Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Zahairi Baharim အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မလေးရှား-မြန်မာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ASEAN Inter-Parliamentary Assembly (AIPA) နှင့် Inter-Parliamentary Union (IPU) တို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ မြန်မာ-မလေးရှား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးကိစ္စရပ်များနှင့် အလုပ်သမားရေးရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ  ြပည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်