Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိသျှပါလီမန်အမတ်အစိုရအဖွဲ့ဝင် ၀န်ကြီး ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိသျှပါလီမန်အမတ်အစိုရအဖွဲ့ဝင် ၀န်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ဌာန၀န်ကြီး H.E. Mr. Andrew John Bower Mitchell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့ဆန္ဒနှင့် မျှော်လင့်ချက်များကို လွှတ်တော်က အကောင်အထည်ဖော်ဆောင်ရွက် နေမှုများ၊ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃)ရက် ဟန်ချက်ညီစေရန် လွှတ်တော်က ကူညီပံ့ပိုးဆောင်ရွက်နေမှုနှင့် လွှတ်တော် ဥပဒေကြမ်းများရေးဆွဲနေမှုတို့ကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးပြောကြား ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍  ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ နှင့် အတွင်းရေးမှူးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Richard Heyn လည်း တက်ရောက်သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဗြိတိသျှပါလီမန်အမတ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး နိုင်ငံတကာသတင်းမီဒီယာအဖွဲ့က သိရှိလိုသည်များကို ရှင်းလင်းပြောကြားသည်။