Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ပြင်သစ်နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

မြန်မာ-ပြင်သစ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး နိုင်ငံတော်၏ နိုင်ငံရေးပကတိ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြင်သစ် နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီး H.E. Mr. Alain Juppe ဦးဆောင်သည့်အဖွဲ့တို့ ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ အစည်းအဝေးဆောင် ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံရာသို့ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။