Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု ဝန်ကြီး လာရောက်တွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်နှင့်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဝန်ကြီး H.E. Mr. Erik Solheim နှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လွှတ်တော်အနေဖြင့် ပြည်သူတို့၏ မျှော်လင့်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာ အရေးကိစ္စရပ်များတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။