ်၍ အဓိပ္ပာယ် ပြည့်ဝ သည့် တွေ့ဆုံပွဲဖြစ်ပါကြောင်း။

အလျဉ်းသင်‌့၍ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေးစနစ်ကျင်‌့သုံးသည့် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်ကြီးဖြစ်အောင် မျှော်မှန်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၁၀ ခုနှစ် ၌ ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီ(၃၁)ရက်တွင် လွှတ်တော်များ စတင် ပေါ်ပေါက် လာခဲ့ပါကြောင်း၊ လွှတ်တော်က ပြည်ထောင်စုအစိုးရအဖွဲ့နှင်‌့ တရားရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ သို့ဖြစ်၍ လာမည့် ဇန်နဝါရီ(၃၁)ရက်တွင် လွှတ်တော်များ ပေါ်ပေါက်လာသည်မှာ (၃)နှစ် ပြည့်ပြီ ဖြစ်ပါကြောင်း။

ဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေးစနစ် ထူထောင်နိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ ကာ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလို ထူထောင်နိုင်ခြင်းကြောင့် ကမ္ဘာ အရပ်ရပ်၌ရှိသည့် အစိုးရ အသီးသီးက မြန်မာနိုင်ငံအပေါ် သဘောထားအမြင်များ ပြောင်းလဲလာပြီး အရေးယူပိတ်ဆို့မှုများ ကို ဖြေလျော့ပေးခဲ့သည်မှာ အားလုံးအသိပင် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပြီး ထိုရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု နိုင်ငံတကာက အသိအမှတ်ပြု ခဲ့ပါကြောင်း၊ ယနေ့ အချိန်အခါတွင် မြန်မာနိုင်ငံသားတစ်ဦး နိုင်ငံခြားသို့ သွားရောက်ပါက ဖော်ဖော်ရွှေရွှေ ဆက်ဆံလာကြသကဲ့ သို့ မြန်မာနိုင်ငံသို့လည်း နိုင်ငံတကာမှ ဧည့်သည်များ လာရောက်မှု ပိုမိုများပြားလာ ပါကြောင်း။

မိမိအနေဖြင်‌့ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာချိန်တွင် ပြည်ပနိုင်ငံအသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အဖွဲ့အစည်းများ၏ ဖိတ်ကြားမှုအရ နိုင်ငံတကာသို့ ရောက်ရှိခဲ့ပြီး နိုင်ငံတကာက ကျင်‌့သုံးလျက်ရှိသည့် ဒီမိုကရေစီစနစ်များ ကို လေ့လာခွင်‌့ရရှိခဲ့၍ ပိုမိုနားလည် သိရှိခဲ့ရပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင်‌့သုံးရာ၌ အခြေခံသဘောတရားခြင်း တူသော်လည်း တစ်နိုင်ငံနှင်‌့ တစ်နိုင်ငံ ကျင်‌့သုံးပုံခြင်း တူညီမှုမရှိပါကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အခြေ အနေ၊ ကိုယ့်သမိုင်းကြောင်းနှင်‌့ လိုက်လျောညီထွေဖြစ်သည့် ဒီမိုကရေစီစနစ်ကို ကျင်‌့သုံးခြင်းဖြင့် နိုင်ငံ များ ဖွံ့ဖြိုးတိုးတက်လျှက်ရှိနေသည်ကို တွေ့ရပါကြောင်း။

မိမိတို့နိုင်ငံတွင် အတိတ်သမိုင်းက ဆိုးဝါးခါးသီးသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အတိတ်ကာလ က ဖြစ်ပေါ်ခဲ့သည်များကို ဆင်ခြင်သုံးသပ် သင်ခန်းစာ ယူကြရမည်ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာတွင် အရှေ့အာရှ အလယ်ပိုင်းနှင်‌့ အာဖရိကတိုက်မှ နိုင်ငံအချို့တွင် အစိုးရနှင်‌့ ပြည်သူများအကြား မတည်ငြိမ်မှု များဖြစ်ပေါ်ပြီး ပြည်သူများ၏ အသက်စည်းစိမ် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများကို စိတ်မချမ်းမြေ့ ဖွယ် မြင်တွေ့နေရ ပါကြောင်း၊ ထိုဖြစ်စဉ် ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရေးအတွက် သင်ခန်းစာရယူ ဆောင်ရွက်သွားကြရ မည် ဖြစ်ပါ ကြောင်း။

မိမိတို့ လွှတ်တော်အတွင်း၌ နိုင်ငံရေးပါတီ(၁၈)ပါတီမှ ပြည်သူ့ကိုယ်စားလှယ်များ ရောက်ရှိနေကြပြီး နိုင်ငံတော်နှင်‌့ နိုင်ငံသားများ အကျိုးအတွက် ပါတီတစ်ခုနှင်‌့တစ်ခု ရန်ဖက်လိုသဘောမထားဘဲ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင်‌့ အမျိုးသား ပြန်လည်သင်‌့မြတ်ရေး အတွက် ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကိုးကွယ်သည်‌့ အယူဝါဒစွဲ မထားဘဲ ပါတီအချင်းချင်း လုပ်ဖော် ကိုင်ဖက်ဟု သဘောထား ဆောင်ရွက်နေပါကြောင်း။

ယခုအခါ ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သုံးသပ်ရာ၌ အချက် (၃) ချက်ကို အခြေခံစဉ်းစားရမည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ်ရေးနှင်‌့ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေဘဲ ပိုမိုကောင်းမွန်ဖြစ်ထွန်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင်‌့မြတ်ရေးနှင်‌့ တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေဘဲ ပိုမို ဖော်ဆောင်နိုင်ရေး၊ ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေးစနစ်ကို ပိုမိုအရှိန်အဟုန် ကောင်းမွန်စေရေး ဆို သည့် အချက်များပင်ဖြစ်ကြောင်း၊ နိုင်ငံတကာစံနှုန်းများကိုကြည့်ပြီး လောဘတကြီး မဆောင်ရွက်သင်‌့သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင်‌့သုံးသည်မှာ မကြာသေး၍ မပြင်ဆင်သင်‌့သေးဟုလည်း မခံယူသင်‌့ကြောင်း၊ ဆင်ခြင်တုံတရားဖြင်‌့ စဉ်းစားဆုံးဖြတ် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

မိမိတို့ ပြည်ထောင်စုလွှတ်တော်က ပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်ပေးနိုင် မည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းလျက်ရှိပါကြောင်း၊ ပြည်သူများ အမှန်တကယ်လိုအပ်သည့် ကိစ္စရပ် များ ဖြစ်သော သောက်သုံးရေရရှိရေး၊ ကျေးလက် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေးနှင်‌့ အခြားလိုအပ်သည့် ကိစ္စရပ်များကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်က မြို့နယ်တစ်မြို့နယ်လျင် ငွေကျပ် သိန်း (၁၀၀၀) နှုန်းဖြင်‌့ ဖွံ့ဖြိုးရေး ရန်ပုံငွေ ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီနှင်‌့ မြိ့နယ်စည်ပင်သာယာရေးကော်မတီ တို့သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ အခြေခံကျသည့် ယင်းအဖွဲ့အစည်းများ က ဖွံ့ဖြိုးရေးရန်ပုံငွေများကို စနစ်တကျသုံးစွဲ၍ ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို အမှန်တ ကယ်ဖော်ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များအပိုင်းက လည်း ပြည်သူ များ အကျိုးကို မြှင်‌့တင်ဖော်ဆောင်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြင်‌့ အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင်‌့ ပုလဲမြို့နယ်တို့မှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ က ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာ စကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၂၀၁၄ ဇန်နဝါရီ ၂၆