Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တရုတ်နိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက်၊ ပြည်ထဲရေးရာနှင့် ဥပဒေရေးရာ ကော်မတီ ဒုတိယဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

           ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ ပြည်ထဲရေးရာနှင့် ဥပဒေ
ရေးရာကော်မတီ ဒုတိယဥက္ကဌ H.E. Mr. Bai Jingfu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

          ထိုသို့ တွေ့ဆုံရာတွင် တရုတ်-မြန်မာလွှတ်တော်များ၏ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လွှတ်တော်အနေဖြင့် တရားစီရင်ရေးနှင့်
ဥပဒေရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အနေဖြင့် ဥပဒေကြမ်းများ ရေးဆွဲတင်သွင်းနေမှုတို့
အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

          အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အတူ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်
ကြသည်။

 

          တွေ့ဆုံပွဲအပြီးတွင်တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပြည်သူ့လွှတ်တော်အတွင်း လှည့်လည်
ကြည့်ရှု့လေ့လာကြသည်။