Skip to main content
U Sai Thiha Kyaw

အမည်

ဦးစိုင်းသီဟကျော်

အခြားအမည်

စိုင်းဟပ်

လူမျိုး/ဘာသာ

ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/မရတ(နိုင်)၀၀၀၀၃၄

မွေးသက္ကရာဇ်/အသက်

၁၇-၁-၁၉၇၅/(၄၀)နှစ်

မွေးဖွားရာဇာတိ

လားရှိုးမြို့

ပညာအရည်အချင်း

B.Com

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုင်းကျော်ကျော်၊ AV-၀၆၅၅၂၇၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းစန်းညွန့်၊ ၁၃/မရတ(နိုင်)၀၀၂၃၃၇၊ပညာရေးဝန်ထမ်း(ငြိမ်း)

 

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

  ဒေါ်နန်းယဉ်ယဉ်ဦး၊ ၁၃/လရန(နိုင်)၀၈၆၃၂၈၊အရောင်းအဝယ်

 

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) စိုင်းနေထွဋ်ကျော်၊ ၁၃/မရတ(နိုင်) ၀၃၄၈၃၇၊ ကျောင်းသား

(၂)    စိုင်းနေလင်းဦး၊ ကျောင်းသား

 

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၀၃၃)၊ စကားဝါလမ်း၊ ရပ်ကွက်(၃)၊ မိုင်းရယ်မြို့

 

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၊(SNLD)ပါတီ

 

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊မိုင်းရယ်မြို့နယ်

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၈၀ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အ.ထ.က မိုင်းရယ်မြို့နယ်နှင့် အ.ထ.က(၁)လားရှိုးမြို့နယ်တို့တွင် သင်ကြားခဲ့ပါသည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်တွင် B.Com ဘွဲ့ကို ရရှိခဲ့ ပါသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ကမ္ဘောဇဘဏ်၊ လားရှိုးဘဏ်ခွဲတွင် အငယ်တန်းလက်ထောက်မှ လက်ထောက်ကြီးကြပ်ရေးမှူးအထိ လုပ်ကိုင်ခဲ့ပါသည်။
        ကြက်ခြေနီတပ်ဖွဲ့ဝင်၊ လူငယ်ဘင်ခရာတပ်ဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် ပြန်ကြားရေး၊ တွဲဖက် အတွင်းရေးမှူး၊ စည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် တယ်လီဖုန်းဖြစ်မြောက်ရေးကော်မတီတွင် စာရင်းစစ်အဖြစ်လည်း ကောင်း၊ မိုင်းရယ်မြို့နယ် လျှပ်စစ်မီးလင်းရေးကော်မတီ၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
        ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၅ ခုနှစ် မတ်လအထိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ပါတီ၊ မိုင်းရယ်မြို့နယ် အလုပ်အမှုဆောင်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ယနေ့အထိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် (SNLD)ပါတီ၊ မြို့နယ်အလုပ် အမှုဆောင်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။
        ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလအထိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်(အဖွဲ့ဝင်)၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ (အဖွဲ့ဝင်)၊ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံ ရခြင်းများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် (အဖွဲ့ဝင်)၊ ပြည်ထောင်စုလွှတ်တော် စီမံကိန်း၊ ရသုံးမှန်းချေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာစိစစ်ရေး ပူးပေါင်းကော်မတီ(အဖွဲ့ဝင်)များအဖြစ်လည်း ပူးတွဲတာဝန်ထမ်း ဆောင်လျက်ရှိပါသည်။
        လွှတ်တော်ကိုယ်စားလှယ်တာဝန်ဖြင့် ဂျာမနီနိုင်ငံသို့လည်းကောင်း၊   အရပ်ဖက်လူမှုအဖွဲ့အစည်းအစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ လည်းကောင်း သွားရောက်ခဲ့ပါသည်။