Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H. E. Ms. Riikka Laatu အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H. E. Ms. Riikka Laatu အား ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဖင်လန်-မြန်မာနှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သစ်တောရေးရာကဏ္ဍများ၊ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် နည်းပညာနှင့် အခြားအထောက်အပံ့များ ကူညီဆောင်ရွက်ပေးခြင်း၊ လွှတ်တော်၏ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၁၈  ရက်