Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း Friedrich – Ebert – Stiftung (FES) ၏ Asia Pacific Department အကြီးအကဲ Mr.Marc Saxer ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

          ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည်     Friedrich– Ebert– Stiftung (FES) Asia Pacific Department အကြီးအကဲ Mr.Marc Saxer ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် FES မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသည့် ပညာပေး စွမ်းရည်ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ အနာဂတ်တွင် ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုအားကောင်းရန် နည်းပညာနှင့် သတင်း အချက်အလက် ကူညီပံ့ပိုးရန် FES ၏စီမံချက်များ၊ လယ်သမားနှင့် အလုပ်သမား ဥပဒေများ ပိုမိုကြံ့ခိုင်ရေးအတွက် ပညာပေးစွမ်းရည်မြှင့် သင်တန်းများပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဒေါ်နန်းမိုး၊ ဦးမျိုးဇော်အောင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်