Skip to main content

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု မိုမိုတိုးတက်ခိုင်မြဲရေးဆွေးနွေး

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းသည် ဇန်နဝါရီ ၁၇ မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံအမျိုးသားလွှတ်တော်၏ နိုင်ငံခြားရေးနှင့်ပေါင်းစည်းရေး ဥက္ကဋ္ဌ H.E.Mr.AHN, Hong-Joon ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမို တိုးတက်ခိုင်မြဲရေး လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။