Skip to main content
U Mg Mg

အမည်

ဦးမောင်မောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ထခန(နိုင်)၀၂၄၆၂၄

မွေးသက္ကရာဇ်/အသက်

၁၇-၁၁-၁၉၆၆/(၄၉)နှစ်

မွေးဖွားရာဇာတိ

ကမ်းနီရွာ၊ထီးချိုင့်မြို့နယ်

ပညာအရည်အချင်း

B.Sc(Hons:)Chemistry

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်လှ၊ ၅/ထခန(နိုင်)၀၂၀၆၅၆၊ (ရဟန်းဝတ်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းညွန့်၊ ၅/ထခန(နိုင်)၀၂၀၆၅၇၊မှီခို

 

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးမြင့်မူ၊ ၉/မတရ(နိုင်)၀၄၄၅၅၉၊ဈေးသည်

 

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မခိုင်သဇင်မောင်၊ ၅/ထခန(နိုင်)၀၈၄၆၀၀၊ ကျောင်းသူ၊ (ပထမနှစ် အင်္ဂလိပ်စာ)

(၂) မရွှေရည်ဝင်း၊ ကျောင်းသူ(နဝမတန်း)

(၃) မဝိုင်းပြည့်ပြည့်ဟန်၊ ကျောင်းသူ(စတုတ္ထတန်း)

(၄)  မောင်ဘုန်းအံံ့မောင်

 

အမြဲတမ်းနေရပ်လိပ်စာ

ကမ်းနီကျေးရွာ၊ ထီးချိုင့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

 

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်

 

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ထီးချိုင့်မြို့နယ်

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၇၁ မှ ၁၉၈၀ ထိ အ-လ-က ကမ်းနီ၊ ၁၉၈၁ မှ ၁၉၈၃ ထိ အ-ထ-က(၁) ကသာတို့တွင် ပညာသင်ကြားခဲ့ပါသည်။ တက္ကသိုလ် ပညာရပ်ကို  ၁၉၈၄ မှ ၁၉၈၆ ထိ ရွှေဘိုဒေသကောလိပ်၊ ၁၉၈၆ မှ ၁၉၉၂ ထိ မန္တလေးတက္ကသိုလ်တို့တွင် ဆက်လက်သင်ကြားခဲ့ပါသည်။ ကမ်းနီတွဲဖက် အ-ထ-က တွင် လုပ်အားပေးကျောင်းဆရာ ပညာရေးဌာနတွင် လုပ်ကိုင်ခဲ့ပြီး ယခုလက်ရှိ ကုန်သည် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ ပြည်သူ့ ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ(ကမ်းနီ RHC)၊ မိဘဆရာ အသင်း ကမ်းနီ အ-ထ-ကတွင် အကျိုးတော်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။