Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား လွှတ်တော် အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြှင့်ရေး၊ ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှား-မြန်မာလွှတ်တော် ချစ်ကြည်ရေးအသင်း တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင်‌့လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်