Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့်ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ပေကျင်းမြူနီစီပယ် ကော်မတီအတွင်းရေးမှူး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နှင့်ပေါလစ်ဗျူရို အဖွဲ့ဝင်၊ ပေကျင်းမြူနီစီပယ်ကော်မတီအတွင်းရေးမှူး H.E. Mr. Liu Qi ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ
၂ နာရီတွင် နေပြည်တော်လွှတ်တော် အဆောက်အအုံရှိ ဇမ္ဗူသီရိဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ တက်ရောက်ကြကြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့်ပေါလစ်ဗျူရို အဖွဲ့ဝင်၊ ပေကျင်းမြူနီစီပယ်ကော်မတီအတွင်းရေးမှူး ဦးဆောင်
သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။