Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

မြန်မာ - ဂျပန် နှစ်နိုင်ငံအစဉ်အလာခိုင်မြဲခဲ့သည့် ချစ်ကြည်ရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်၊ နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး စီးပွားရေးရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Shinzon ABE ဦးဆောင်သည့် အဖွဲ့တို့ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိအစည်းအဝေး ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဌများ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။